မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်အုပ်စုလော်ဘီတွေရဲ့သတင်းပေးမှုကြောင့် ကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က အရာရှိ ၁ယောက်အပါအဝင် ၁၀ယောက်နီးပါးသေဆုံးခဲ့ကြောင်း Aung San’s Land အဖွဲ့ထံက သိရပါတယ်။
စက်တင်ဘာ ၁၆ရက်နေ့က နတ်မောက်မြို့နယ်၊ ကန်သာကျေးရွာထဲ ဝင်ရောက်စစ်ကြောင်းထိုးပြီး အရပ်သားပိုင် ကြက်၊ ဝက်၊ ​ပဲ၊ နှမ်း၊ ဆန်၊ အဝတ်အထည်စတာတွေ ခိုးယူနေတဲ့အကြမ်းဖက်စစ်တပ်ကို ရွာအဝင်မှာရော ရွာအထွက်မှာပါ Aung San’s Land တပ်ဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“ကန်သာရွာကိုစဝင်တော့ ကျနော်တို့ 40မမ နဲ့ပစ်ခတ်လို့ ဗုံးသီးစ လည်ပင်းထိပြီး စခတစ်ယောက်ထမ်းလာရတယ်။ အဲ့ဒါသူတို့ ကန်သာရွာကနေ အရပ်သားပိုင်ပစ္စည်းတွေ ယူလာပြီးအပြန် ထန်းပင်မြောင်ရွာအထွက်မှာ ကျနော်တို့က ၄၀မမတွေ၊ လက်နက်ငယ်တွေနဲ့လိုက်ပစ်ခဲ့ပါတယ်။ အဲ့မှာထမ်းစင်ပေါ်ကတင်လာတဲ့လူနာကို ပစ်ချပြီး ကျနော်တို့ကို ဆဲဆဲဆိုဆို ပြန်ပစ်ပါတယ်။ အဲ့လူနာကတော့သွေးထွက်လွန်ပြီးဆုံးတာပေါ့။” လို့ Aung San’s Land အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
အဲ့ဒီတာဝန်ရှိသူကပဲ “အမှန် ပြည်သူတွေ အေးအေးချမ်းချမ်းနေတဲ့ရွာကို စခလော်ဘီ ကျော်စိုးဦးက PDF တွေ ဘန်ကာဆောက်ပြီး အခိုင်အမာတပ်စွဲထားတယ်။ လက်နက်စက်ရုံတွေရှိတယ်။ အမြန် ချေမှုန်းမှရမယ်ဆိုပြီးလော်လို့ စစ်ကြောင်းထိုးတာပါ။” လို့ ပြောပါတယ်။
နှစ်ဖက်ပစ်ခတ်မှုတိုက်ပွဲထဲ သေဆုံးခဲ့တဲ့ အရာရှိ၁ယောက်နဲ့ တပ်သား၁ယောက်ကို တိုက်ပွဲနေရာမှာပဲ မြုပ်နှံခဲ့သလို ကျန်၁ယောက်ကလည်း နတ်မောက်ဆေးရုံကတဆင့် မကွေးဆေးရုံဆီပို့ဆောင်နေချိန် သေဆုံးခဲ့ကြောင်းသိရပါတယ်။
ဒါ့အပြင် ဒဏ်ရာပြင်းထန်တဲ့ တပ်သားအဆင့်ရှိသူတွေကိုလည်း အချင်းချင်းပြန်ပစ်သတ်ကာ တိုက်ပွဲနေရာမှာပဲ မြုပ်နှံထားခဲ့ကြောင်းနဲ့ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေဆီက မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံးတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ကိုလည်းသိမ်းဆည်းရမိခဲ့ကြောင်း Aung San’s Land အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
“NUG ကိုတပ်ရင်းတင်ထားပြီး လက်နက်ချပေးဖို့တောင်းဆိုထားပေမယ့်လည်း တစ်စုံတစ်ရာအကြောင်းပြန်တာမျိုးမရှိသေးပါဘူး။ ကျနော်တို့မှာ လူအင်အားများပြီး လက်နက်တပ်ဆင်ခြင်းမရှိရင် ကြာရင်ရဲဘော်တွေလည်း စိတ်ဓာတ်ကျပြီး တောင့်ခံနိုင်ဖို့ အတော်လေးခဲယဥ်းတဲ့အနေအထားပါ။ လက်နက်သာ ချပေးရင် တခြားမြို့တွေနည်းတူ မြို့သိမ်းအထိပါ တိုက်နိုင်တဲ့အနေအထားရှိပါတယ်” လို့ Aung San’s Land အဖွဲ့တာဝန်ရှိသူက သူတို့ကြုံနေရတဲ့ အဓိကအခက်အခဲနဲ့ ပတ်သက်ပြီးတော့လည်းပြောခဲ့ပါတယ်။
ပုံစာ – Aung San’s Land တပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးရွာကို စစ်ကောင်စီလေကြောင်းမှဗုံးကြဲလို့ အရပ်သား ပြည်သူ ၁၀ဦးထက်မနည်း သေဆုံးခဲ့ရ

ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲလို့ အရပ်သားပြည်သူ ၁၀ဦးထက်မနည်း သေဆုံးကြောင်း ဒေသခံတွေထံက သိရပါတယ်။ တိုက်ပွဲဖြစ်ပွါးခြင်း မရှိဘဲ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုကြောင့် ကလေးငယ်နဲ့အမျိုးသမီးများအပါအဝင်ဒေသခံ ၁၀ ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိတယ်လို့ သိရပါတယ်။
Read More

မသဥ္ဇာဟိန်း ကျဆုံးခြင်း လေးနှစ်ပြည့် အခမ်းအနားကို ကနီမြို့နယ်ကျောင်းသားများသမဂ္ဂက ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းရှိ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး မသဥ္ဇာဟိန်း ကျဆုံးခြင်း လေးနှစ်ပြည့်အခမ်းအနားကို မတ်လ ၂၈ ရက် မနေ့က ကနီမြို့နယ်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပဲခူးခရိုင်တပ်ရင်း (၄) ၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ၊ တပ်စုဖွဲ့တည်ထောင်ခြင်းနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနား (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ (၂၀)၊ ပဲခူးခရိုင်တပ်ရင်း (၄) ရဲ့ အပတ်စဉ်(၁/၂၀၂၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ၊ တပ်စုဖွဲ့တည်ထောင်ခြင်းနဲ့ လက်နက်တပ်ဆင်ခြင်း အခမ်းအနား ပုံရိပ်တွေကို တောင်ပိုင်းစစ်ဒေသက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကုလသမဂ္ဂ အကူအညီပေးရေး အကြီးအကဲ ယနေ့ မြန်မာပြည်လာမည်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လူသားချင်းစာနာမှုရေးရာနှင့် အရေးပေါ်အကူအညီပေးရေး ညှိနှိုင်းရေးမှူး Tom Fletcher ဟာ မြန်မာနိုင်ငံကို ဧပြီလ ၄ ရက် သောကြာနေ့မှာ ရောက်ရှိမယ်လို့ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောပါတယ်။ 
Read More

ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးခဲ့ရသည့်ပြည်သူများနှင့် နှစ်ရှည်စစ်ရှောင်စခန်းကို ထောက်ပံ့ကူညီမှုများ ပြုလုပ်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ပြည်သူတွေနဲ့ ကာလကြာရှည်စစ်ရှောင်နေရတဲ့ နှစ်ရှည်စစ်ရှောင်ပြည်သူတွေကို ဩဂုတ်လအတွင်း ထောက်ပံ့ကူညီမှုတွေ သွားရောက်ပြုလုပ်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် လက်တစ်ဆုပ်စာ ဗိုလ်ချုပ်ကြီးများ၏ အကျိုးစီးပွားကို ကာကွယ်နေမည့်အစား လက်နက်ချအလင်းဝင်ကြရန် KNLA သတိပေးတိုက်တွန်း

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ လက်တစ်ဆုပ်စာ ဗိုလ်ချုပ်ကြီးတွေရဲ့ အကျိုးစီးပွားကို ကာကွယ်နေမယ့်အစား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တပ်ဖွဲ့ထံ အလင်းဝင်ကြဖို့ KNLA ဌာနချုပ်က သတိပေးတိုက်တွန်းလိုက်ပါတယ်။