တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရင်း အရပ်သား ၂ ယောက်ကို မီးရှို့ရှင်းလင်းကာ ၉၅ ယောက်ထက်မနည်း ဖမ်းဆီးခဲ့ပြီး နေအိမ် ၄၀ ကျော် မီးရှို့ဖမ်းဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) ၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ (၉) ရက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက လိပ်ဥသောင်ကျေးရွာကို ဝင်ရောက်လာခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း၊ မဟာမိတ်တပ်တွေ ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ (၁၁) ရက်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်က လယ်ဖက်ကျေးရွာနဲ့ ကျောက်သင်္ဘောရွာတို့က ပြည်သူ (၄၅) ယောက်ခန့် ဖမ်းဆီးသွားခဲ့ပြီး စက်တင်ဘာလ(၁၄)ရက်မှာတော့ ဖော့ရွာအနီး မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းနဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ (၁၅) ရက်မှာတော့ (၅)မိုင်ကျေးရွာကို စစ်ကောင်စီတပ်တွေ အကြောင်းမဲ့ဝင်ရောက်ပြီး ပြည်သူနေအိမ် (၉) လုံး မီးရှို့ခဲ့သလို ပြည်သူ(၁၀) ယောက်ကိုလည်း ဖမ်းဆီးသွားခဲ့ပြီး စက်တင်ဘာ (၁၆) ရက်မှာတော့ ရှပ်ပုံကျေးရွာအုပ်စုကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းတို့ မီးလောင်အော်ကျေးရွာ၊ ရှပ်ပုံစံပြကျေးရွာတို့မှာ ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ (၁၈) ရက်မှာ အင်အား (၁၀၀) ကျော်ပါ အကြမ်းဖက်စစ်ကြောင်းဟာ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စုကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော)၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း၊ တော်လှန်ရေးမဟာမိတ်တပ်တွေက ခုခံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းဟာ ပြင်းငယ်ကျေးရွာ စာသင်ကျောင်းမှာ ဝင်ရောက်တပ်စွဲခဲ့ပြီး ပြင်းငယ်ကျေးရွာ၊ ရှပ်ပုံစံပြကျေးရွာတို့ရှိ ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းပြုလုပ်ခြင်း၊ နေအိမ်တွေ ဖျက်ဆီးခြင်း၊ နေအိမ်တွေကို ဖောက်ထွင်းပြီး အဖိုးတန်ပစ္စည်းတွေနဲ့ မော်တော်ယာဉ်တွေကို ခိုးယူသွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ တစ်နေကုန်ပြင်းထန်ခဲ့ပြီး ရဲဘော် (၁) ယောက် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီတပ်ကလည်း အများအပြားထိခိုက်နိုင်ပြီး အရေအတွက်ကို အတည်မပြုနိုင်သေးဘဲ စက်တင်ဘာ (၁၈)ရက် ညပိုင်းမှာတော့ စစ်ကောင်စီတပ်တွေက ပြည်သူ့ကာကွယ်ရေးတပ်တွေရှိတဲ့ မီးလောင်အော်ကျေးရွာကို ဝင်ရောက်သွားခဲ့ပြီး နေအိမ် (၃၁) လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့တဲ့အပြင် ရှပ်ပုံစံပြကျေးရွာရှိ နေအိမ်(၃)လုံးကိုလည်း မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ (၁၉) ရက် မနက်ပိုင်းမှာတော့ တော်လှန်ရေးတပ်တွေ နယ်မြေရှင်းလင်းချိန် ရှပ်ပုံစံပြကျေးရွာနဲ့ မီးလောင်အော်ကျေးရွာတို့မှာ မီးရှို့ထားတဲ့ ရုပ်အလောင်း(၂)လောင်းကို တွေ့ရှိခဲ့သလို စစ်ကောင်စီတပ်က ရှပ်ပုံစံပြကျေးရွာနဲ့ မီးလောင်အော်ကျေးရွာတို့က ပြည်သူအယောက် (၄၀) ထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ပုလောမြို့နယ်အတွင်း တိုက်ပွဲတွေ ပိုမို ပြင်းထန်စွာ ဖြစ်ပွားလာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိ အမြဲရှိဖို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေကို လေးလေးစားစား လိုက်နာပေးကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော) ၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ရွေးကောက်ပွဲကို မဖြစ်,ဖြစ်အောင် လုပ်မှာဖြစ်ကြောင်း မင်းအောင်လှိုင် ပြော၊ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများနှင့် နိုင်ငံရေးပါတီဝင်များ၏ လုံခြုံရေးကို အာမခံဟု ဆို

အကြမ်းဖက်စစ်ကော်မရှင်ဖွဲ့စည်းပြီး ၆ လအတွင်းမှာ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် လုပ်မယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဩဂုတ် ၁၂ ရက် မနေ့က ပြုလုပ်ခဲ့တဲ့ စစ်ကော်မရှင် အစည်းအဝေး မှာ ပြောဆိုလိုက်ပါတယ်။
Read More

ပေါင်းတည်မှာ စစ်မှုထမ်းစုဆောင်းနေတဲ့ သက်ငယ်မုဒိန်းမှုနဲ့ ထောင်ကျဖူးသူ အုပ်ချုပ်ရေးမှူးကို ရှင်းလင်း

ပဲခူတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြာနီကန်ကွက်သစ်မှာ ကြမ်းဖက်စစ်ကောင်စီခန့် ဇီးပင်လှအုပ်စု အုပ်ချုပ်ရေးမှူး ကိုသန်း (ခ) ငသန်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ PPDF တပ်ရင်းထံက သိရပါတယ်။ 
Read More

စစ်ကောင်စီ တပ်နဲ့ တိုက်ပွဲတွေထဲက အောင်ပွဲရခဲ့တဲ့ မှတ်တမ်းပုံရိပ်တွေကို Force for Federal Democracy ထုတ်ပြန်ဖော်ပြ… (ဓာတ်ပုံသတင်း)

ကရင်အမျိုးသားအစည်အရုံး / ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) ရဲ့စစ်ရေးဦးဆောင်မှုအောက်မှာ Force for Federal Democracy - FFD နဲ့ ပူးပေါင်း Drone အဖွဲ့တွေရဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေက အောင်ပွဲအချို့ရဲ့ မှတ်တမ်းပုံရိပ်တွေကို FFD က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ထားဝယ်မြို့အဝင်ရှိ ပေါက်တိုင်းတံတားဂိတ် တိုက်ခိုက်ခံရပြီး စစ်သားနှင့်ပျူ ၉ ဦး သေ၊ ၇ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင်က အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါက်တိုင်းတံတားဂိတ် ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီနဲ့ ပျူစောထီး ၉ယောက်သေဆုံးကာ ၇ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။
Read More

ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ ၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေး ရုံးအဖွဲ့က တာဝန်ခံအသီးသီးနဲ့ ပကဖ ရုံး လက်ရုံးတပ်ဖွဲ့တွေ စုပေါင်းပြီး ပကဖ ၃ နှစ်ပြည့်အခမ်းအနားကို နိုဝင်ဘာလ ၂၀ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

သပြေညွန့်စစ်စခန်းကို KNLA နှင့် PDF ပူး​​ပေါင်းတပ်များ သိမ်းပိုက်ရရှိ၊ မျက်မြင် စစ်ကောင်စီအလောင်း ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၇၃ တပ်ရင်း လက်အောက်ခံ သပြေညွန့်စခန်းကို ၃ ရက်ကြာတိုက်ခိုက်ပြီးတဲ့နောက် တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။