တနင်္သာရီတိုင်း မြိတ်မြို့ကနေ ထားဝယ်မြို့ကို လေယာဉ်ဆီတင်ဆောင်လာတဲ့ ရေယာဉ် ၂ စီးကို ထားဝယ်မြစ်အတွင်း လောင်းလုံးပြည်သူ့ကာကွယ်ရေး (ပကဖ)ရဲဘော်တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ Launglone People Defence Force- LLPDF အဖွဲ့ထံက သိရပါတယ်။
ရေယာဉ်တွေမှာ စစ်ကောင်စီတပ်သား ၄ ယောက်အစောင့်လိုက်လာပြီး တိုက်ခိုက်မှုကြောင့် ရေယာဉ်တွေဟာ အရှိန်တင်ကာ မောင်းနှင်ထွက်ပြေးသွားတဲ့အတွက် ထိခိုက်မှုမရှိရသေးဘဲ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မင်းကင်းမြို့နယ် ပကဖအင်အားစုဖွဲ့လေ့ကျင့်ရေးနှင့် မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် ပကဖ အင်အားစုဖွဲ့လေ့ကျင့်ရေးနဲ့ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၁၁ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ တောင်ညိုဆည်မကျီုးပင်ဂိတ်ကို တော်လှန်ရေးတပ်များ နယ်မြေရှင်းလင်းရေး (ရုပ်/သံ)

ပဲခူးတိုင်း နတ်တလင်းမြို့နယ်အတွင်းမှာ အင်အား ၂၀ ခန့်နဲ့ တပ်စွဲထားတဲ့ တောင်ညိုဆည် မကျီးပင်ဂိတ်ကို အကြမ်းဖက်စစ်သားတွေ စွန့်ခွာထွက်ပြေးသွားတဲ့အတွက် နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးရဲဘော်များထံက သိရပါတယ်။
Read More

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ အညာစစ်ဒေသအတွက် တပ်သားများ ခေါ်ယူ (ရုပ်/သံ)

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) က အမှတ် (၃၀၈) အညာစစ်ဒေသအတွက် တပ်သားသစ်များ စိစစ်ရွေးချယ်ခေါ်ယူသွားမယ်လို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှတစ်ဆင့် ပြည်သူများထံ အသိပေးထားပါတယ်။
Read More

အောင်လံမြို့နယ်မှာ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ လိုက်ထရပ်ယာဉ်မိုင်းဆွဲခံရပြီး ၇ ယောက်သေကာ အများအပြားဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း အောင်လံမြို့နယ်မှာ အောက်တိုဘာ ၂၇ ရက်က အကြမ်းဖက်စစ်သား ၂၅ ယောက် လိုက်ပါစီးနင်းလာတဲ့ လိုက်ထရပ်ယာဉ်ကို ကြူဝပ်/ကျောက်ပုံကျေးရွာနဲ့ သံပုရာခုံကျေးရွာအကြားမှာ တော်လှန်ရေးအင်အားစုတွေက မိုင်းဆွဲပြီး လက်နက် ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၇ ယောက်သေပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ် လို့ သရက်ခရိုင် အမှတ် - ၁ တပ်ရင်းထံက သိရပါတယ်။
Read More

ဂိတ်ချ ပိုက်ဆံတောင်းနေသည့် ရဲ ၂ ယောက် တိုက်ခိုက်ခံရပြီး ၂ယောက်လုံး သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မလှိုင်မြို့နယ် လက်စွေ့ရွာမှာ ဂိတ်ချပြီး လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ယောက်ကို မတ်လ ၁၂ ရက် မနေ့က တိုက်ခိုက်ခဲ့ရာ ၂ ယောက်လုံးသေပြီး သေနတ် ၂ လက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီး PDF ထံက သိရပါတယ်။
Read More

ဆားတောင်က စစ်ကောင်စီတပ်သားတွေ အခြေစိုက်ရာ နေရာကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ရှိ အကြမ်းဖက် စစ်သားနဲ့ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်တပ်ဘက်မှ ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Royal Falcon Guerrilla Force တပ်ဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။