ကရင်နီဒေသက ရေဘေးသင့်ပြည်သူတွေအတွက် Karenni Nationalities Defense Force B – 05 (ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း ၅) က ရဲဘော်တွေက Lose and Hope အဖွဲ့သားတွေနဲ့အတူ သွားရောက် ကူညီထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
စစ်ဘေးကြားက ရေဘေးကို ကူရပြန်တဲ့ ရဲဘော်တွေဟာ အိမ်နဲ့အဝေးမှာ တိုက်ပွဲဝင်တာက ပြည်သူတွေ လွတ်မြောက်ဖို့ ဖြစ်ပြီး ပြည်သူတွေ ဒုက္ခရောက်ချိန်မှာ ကူညီပံ့ပိုးခဲ့တာဖြစ်တယ်လို့ KNDF တပ်ရင်း ၅ က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – KNDF ဗဟိုထောက်/ပို့ဌာန – Logistics Unit ၏ Facebook စာမျက်နှာမှ

0 Shares:
You May Also Like
Read More

ရွေးကောက်ပွဲအတု ဆန့်ကျင်ရန် ရွှေဘို-မန္တလေး လမ်းမပေါ်တွင် လှုံ့ဆော်

အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို လက်မခံ ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” စာသားပါ ဆိုင်းဘုတ်တချို့ကို စစ်ကိုင်းတိုင်း၊ ရွှေဘို-မန္တလေး လမ်းမပေါ်မှာ သွားရောက် ချိတ်ဆွဲစိုက်ထူခဲ့ကြောင်း ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။
Read More

နမ့်ဆန်မြို့နယ်ကို စစ်တပ်ဗုံးကြဲမှုကြောင့် ကလေးငယ်အပါ ၆ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ယောက် အပါအဝင် ဒေသခံ ၆ ယောက် သေဆုံးခဲ့တယ်လို့ နယ်မြေခံတွေထံက သိရပါတယ်။
Read More

အိမ်​ခြေ ၁၇၀ နီးပါးရှိတဲ့ မင်းပလောင်ရွာကို စစ်တပ် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့၊ ဒေသခံတွေ အရေးပေါ် အကူအညီ လိုအပ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက အိမ်ခြေ ၁၇၀ ကျော်ရှိတဲ့ မင်းပလောင်ကျေးရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရပြီး စားဝတ်နေရေး ဒုက္ခရောက်နေကြရတယ်လို့ ရွာငံဒေသခံတွေဆီက သိရပါတယ်။
Read More

ရသေ့တောင်မြို့နယ်တွင် စစ်တပ် ဗုံးကြဲမှုကြောင့် ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်ကို အကြမ်းဖက်စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် ကြေညာထားသည့် စစ်ကောင်စီ နောင်ချိုမှာ ဒရုန်း၊ ဂျက်ဖိုက်တာများဖြင့် လာရောက်ဗုံးကြဲ

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက် သတ်မှတ်ကြေညာထားပေမယ့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ တောင်လှရွာနဲ့ ဂေါ်ရခါးရွာကို ဒရုန်း၊ ဂျက်ဖိုက်တာတို့နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ဗန်းမောက်တွင် မြေပြင်ဝေဟင် ထိုးစစ်ဆင်လာသည့် စစ်တပ်နှင့် SNA အား တော်လှန်ရေးတပ်များ ခုခံတိုက်ခိုက်၊ စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုများ ရှိပြီး အသေခံဒရုန်း ၃ စင်းကို တော်လှန်ရေးတပ်များ ရရှိ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်နဲ့ စစ်တပ်လက်ဝေခံ SNA တပ်တွေက လေကြောင်းကတဆင့် ဗုံးကြဲတိုက်ခိုက်ရင်း တော်လှန်ရေးတပ်တွေရှိရာနေရာအထိ တိုးကပ်လာတာကြောင့် ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။