ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်း‌တောင်မှာ စက်တင်ဘာ ၁၉ ရက်က တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်နေတယ်လို့ သိရပါတယ်။
ဆိုင်တောင်ရွာ ရပ်ကွက် ၃ နဲ့ ကျောက်သွေးတောင်ကို လေကြောင်းကနေ တိုက်လေယာဉ်နဲ့ ဗုံးတွေ လာရောက်ကြဲချပြီး ဖားကန့်တပ်မကုန်းကနေ စပေါ့ရွာကို လက်နက်ကြီးတွေ ပစ်ခတ်တဲ့အတွက် အရပ်သား ပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Lucky Man ဟိုတယ်မှာလည်း စစ်ကောင်စီတပ်သားတွေကို KIA ပူးပေါင်းတပ်တွေက ပိတ်ဆို့ထားတဲ့အတွက် ဟိုတယ်အတွင်း ပိတ်မိနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကော်သူးလေထိန်းချုပ်နယ်မြေ သောင်ရင်းမြစ်ရှိ စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့်ရဲဘော်ရဲဘက်များအတွက် ဂုဏ်ပြုပွဲကျင်းပ (ရုပ်/သံ)

ကော်သူးလေထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင်၊ တပ်မဟာ (၇)အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၈ ခုလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ တပ်ဗိုလ်၊ တပ်မှူးတွေနဲ့ ရဲဘော်ရဲဘက်တွေကို မေလ ၂၁ ရက်မှာ ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ပေးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ပြန်ထားပါတယ်။
Read More

သရက်ချောင်းတွင် စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ ၂ ရက်ဆက် တိုက်ပွဲဖြစ်၊ တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံးကာ စစ်သား ၉ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကျောက်လှေကားကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး တော်လှန်ရေးရဲဘော် ၂ ယောက် ကျဆုံးကာ စစ်သား ၉ ယောက် သေဆုံးခဲ့တယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

ရေးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ယာဉ်ကို ကြားဖြတ်တိုက်ခိုက်မှု ဗိုလ်ကြီး သော်ဇင်ထွန်းအပါအဝင် ၄ ဦး ဒဏ်ရာရ (ရုပ်/သံ)

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း စစ်ကွပ်ကဲရေးဌာနချုပ် စကခ ၁၉ ကနေ ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးသော်ဇင်ထွန်းအပါအဝင် ၄ ယောက် ဒဏ်ရာရရှိသွားခဲ့ တယ်လို့ ရေးပြောက်ကျားတပ်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးမြို့လယ်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စစ်ကောင်စီ မတရားဖမ်းဆီးထားသူများ လွတ်မြောက်ရေး လူထုသပိတ်ပြုလုပ် (ရုပ်/သံ)

မန္တလေးမြို့လယ်တစ်နေရာမှာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်အပါအဝင် အကျဉ်းချခံထားရသူတွေ လွတ်မြောက်စေရေး လူထုသပိတ်ပြု လုပ်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပေါက်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် သားတွေ တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီ ဝါရစ်ပိန်းတောပြင် စစ်ကောင်စီစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်၊ ဗိုလ်မှုးမြင့်ဝင်း အပါဝင် စစ်ကောင်စီတပ်သား (၂၀) ဦး သေဆုံး (ရုပ်/သံ)

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်နဲ့ ကျွန်းစုမြို့နယ်အစပ်မှာရှိတဲ့ ဝါရစ်ပိန်းတောပြင် စစ်ကောင်စီရှေ့တန်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မေလ ၆ ရက်၊ နံနက်ပိုင်းအစောပိုင်းအချိန်မှာ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်စီမံကွပ်ကဲ‌ရေးတပ်မှ အရာရှိ ဗိုလ်မှုးမြင့်ဝင်း အပါဝင် စစ်ကောင်စီတပ်သား (၂၀)ဦးသေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း - ၂ က ဒီကနေ့ ထုတ်ပြန်ပါတယ်။