ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း – 3702 (PDF) တပ်ရင်းအနေနဲ့ စိုးမိုးနယ်မြေဒေသတွေအတွင်း ရေဘေးအန္တရာယ် ကျရောက်နေတဲ့ ကျေးရွာတွေ ၊ ရေဘေးရှောင်နေကြတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေကို အားပေးစကားပြောကြားခြင်း ၊ အခြေခံစားသောက်ကုန်တွေ သွားရောက်ကူညီပေးခြင်းတွေကို တပ်ရင်း တာဝန်ရှိသူတွေနဲ့ တပ်ဖွဲ့ဝင်ရဲဘော်တွေက ကွင်းဆင်းကူညီဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အခုကာလဟာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ သဘာဝဘေးအန္တရာယ်(ရေဘေး)နဲ့ ရင်ဆိုင်နေရတာကြောင့် ပြည်သူလူထုအနေနဲ့ တတ်နိုင်သမျှ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ကြဖို့နဲ့ သတိပြုသွားလာနေထိုင်ကြပါဖို့ ပဲခူးခရိုင်အမှတ် ၂ တပ်ရင်းက တိုက်တွန်းထားပါတယ်။
0 Shares:
You May Also Like
Read More

တောင်သာမြို့ပေါ်ရှိ မြေစာရင်းရုံး၊ အခွန်ရုံး၊ အမှတ် ၂ ရပ်ကွက်နှင့် ဇဂျမ်းစစ်ကောင်စီဂိတ်တို့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့ပေါ်ရှိ စစ်ကောင်စီရဲ့ မြေစာရင်းရုံး၊ အခွန်ရုံး၊ အမှတ်(၂)ရပ်ကွက်နဲ့ တောင်သာမြို့ အနောက်ဘက်အထွက်ရှိ ဇဂျမ်းဂိတ်စခန်းတို့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NUG ၏ အထူးတိုင်းစစ်ဌာနဆိုတာ ဘာလဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ အခြေပြု ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF နည်းဗျူဟာတွေ၊ တပ်ရင်း/တပ်ဖွဲ့တွေ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေနဲ့ အထူးတိုင်းစစ်ဌာနကို ဖွဲ့စည်းလိုက်ပါတယ်။
Read More

အလင်းဝင်စစ်သားတွေကို သွားရောက်ခေါ်ထုတ်ချိန် စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ အလင်းဝင်သူ ၃ ယောက်နဲ့ နေပြည်တော် ပကဖ အဖွဲ့ဝင် ၁ ယောက် ကျဆုံး

အကြမ်းဖက်စစ်ကောင်စီတပ်ကနေ ပြည်သူ့ရင်ခွင် ခိုလှုံလာမယ့် အလင်းဝင်စစ်သားတွေကို သွားရောက်ခေါ်ထုတ်ချိန် စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ အလင်းဝင်သူ ၃ ယောက်နဲ့ ပကဖ အဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့- နေပြည်တော်က ထုတ်ပြန်ထားပါတယ်။
Read More

အုတ်တွင်းတွင် ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ တပ်ခွဲမှူးနှင့် ရဲဘော်ကို စစ်ကောင်စီ ဖမ်းဆီးထား

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်မှာ ပစ္စည်းသွားသယ်တဲ့ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့က တပ်ဖွဲ့ဝင် ၂ ယောက်ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားကြောင်း သာယာဝတီခရိုင်၊ အမှတ် (၁) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရွာငံတွင် စစ်အုပ်စုက အနီရောင်အဆင့်သတ်မှတ်ပြီး စစ်ကြောင်းများခွဲထိုးနေ၊ ကြံ့ခိုင်ရေးပါတီကလည်း ရွေးကောက်ပွဲအတုအတွက် စည်းရုံးရေးဆင်းဖို့ ပြင်ဆင်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အင်အားထောင်ချီဖြည့်ပြီး စစ်ကြောင်းတွေထိုးနေသလို အတုအယောင် ရွေးကောက်ပွဲဝင်ရောက်မယ့် ကြံ့ခိုင်ရေးအမတ်တွေလည်း စည်းရုံးရေးဆင်းဖို့ ပြင်ဆင်နေကြောင်း ရွာငံစစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

ဩစတြေးလျမှာ ပြုလုပ်တဲ့ Kachin IDP Fundraising Concert ကို NUG လူ့အခွင့်အရေး ဒုဝန်ကြီး တက်ရောက်ခဲ့

သြစတေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်မှာ ကချင်အဖွဲ့အစည်း (KAV) က ကြီးမှူးကျင်းပပြုလုပ်ခဲ့တဲ့ Kachin IDP Fundraising Concert ကို  နိုဝင်ဘာလ ၂ ရက်က ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဒုတိယဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်ခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။