ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါမြို့နယ်နဲ့ နောင်ချိုမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ပြည်သူကို ဦးတည်ကာ လေကြောင်းကတဆင့် နေ့စဥ် လာရောက်ဗုံးကြဲနေပြီး လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေရာ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၁၉ ရက်​ ဒီနေ့ နေ့လည်ပိုင်းမှာ အချိန် ၁ နာရီခွဲခန့်အတွင်း အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ (၃) ကြိမ်လာရောက်ကာ လူအများအပြား သေကြေပျက်စီးစေနိုင်တဲ့ ပေါင် (၅၀၀)​ ဗုံးအပါအဝင် ဗုံး (၁၁) လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး တပ်စခန်းနေပါ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့လိုဗုံးကြဲတိုက်ခိုက်မှုတွေဟာ သီပေါမြို့နယ်၊ ကွန်ကျုံးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ ထိမှန်ပျက်စီးစေခဲ့တယ်လို့ သိရပါတယ်။
နောင်ချိုမြို့နယ်မှာလည်း စက်တင်ဘာလ ၁၉ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က Y12 လေယာဥ်နဲ့ ဗုံးအလုံး (၆၀)ကျော် လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ ဘူတာရုံ၊ ဓမ္မာရုံအနောက်ဘက်၊ ငှက်ပျော်ခြံနဲ့ မြို့မဈေးအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်နဲ့ ဆိုင်ခန်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဟာ TNLA အုပ်ချုပ်နေတဲ့ မြို့တွေ ဖြစ်တဲ့ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနဲ့ နမ့်ခမ်းမြို့တွေမှာ အရပ်သားပစ်မှတ်တွေ ဦးတည်ကာ နေ့စဥ်လာရောက်ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကိုင်းမှာ စစ်ကားတွေ ဘရိတ်ပေါက်ပြီး ခရီးသွားကားနှင့် လယ်ထွန်စက်ကို ဝင်တိုက်မိ၊ စစ်သား ၄ ဦးနှင့် အရပ်သား ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ ဘရိတ်ပေါက်လာတဲ့ စစ်ကောင်စီကားတွေက အရပ်သားကားတွေကို ဝင်တိုက်မိပြီး စစ်သား၄ယောက်နဲ့ အရပ်သား ၂ ယောက် သေဆုံးခဲ့ကြောင်း The Voice Of Wetlet Madayar အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်တပ်အတွက် အသွင်ယူ သတင်းပေး​နေတဲ့ ပျူ ၁ယောက် ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်ကောင်စီအတွက် အသွင်ယူသတင်းပေးနေတဲ့ ပျူစောထီးတစ်ယောက်ကို သွားရောက် ပစ်ခ​တ်ရှင်းလင်းခဲ့ကြောင်း Dragon Brothers (GBK-PDF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပခုက္ကူတပ်မ ၁၀၁ ကို လက်နက်ကြီး ပစ်ခတ်မှုအတွင်း တော်လှန်ရေးရဲဘော်များ ပိတ်ဆို့တိုက်ခိုက်ခံရပြီး ၁ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တပ်မ ၁၀၁ ကို ၆၀ မမ လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ချိန် စစ်ကောင်စီတပ်ရဲ့ မြေပြင်ဝေဟင်ပိတ်ဆို့ခံရပြီး ‌ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Burma Revolution Rangers အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ ထုတ်လုပ်တဲ့ MTX-1A နှင့် MTX-1B လေယာဉ်တွေ စစ်ရေးမှာ ဘယ်လောက်ထိ အသုံးဝင်နိုင်လဲ

စစ်ကောင်စီဟာ ၇၇ ကြိမ်မြောက် လေတပ်နှစ်ပတ်လည်နေ့မှာ သူတို့ ထုတ်လုပ်ထားတယ်ဆိုတဲ့ ကင်းထောက်လေယာဉ် MTX-1A နဲ့ MTX-1B ၂ စီး အပါအဝင် တခြားလေယာဉ်တွေနဲ့အတူ တပ်တော်ဝင်ခဲ့ပါတယ်။
Read More

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က (၇၀) ခန့် သေဆုံးပြီး (၂၇၅) ယောက် ပျောက်ဆုံးကာ (၂၂၅) ယောက် ထိခိုက်ဒဏ်ရာရ၊ အလင်းဝင်ရောက်လာသူ (၄၈) ယောက် ရှိပြီး စစ်သုံ့ပန်း (၁၀၂) ယောက် ဖမ်းဆီးရမိကာ လက်နက်မျိုးစုံ ၄၀၀ ကျော် သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့ကို ဩဂုတ်လ (၁၅) ရက်က စတင်တိုက်ခိုက် သိမ်းပိုက်ရာ အောက်တိုဘာလ (၈) ရက်နေ့မှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့မှုနဲ့ ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

US ရှိ မြန်မာသံရုံးနှင့် တရုတ်သံအမတ် နေအိမ်ရှေ့တွင် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့် ဆန္ဒပြ (ဓာတ်ပုံသတင်း)

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးနဲ့ တရုတ်သံအမတ်ကြီးနေအိမ်ရှေ့မှာ အ​မေရိကန်ရောက် မြန်မာပြည်သူတွေက မြန်မာပြည် တစ်ကျော့ပြန် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်အဖြစ် ဆန္ဒပြခဲ့ကြပါတယ်။