စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့ပေါ်က စစ်ကောင်စီ အထိုင်ချတပ်စွဲထားတဲ့ နေရာတွေကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတွေထိခိုက်မှုတွေရှိနိုင်ကြောင်း Freedom Revolution Force ပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။
စက်တင်ဘာ၁၇ရက်က ဒီပဲယင်းမြို့ပေါ်မှာရှိတဲ့ ကံပြားရွာ ပုပ္ပါရုံဘုန်းတော်ကြီးကျောင်း၊ ဇွဲတိုက်၊ ရွှေဇာလီဘုရား၊ အထကကျောင်းနဲ့ ကုန်းသာဦးဘုရားစတဲ့နေရာတွေထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တစ်ချိန်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
“စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့ နေရာ၅နေရာထဲက ကံပြားရွာ ပုပ္ပါရုံဘုန်းတော်ကြီးကိုတိုက်တဲ့အခါ အင်အား၂၀လောက်ရှိတဲ့ စခတွေဟာ အထိအခိုက်​များစွာနဲ့ ​ဆုတ်ခွာထွက်ပြေးကုန်ပါတယ်။ ရွှေဇာလီကုန်းပေါ်လည်း လက်နက်ကြီး၄၀မမတွေနဲ့ ပစ်တာ၊ ထိခိုက်ဒဏ်ရာရတဲ့ စခတွေကို သယ်ပြီးစာသင်ကျောင်းဘက်ပြန်ဆုတ်ကြပါတယ်။ စခအထိခိုက်ကတော့ တော်တော်များများရှိပါတယ်။ တိတိကျကျတော့ မသိနိုင်သေးပါဘူး” လို့ Freedom Revolution Force ပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။
ဒီပဲယင်းမြို့ပေါ်တိုက်ပွဲမှာ Freedom Revolution Force (FRF)နဲ့အတူ ​ဒီပဲယင်းမြို့နယ်ပကဖ (တိုက်နယ် (၅) )နဲ့ Burmese Guerrilla Force (GBF) ပူးပေါင်းအဖွဲ့တွေက ပါဝင်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။
မြို့ပေါ်ကို အခုလို ဝင်မတိုက်ခင်တစ်ရက်အလိုကလည်း ဗိုလ်ကျားကြီး အဖွဲ့က ဒီပဲယင်း မြို့နယ်ထဲမှာရှိတဲ့စစ်ကောင်စီစခန်း ၄​ နေရာလောက်ကို ဒရုန်းနဲ့ ဗုံးသီး ၆လုံးကြဲပြီးတိုက်ခိုက်ခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ၁၈ရက်၊ မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေက ဒီပဲယင်းမြို့ကို ၃ရက်ကြာတိုက်ခိုက်ပြီးမြို့ကို ထိန်းသိမ်းနိုင်ခဲ့ပေမယ့်လည်း စစ်ကောင်စီရဲ့ထိုးစစ်ကြောင့်နာရီပိုင်းအကြာမှာပဲ ပြန်လည်ဆုတ်ခွာခဲ့ရတာဖြစ်ပါတယ်။
ဒါ့အပြင် အဲ့ဒီမြို့သိမ်းတိုက်ပွဲထဲ နိုင်ငံရေးအကျဉ်းသားတချို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေကယ်ထုတ်နိုင်ခဲ့ပါသေးတယ်။
ဒီပဲယင်းမြို့နည်းတူ စစ်ကိုင်းတိုင်းထဲက ကန့်ဘလူမြို့နယ်မှာလည်း လည်မ ကျေးရွာကို တော်လှန်ရေးတပ်တွေက စက်တင်ဘာ ၁၇ရက်နေ့ကစလို့ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီက လေကြောင်းကနေ အဆက်မပြတ်ခုခံနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဒီပဲယင်းမြို့ပေါ် က စစ်ကောင်စီတပ်စွဲရာနေရာတွေကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

မင်းကင်းမြို့နယ် ရွှေမျှောလုပ်ငန်းနေရာကို စစ်တပ် လေကြောင်း ဗုံးကြဲမှုကြောင့် ဒေသခံ ၂ ဦး သေဆုံး၊ ၁၀ ဦးကျော် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ရွှေမျှောလုပ်ငန်းနေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ မင်းကင်း နွေဦးတော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ဆယ်ဝရွာတွင် စစ်ရှောင်ပြည်သူများ ရွာထဲပြန်ဝင်ပြီး ရက်ပိုင်းအကြာ လေကြောင်းတိုက်ခိုက်ခံရ၊ ၅ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့ပိုင်းကို အကြမ်းဖက်စစ်ကော်မရှင်တပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ‌ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ကြောင်း နယ်ခံတွေဆီက သိရပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်အတွင်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူ ၅ ယောက်ကို သတ်ဖြတ်ခဲ့

စစ်ကောင်စီက တစ်ပတ်အတွင်းမှာ တောင်ပိုင်းစစ်ဒေသထဲက အပြည့်မဲ့ပြည်သူ ၅ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရှေ့တန်းကို စစ်ဆင်ရေးထွက်ဖို့ ပြင်ဆင်နေတဲ့ 96 Soldiers PDF ရဲဘော်များ… (ဓာတ်ပုံသတင်း)

96 Soldiers PDF (တောင်ပိုင်းတိုင်းစစ်ဒေသ) အနေနဲ့ ရှေ့တန်းရဲဘော်တွေကို ပြန်အနားပေးပြီး နောက်တန်းကျန်ရှိ ရဲဘော်တွေက ရှေ့တန်းတစ်လှည့်ထွက်ဖို့ ပြင်ဆင်နေတဲ့ပုံရိပ်တွေကို ထုတ်ပြန်လာပါတယ်။
Read More

ရာမညမွန်တပ်တော်က ရုံးသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော်က ရုံးသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ၂ နှစ်အရွယ် ကလေးငယ် သေဆုံး၊ ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ၂ နှစ်အရွယ် ကလေးငယ် တစ်ယောက် သေဆံဒးခဲ့ပြီး ပြည်သူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။