စစ်ပွဲတွေ ဖြစ်ပေါ်နေတဲ့ ဒေသတွေမှာ ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် သတိပြုလိုက်နာရမယ့် ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ဖို့ အချက်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
စစ်ပွဲတွေ ဖြစ်ပေါ်နေတဲ့ ဒေသတွေမှာ ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေက ဘေးကင်းလုံခြုံကြောင်း ကြေညာပြီးမှသာ နေရပ်ပြန်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။
ရေကြီးရေလျှံမှုကြောင့် တောင်ပြိုခြင်း၊ မြေပြိုခြင်းတွေ ဖြစ်ပေါ်ကာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ အန္တရာယ်ရှိပစ္စည်းတွေ နေရာရွေ့သွားပြီး ပေါက်ကွဲစေနိုင်လို့ သတိပြုဖို့ အချက်တွေကို အောက်ပါအတိုင်း တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
၁။ ရေအောက်ကို သေချာရှင်းလင်းစွာ မမြင်ရရင် မလိုအပ်ဘဲ လမ်းမလျှောက်ပါနဲ့။
၂။ လေးလံတဲ့ ပစ္စည်းတွေကို မြေကြီးပေါ်ချတဲ့အခါ မြေပြင်ကို ဘေးကင်းကြောင်း သေချာစစ်ဆေးပြီးမှ ချထားပါ။
၃။ မိမိ မသွားရောက်ဖူးတဲ့ နယ်မြေတွေကို နယ်မြေကျွမ်းကျင်သူမပါဘဲ သွားခြင်းမှ ရှောင်ကျဉ်ပါ။
၄။အမျိုးအမည်မသိတဲ့ သံသယဖြစ်ဖွယ်ပစ္စည်းတွေကို တွေ့ရှိခဲ့ရင် ကိုင်တွယ်ကြည့်ရှုခြင်းက ရှောင်ကျဉ်ပါ။
၅။ အကယ်၍ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ တွေ့ရှိခဲ့ရင် တာဝန်ရှိသူတွေကို ချက်ချင်းအကြောင်းကြားပါ။
၆။ ကလေးသူငယ်တွေကို အန္တရာယ်ရှိတဲ့နေရာနဲ့ ဝေးရာမှာ ထားပါ။
၇။ အန္တရာယ်ရှိကြောင်း အခြားသူတွေကို သတိပေးပါ။
၈။ အကယ်၍ မိမိရှေ့မှာ မတော်တဆ ထိခိုက်မှုတွေ ဖြစ်ပေါ်လာရင် အရေးပေါ်ကူညီကယ်တင်ပေးနိုင်ဖို့ ရှေးဦးသူနာပြုစုနည်းတွေကို လေ့လာထားပါ။
0 Shares:
You May Also Like
Read More

PLA ထိန်းသိမ်းထားသည့် ဆင် ၁၃၈ ကောင်ထဲက အကောင် ၆၀ ကို TNLA လွှဲပြောင်းတာဝန်ယူ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာရှိတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှာ ဆင်အကောင်ရေ ၁၃၈ ကောင်နဲ့အတူ ဆင်ဦးစီးမိသားစုဝင်တွေကို ထိန်းသိမ်းထားရှိရာကနေ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ထံ ဆင်အကောင် ၆၀ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ဒုတပ်ကြပ်တစ်ဦး KPLA ထံ လက်နက်နဲ့ အလင်းဝင်

မန္တလေးတိုင်း၊ မိတ္ထိလာမြို့နယ်၊ အကြမ်းဖက်စစ်တပ်ရဲ့ အမှတ် ၁ ရှေ့တန်းအခြေချ ထောက်ပံ့နဲ့ ပို့ဆောင်ရေးတပ်ရင်း ရထပ (၁) က ဒုတပ်ကြပ်တစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီပြည်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - ကလလတ တပ်ရင်း ၉၄၂၅ (KPLA -B 9425) က ထုတ်ပြန်ထားပါတယ်။
Read More

ဖားဆောင်း အခြေစိုက် ခလရ (၁၃၄) ကို ကရင်နီတပ်ပေါင်းစု သိမ်းပိုက်ထားဟု ဆို

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် ခလရ (၁၃၄) ကို ကရင်နီတပ်ပေါင်းစုက ဇူလိုင်လ အစောပိုင်းက သိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ကလေးက စစ်တပ်ဂိတ်တွေကို အသေခံဒရုန်းတွေနဲ့တိုက်ခိုက်လို့ စစ်ကောင်စီဘက်က ၆ ဦး ဒဏ်ရာရ

ကလေးမြို့နယ်၊ ဇင်းဂလင်းရွာနဲ့ ထိုမာရွာမှာရှိ တဲ့စစ်တပ်ဂိတ်တွေကို အသေခံ အရုန်း တွေနဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်တပ်ဘက်မှ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း  ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထုတ်ပြန်ပါတယ်။
Read More

စလင်းမှာ စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်၊ ကျပ်သိန်း ၅၀ ဆုချီးမြှင့်

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

သီပေါမြို့အဝင် မုခ်ဦးကို သျှမ်းအလံတော်မှ တအန်းအလံသို့ TNLA က ပြောင်းလဲလိုက်မှုအပေါ် ကန့်ကွက်ကြောင်း သျှမ်းကျောင်းသားသမဂ္ဂ ထုတ်ပြန် 

သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်က သျှမ်းအလံတော်နဲ့ သျှမ်းဘာသာစကားတို့ပါရှိတဲ့ မြို့အဝင် မုခ်ဦးကို တအန်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က တအန်းအမျိုးသားအလံ ပုံစံနဲ့အရောင်တို့ကို အစားထိုးပြီး သျှမ်းစာရေးထိုးထားတာတွေကို ဖျက်ဆီးထားမှုအပေါ် ကန့်ကွက်ကြောင်း သျှမ်းကျောင်းသားသမဂ္ဂက ထုတ်ပြန်လာပါတယ်။