ဧရာဝတီတိုင်း မအူပင်မြို့မှာ ဒေသခံ ၉ယောက်ကို တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေမှာ စစ်သင်တန်း တက်ရောက်ခဲ့သူတွေဆိုတဲ့ စွပ်စွဲချက်နဲ့ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားပြီး သူတို့ထဲက တစ်ယောက်ကတော့ ညှင်းပန်းနှိပ်စက်ခံရမှုကြောင့် မနေ့က စက်တင်ဘာ ၁၉ ရက်မှာ သေဆုံးသွားပြီလို့ သိရပါတယ်။
အခုနောက်ပိုင်း အကြမ်းဖက်စစ်တပ်ဟာ လူငယ်တချို့ကို တော်လှန်ရေးအဖွဲ့တွေဆီမှာ စစ်သင်တန်းတက်လာတယ်ဆိုပြီး နာမည်စာရင်းတွေနဲ့တကွ လိုက်လံဖမ်းဆီးမှုတွေ ရှိနေပါတယ်။
“ဖမ်းဆီးတဲ့အချိန်မှာလည်း သေနတ်နဲ့ပစ်တာတွေ လုပ်ခဲ့တယ်။ အရပ်ဝတ်တွေ အရပ်ကားတွေနဲ့လာဖမ်းတော့ အနီးနားရှိတဲ့ အမျိုးသမီးတွေက ဘာမှန်းမသိဘဲ ပြေးပြေးပြေးလို့ အော်မိလို့ အမျိုးသမီး၂ဦးပါ အဖမ်းခံရတဲ့အထဲ ပါသွားတယ်” လို့ ဒေသခံတစ်ယောက်က ပြောပြပါတယ်။
“အခုသေဆုံးသွားတဲ့ကလေးကို မအူပင်မြို့ပြည်သူ့ဆေးရုံကြီးက ရင်ခွဲရုံထဲ ပို့ထားပြီး ဆေးရုံကြီးမှာ အကြမ်းဖက်စစ်တပ်က စစ်သားတွေ စောင့်နေတယ်။ ဆေးရုံကို ဘယ်သူမှအလာမခံတော့ဘဲ အကြမ်းဖက်စစ်တပ်က နေရာယူထားတယ်။ လူတစ်ယောက်ကို ကြက်ကလေး ငှက်ကလေး သတ်သလို သတ်နေကြတယ်။ ဘယ်လောက်တောင်ညှင်းပမ်းနှိတ်စက်ခံရမလဲမသိဘူး။ မအူပင်မှာ အခုတာဝန်ကျနေတဲ့တပ်က အရမ်းကိုဆိုးနေတယ်”လို့ အထက်ပါဒေသခံက ထပ်ပြောပါတယ်။
မအူပင်မြို့မှာ တာဝန်ကျနေတဲ့ စစ်တပ်ဟာ ရခိုင်ပြည်နယ်ကို ထုတ်နုတ်အင်အားနဲ့ စစ်ဆင်ရေးအပို့ခံထားရတဲ့တပ်ဖြစ်ပြီး မအူပင်၊ ဖျာပုံ၊ ကျိုက်လတ်မြို့နယ်တွေမှာ မြို့လုံခြုံရေးယူထားကြရတာဖြစ်ပါတယ်။ ဒါ့အပြင် မအူပင်မြို့မှာ အကြမ်းဖက်စစ်တပ်က အစဥ်အဆက် မွေးမြူထားတဲ့ သတင်းပေးတွေ၊ ပျူစောထီးအဖွဲ့ဝင်တွေ၊ ပြည်သူ့စစ်တွေနဲ့ ပူးပေါင်းပြီး မြို့နယ်အတွင်း ပေါ်တာဆွဲတာ၊ စစ်မှု့ထမ်းဥပဒေအကြောင်းပြကာငွေကြေးကောက်ခံတာတွေကို လုပ်ဆောင်နေတာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်၊
ပုံစာ – အကြမ်းဖက်စစ်ကောင်စီ တပ်သားတချို့ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ကျိုက်ထိုနှင့် ဘီလင်းမြို့နယ်သို့ စစ်ကောင်စီ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်

မွန်ပြည်နယ်၊ ကျိုက်ထိုနဲ့ ဘီးလင်းမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁ ယောက် ဒဏ်ရာရပြီး နေအိမ်နဲ့ ကုန်စုံဆိုင် ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းက ပြည်သူ​တွေရဲ့အ​ထောက်အပံ့နဲ့ သင်တန်းဆင်း ရဲ​ဘော်​တွေကို ယူနီဖောင်း ဆင်ပေးခဲ့…

တော်လှန်ပြည်သူ​တွေရဲ့ အ​ထောက်အပံ့နဲ့ စစ်သင်တန်းဆင်းမယ့် ရဲ​ဘော်​တွေကို ယူနီဖောင်းဝတ်စုံ ဆင်ပေးနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

စေတုတ္တရာတွင် စစ်အုပ်စုကို ၂ ရက်တာ ဒရုန်းဗုံးကြဲ၊ မိုင်းဆွဲတိုက်ခိုက်၊ စစ်အုပ်စုအဖွဲ့ဝင် ၂၀ ခန့် သေဆုံးကာ ဗိုလ်ကြီးအပါ အများအပြား ဒဏ်ရာရ

ကွေးတိုင်း၊ စေတုတ္တရာမြို့နယ်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ၂ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်မှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စေတုတ္တရာမြို့နယ် NUG ထံက သိရပါတယ်။
Read More

တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ​ပြည်သူ့တော်လှန်ရေးတပ်ဦးက ရဲဘော်ဝဿန်၏ (၂နှစ်)ပြည့် ဝမ်းနည်းခြင်းအခမ်းအနား…

ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ရဲ့ အဖိနှိပ်ခံလူထုလွတ်​မြောက်ရေးတိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ​ရဲဘော်ဝဿန်ရဲ့ (၂နှစ်)ပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကော့ကရိတ်မှာ စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ပြည်သူ ၁ ယောက် သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အခြေစိုက် စစ်ကောင်စီတပ်က ကမိုင်ကုန်းကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို)က ထုတ်ပြန်ထားပါတယ်။
Read More

စလင်း- စေတုတ္ထရာလမ်းပိုင်းရှိ ၁၈မိုင်စခန်းကုန်းကို PDF ပူးပေါင်းတပ်ရင်းများ သိမ်းပိုက်ရရှိ၊ စစ်သုံ့ပန်းနှင့် လက်နက်အချို့ရရှိပြီး စခန်းမီးရှို့နိုင်ခဲ့

မကွေးတိုင်း၊ စလင်း- စေတုတ္ထရာလမ်းပိုင်းကအကြမ်းဖက်စစ်ကောင်စီရဲ့ ၁၈ မိုင်စခန်းကုန်းကို သိမ်းပိုက်ရရှိထားကြောင်း ပါဝင်ခဲ့တဲ့ တပ်ရင်းအချို့က ဧပြီလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။