အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးအထူးတင်းကျပ်ထားတဲ့ ရန်ကုန်မှာ တိုက်ပွဲဝင်အလံတွေနဲ့ မီးတုတ်တွေ ကိုင်စွဲပြီး အကြမ်းဖက်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ဆန္ဒပြတဲ့ ပြောက်ကျားလူထုသပိတ်ကို ဒီနေ့ ညပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
“ရေဘေးမကူတဲ့ စကစ ပြည်သူအားနဲ့ ဆန့်ကျင်ကြ” ၊ “ ကုန်စျေးနှုန်းများကျဆင်းရေး တို့အရေး” နဲ့ “စစ်မှုထမ်းဥပဒေ အလိုမရှိ” စတဲ့ ကြွေးကြော်သံတွေကို ဆန္ဒပြတော်လှန်လူငယ်တွေ ဟစ်ကြွေးပြီး ပြဿနာတွေရဲ့ လက်သည်တရားခံ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် လူထုသပိတ်ကို ရန်ကုန်မြို့ ကားလမ်းမကြီးတစ်ခုပေါ်မှာ သပိတ်အင်အားစုတွေနဲ့ ပြည်သူတွေ ပူးပေါင်းချီတက်ခဲ့တာပါ။
ပြောက်ကျားသပိတ် စတင်တာနဲ့တပြိုင်တည်းမှာပဲ လမ်းဘေးဝဲယာက ပြည်သူတွေ ပူးပေါင်းဝန်းရံခဲ့ကြပြီး ယာဥ်ကြောပိတ်ဆို့မှုတွေ မိနစ်ပိုင်းကြာ ဖြစ်ပွားခဲ့တယ်လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ဆိုပါတယ်။
အထွေထွေကျပ်တည်းမှုတွေနဲ့အတူ တစ်ပြည်လုံး ရေဘေး ကူညီကယ်ဆယ်ရေးတွေမှာ တာဝန်မဲ့ ပျက်ကွက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို လူငယ်သပိတ်ကော်မတီ​(YSC) ၊ ရွှေပြည်သာ သပိတ်ကော်မတီ (SPTSC)၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY) တို့က ပြည်သူတွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

အရာတော်နယ် မူကြိုကျောင်းကို စစ်တပ်က ဗုံးကြဲ၍ ကလေးအပါ ၂ ဦး သေဆုံးပြီး ၃ ထက် မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း ၊ အရာတော်နယ်က မူကြိုကျောင်းကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲခဲ့လို့ ကလေးအပါ နှစ်ယောက်သေဆုံးပြီး ၃ ထက် မနည်းဒဏ်ရာ ရရှိခဲ့တယ်လို့ Northwest Plains Revolutionary Forces - NPRF ဆီက သိရပါတယ်။
Read More

မြိတ်-ထားဝယ်ခရိုင်မှာ ပြုလုပ်တဲ့ KNU ရဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေး သင်တန်း

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြိတ်−ထားဝယ်ခရိုင်မှာ စက်တင်ဘာလ ၂၃ ရက်ကနေ ၂၉ ရက်အထိ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေး သင်တန်းကို ကျင်းပပြုလုပ်ခဲ့တယ်လို့ KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ဖြူးမြို့နယ်က စစ်ကောင်စီတပ်စွဲထားရာနေရာတွေကို ဒရုန်းနဲ့ တိုက်ခိုက်ရာ ၆ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းနဲ့ ရွာမဘုန်းကြီးကျောင်းတွေမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၆ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မြန်မာစစ်တပ်အရာရှိ ၂၂ ဦးကို အာဂျင်တီးနားတရားရုံး ဖမ်း၀ရမ်းထုတ်

အာဂျင်တီးနားနိုင်ငံတရားရုံးက အာဏာလုစစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုစစ်ခေါင်းဆောင် စိုးဝင်းနဲ့ မြန်မာစစ်တပ်က ထိပ်တန်းအရာရှိ ၂၁ ယောက်ကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် ဖမ်း၀ရမ်းထုတ်လိုက်တယ်လို့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ - BROUK က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

VPN ဝန်ဆောင်မှုပေးခြင်းကို ထောင် ၆လအထိ အရေးယူနိုင်မည့် ဆိုင်ဘာလုံခြုံရေးဥပဒေ စစ်ကောင်စီ ပြဋ္ဌာန်း အသက်သွင်း

ခွင့်ပြုချက်မရှိဘဲ VPN ၀န်ဆောင်မှုပေးခြင်း အပါအဝင် အင်တာနက်အသုံးပြုရာမှာ ပိတ်ဆို့ကန့်သတ်အရေးယူနိုင်မယ့် ဆိုင်ဘာလုံခြုံရေးဥပဒေကို စစ်ကောင်စီက မနေ့က ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင် အသက်သွင်း အတည်ပြုလိုက်ပြီဖြစ်ပါတယ်။
Read More

မွန်လူငယ်နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကနေ ဘုံသဘောတူညီချက် ထုတ်ပြန်

"ဒီလိုပွဲတွေက မွန်လူငယ်တွေ ကြားထဲမှာ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ တခြားဒေသနဲ့စာရင် မွန်တွေက ဘာမှမလုပ်ဘူးဆိုပြီး ဖြစ်တယ်ပေါ့နော်။ တကယ်တော့ အဲ့လိုမဟုတ်ပါဘူး။ တော်လှန်ရေးအစပိုင်းမှာ မွန်လူငယ်တွေကို ဦးဆောင်မှုပိုင်း ကောင်းကောင်းမပေးနိုင်ခဲ့တာပါ။ ဘာလုပ်ရမှန်းမသိ လမ်းပျောက်သွားကြတယ်ပေါ့နော်။ တချို့ကလည်း နိုင်ငံခြားထွက်သွားတယ်။ အခုတော်လှန်ရေးမှာ ပညာတတ်လူငယ်တွေ လိုအပ်လာတော့ သူတို့အနေတဲ့ ဒီကိုလာဖို့က ခက်သွားပြီ။ အဲဒီတော့ ဒီလိုလူငယ်တွေ တော်လှန်ရေးမှာ ပြန်ပြီး ပါ၀င်နိုင်ဖို့က ဒီလိုဆွေးနွေးပွဲတွေကနေပဲ ဆွဲခေါ်ရမှာဖြစ်တယ်။ နောက်ထပ်လည်း ဒီလိုဆွေးနွေးပွဲတွေ ထပ်လုပ်သွားဖို့ရှိပါတယ်။"