မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ဖို့ပြင်ဆင်နေတဲ့ Dark Shadow (ရန်ကုန် မြို့ပြပြောက်ကျားအဖွဲ့) အဖွဲ့ဝင် ၂ယောက် ဖမ်းဆီးခံလိုက်ရကြောင်း Dark Shadow အဖွဲ့က ထုတ်ပြန်ပါတယ်။
လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ မှော်ဘီလေတပ်စခန်းကို တိုက်ခိုက်ဖို့ပြင်ဆင်နေချိန်မှာ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ရန်ကုန်မြို့က စစ်ကောင်စီအခြေစိုက်ရာနေရာတွေကို မကြာခဏတိုက်ခိုက်လေ့ရှိတဲ့ Dark Shadow အဖွဲ့ဝင်တွေ အနေနဲ့ Mission တွေလုပ်ဆောင်ရင်း ဒါဟာ ဒုတိယအကြိမ်မြောက် ဖမ်းဆီးခံရခြင်းလည်း ဖြစ်ပါတယ်။
မှော်ဘီလေတပ်စခန်းကို တိုက်ခိုက်ဖို့ပြင်ဆင်နေချိန် ဖမ်းဆီးခံရတဲ့ ၂ယောက်နဲ့ အတူရှိနေခဲ့တဲ့ အဖွဲ့သားတွေကတော့ လွတ်မြောက်နယ်မြေတစ်နေရာကို အချိန်မှီ ရောက်ရှိသွားတယ်လို့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဘက်ကတော့ ဖမ်းဆီးခံထားရသူတွေရဲ့ နာမည်နဲ့ ကိုယ်ရေးအချက်အလက်တွေကို ထုတ်ပြန်လာခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က အမှတ် (၃) သန်လျင်တံတားဖွင့်ပွဲ တက်ရောက်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို လုပ်ကြံဖို့ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရသူတွေအထဲက Dark Shadow အဖွဲ့ဝင် ၂ယောကိဟာလည်း စစ်ကြောရေးမှာ အသက်ဆုံးရှုံးခဲ့ရပါတယ်။
0 Shares:
You May Also Like
Read More

ယခုနှစ် ၉ လအတွင်း အကြမ်းဖက်စစ်တပ်မှအလင်းဝင်သူ၊ လက်နက်ချသူနှင့် စစ်သုံ့ပန်း ၂၀၀၀ ကျော်ရှိဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။
Read More

ပဲခူးရိုးမထဲကို စစ်ကူလာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံး

“တကယ်တော့ သူတို့က တပ်ကျိုးသွားတယ် ပြောရမယ် စစ်ကြောင်းစတက်လာကတည်းက မုက္ခာဆည်မှာ ရေဆင်းကူ;တဲ့ စခ ၁ကောင် မြွေကိုက်သေပြီး ၁ကောင်က ရေနစ်သေထားတာ အဲ့တာကို အင်အားထပ်ဖြည့်ပြီး တက်လာတာ… အဲ့တာကို စောင့်ကြိုတိုက်ပါ”
Read More

ယာယီအပစ်ရပ်မည်ဟု ကြေညာထားသည့် အကြမ်းဖက်စစ်အုပ်စုက ကချင်ပြည်နယ်အတွင်းမှာ စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးပစ်တာ နဲ့ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေ 

အကြမ်းဖက်စစ်အုပ်စုက အပစ်ရပ်စဲကြောင်း မနေ့က ကြေညာချက်ထုတ်အပြီး ဒီနေ့မနက်ပိုင်းမှာ ကချင်ပြည်နယ်အတွင်း စစ်ကြောင်းထိုးတာ ၊ လက်နက်ကြီးပစ်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ KIO ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က တိုက်ခိုက်ခံရတဲ့နေရာရဲ့ မြေပုံနဲ့အတူ အသိပေးထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့ သစ္စာရေသောက်ပွဲ အခမ်းအနား

PEOPLE'S LIBERATION FORCE ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့ သစ္စာရေသောက်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၂ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်း အခြေစိုက်ဖို့ ကြိုးစားခဲ့တဲ့နေရာကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်၊ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်း အခြေစိုက်ဖို့ ကြိုးစားခဲ့တဲ့ နေရာတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ပြီး နယ်မြေရှင်းလင်းရာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်း တပ်ခွဲ ၃ က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက အပစ်ရပ်ကာလနောက်ဆုံးရက်မှာ မိုးကုတ်ကို လေကြောင်းကနေ ပေါင်(၂၅ဝ) ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က အပစ်ရပ်ကာလ နောက်ဆုံးရက်မှာ လေကြောင်းကနေ ပေါင်(၂၅ဝ)ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။