ကချင်ပြည်နယ် ရွှေကူမြို့မှ ဗန်းမော်သို့ လာနေတဲ့ စစ်သင်္ဘော ၇ စီးအုပ်စုကို KIA၊ PDF ပူးပေါင်းတပ်တွေက စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ၆ စီး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

စစ်သင်္ဘောအုပ်စုကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ စီး နစ်မြုပ်သွားပြီး မြလယ် ရွာအနီးမှာ ၄ စီးဟာ မီးလောင်ပျက်စီးသွားကာ ၁ စီးသာ ဗန်းမော်သို့ ရောက်ရှိသွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်သင်္ဘောတွေ တိုက်ခိုက်ခံရတဲ့အတွက် စက်တင်ဘာ ၁၈ ရက် ညပိုင်း က ဗန်းမော်မြို့နယ် မြလယ်ကျေးရွာကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ ရပ်/ကျေး ပလဖ အပတ်စဉ်(၁) သင်တန်းဆင်းပွဲကျင်းပ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ‌ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ ရပ်/ကျေး ပလဖ အပတ်စဉ် (၁) သင်တန်း ဆင်းပွဲကို ဖေဖော်ဝါရီ ၂၂ ရက် ယနေ့နံနက်ပိုငး်က အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ Shwebo Crocodile တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မယ်ဆိုင်ချောင်းရေမြင့်တက်မှုကြောင့် တာချီလိတ်မြို့တွင် ရေကြီးနေပြီး လူအများအပြား အရေးပေါ်ရွှေ့ပြောင်းနေရ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေမြင့်တက်မှုကြောင့် ရှမ်းပြည်နယ် တာချီလိတ်မြို့ပေါ်မှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး လူအများအပြား အရေးပေါ်ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

PDF ထိန်းချုပ်နယ်မြေအတွင်း စားနပ်ရိက္ခာလာဝယ်သည့် ပြည်သူကို ရဲဘော်တစ်ယောက်က ဘယ်တော့မှ သေနတ်ပြောင်းလှည့်မှာ မဟုတ်ကြောင်း ရှင်းပြ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း စစ်အုပ်စုရဲ့ ပိတ်ဆို့ထားမှုကြောင့် စားနပ်ရိက္ခာပြတ်လပ်ကာ PDF ထိန်းချုပ်နယ်မြေအတွင်း လာဝယ်တဲ့ ပြည်သူလူထုကို PDF ရဲဘော်က သေနတ်ပြောင်း ဘယ်တော့မှ လှည့်မှာမဟုတ်ဘူးလို့ ရှင်းလင်းတင်ပြနေတဲ့ ရုပ်သံဖိုင်ကို KBL - PDF က ထုတ်ပြန်ခဲ့ပါတယ်။
Read More

ရွှေဂူနီဘုရားတွင် အထိုင်ချထားသော စစ်ကော်မရှင်တပ်သားများထံ ရိက္ခာလာပို့သည့်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်း အင်အား ၁၀၀ ခန့်ရှိတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကမ္မမြို့ပေါ်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ်ရှိ ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ RED GIANT တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီတပ်သားတွေကို ကိုကျော်သက်လင်းနဲ့ Black Panther Column ရဲဘော်တွေက လက်နက်ချအလင်းဝင်ရောက်ဖို့ ဖိတ်ခေါ် (ရုပ်/သံ)

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ရုပ်မြင်သံကြား CDM အရာရှိ ကိုကျော်သက်လင်းနဲ့ Black Panther Column ရဲဘော်တွေက စစ်ကောင်စီတပ်သားတွေ လက်နက်ချအလင်းဝင်ရောက် ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ "သင့်အသက်မဆုံးရှုံးခင် မှန်ကန်တဲ့လမ်းကိုရွေးချယ်ပါ။ စစ်ကောင်စီထံမှ ရုန်းထွက်ပြီး ကျားသစ်နက်စစ်ကြောင်းက သင့်ကို ကြိုဆိုလျှက်ရှိသည်''လို့ Black Panther Column မှ Facebook စာမျက်နှာမှရေးသားမျှဝေထားပါတယ်။