ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ တိုင်းသတင်းရဲတပ်ဖွဲ့ဝင် အချင်းချင်းစကားများရာက တပ်ကြပ်ကြီးအဆင့်ရှိတဲ့ ရဲက ဓားနဲ့ထိုးလို့ တိုင်းရဲတပ်ဖွဲ့ ဒုရဲမှူးအဆင့် သေဆုံးပြီး ရဲအရာရှိ​ ၂ယောက်ပါ ဓားဒဏ်ရာတွေ ရရှိသွားကြောင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
တိုင်စာကိစ္စကြောင့် အငြင်းပွားစကားများရာကနေ အခုလို အချင်းချင်း ဓားထိုးမှု ဖြစ်ပွါးခဲ့ပြီး ဒုရဲမှူးအဆင့်ရှိသူ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
“သတင်းကိုတော့ အပြင်မထွက်အောင် ဖုံးဖိထားကြတယ်။ ဖြစ်တာက စက်တင်ဘာလ ၁၈ရက် မနက်ပိုင်းမှာ ဖြစ်သွားတာ။ လူသေတဲ့အဆင့်ထိဖြစ်တာဆိုတော့ ဖုံးဖိထားလည်း အကုန်သိမှာပဲ”လို့ ပုသိမ် သတင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူက မောင်းကိုပြောပါတယ်။
“သေသွားတဲ့ ဒုရဲမှူးက အောင်ကိုမင်း။ ဒုရဲမှူးကြီး နေအောင်လင်းနဲ့ ဒုရဲမှူး ဇော်မင်းတို့ကတော့ ဓားဒဏ်ရာတွေရရှိသွားတယ်” လို့ အထပ်ပါ သတင်းရင်းမြစ်က ထပ်ပြောပါတယ်။
ဓားနဲ့ထိုးခဲ့တဲ့ ရဲသတင်းတပ်ဖွဲ့ တပ်ကြပ်ကြီးက ပုသိမ်မြို့နယ်အတွင်း လောင်းကစားဝိုင်း၊ မူးယစ်ဆေး၊ သစ်မှောင်ခို စတဲ့ကိစ္စတွေမှာ ငွေကြေးအမြောက်အမြား တောင်းယူကာ ရဲတပ်ဖွဲ့ဂုဏ်သိက္ခာကျအောင် လုပ်နေတယ်ဆိုပြီး ရဲတပ်ဖွဲ့ဝင်အချင်းချင်း တိုင်ကြားမှုကြောင့် စစ်ဆေးမြေမြန်းဖို့ စကားအခြေအတင် ပြောဆိုရာကနေ အခုလို ဓားထိုးမှု ဖြစ်ပွါးခဲ့တာပါ။
ဓားနဲ့ထိုးတဲ့ ရဲတပ်ကြပ်ကြီးကိုတော့ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – အကြမ်းဖက်ရဲတပ်ဖွဲ့ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ငလျင်မလှုပ်ခင် မိနစ်ပိုင်းအလို စက်တပ်လေထီး ဗုံးကြဲလို့ ထမင်းစားနားနေသည့် အမျိုးသမီး အလုပ်သမား ၃ ဦး သေဆုံး၊ ၇ ဦး  ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မတိုက်နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တိုင်းရင်းဆေးဝါးစက်ရုံကို အကြောင်းမဲ့ စက်တပ်လေထီး Paramotor နဲ့ ဗုံးကြဲတိုက်ခိုက်ရာ ထမင်းစားနားနေတဲ့ အမျိုးသမီးအလုပ်သမား ၃ ယောက် သေဆုံးကာ ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

Urban Operation Column ၏ 7 july ​အောက်​မေ့ဖွယ်အခမ်းအနား

၆၃ နှစ်ပြည့်​ 7 July ​အောက်​မေ့ဖွယ်အခမ်းအနားကို ဇွန်လိုင်လ ၇ ရက် ဒီနေ့ မနက်ပိုင်းမှာ ကရင်နီပြည်နယ်ရှိ တပ်ရင်းရုံး စခန်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ Urban Operation Column က ထုတ်ပြန်ပါတယ်။
Read More

ကရင်နီမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ မရောက်အောင် စစ်ကောင်စီ ကန့်သတ်ထိန်းချုပ်နေ

ကရင်နီဒေသထဲကို လူသားချင်းစာနာထောက်ထားမှုအကူအညီများ မရောက်ရှိအောင် စစ်ကောင်စီက လုပ်ဆောင်နေကြောင်း  ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IECက ဒီနေ့ အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား ၂ ဦး၏ ရုပ်အလောင်း တွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသား ၂ ယောက်ရဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ငလျင်ဘေးအတွက် ပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ဖော်ဆောင် ရန်ပုံငွေ – စာနာသင်္ကြန် ကိုရီးယားမှာ ပြုလုပ်ရာ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး တက်ရောက်

ကိုးရီးယားသမ္မတနိုင်ငံ၊ ဘူဖြောင်းဘူတာရှေ့မှာ ငလျင်ဘေးအတွက် ပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ဖော်ဆောင် ရန်ပုံငွေ - စာနာသင်္ကြန်ကို ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းမြို့နယ်က ငလျင် ဘေးဒဏ်သင့် အိမ်ထောင်စု (၅၀၀) ကို မြို့နယ် ပကဖ ရိက္ခာ‌ ထောက်ပံ့

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းက ငလျင်ဘေးဒဏ်သင့် အိမ်ထောင်စု (၅၀၀) ကို စစ်ကိုင်းမြို့နယ် ပကဖ က ရိက္ခာ ထောက်ပံ့သွားမယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။