ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ “၁၀၂၇ စစ်ဆင်ရေး”အတွင်း စစ်ဘေးရှောင်ခဲ့ရတဲ့ မိုးကုတ်မြို့နယ်က ကျေးရွာတွေကို ဆန်အိတ်အပိုင်း (၅၀၀) နဲ့ ငွေသား ကျပ်သိန်း(၁၅၀) မတည် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
မိုးကုတ်မြို့နယ်က အထက်ညောင်ကုန်းကျေးရွာ၊ အောက်ညောင်ကုန်းကျေးရွာ ၊ ဖြူရောင်ကျေးရွာ ၊ ကျောက်တလုံးကျေးရွာနဲ့ လွယ်မွန်းကျေးရွာတို့က ပြည်သူတွေကို အိမ်ထောင်စုတစ်စု ဆန်(၁)အိတ်နဲ့ ငွေသား ၅၀၀၀၀ ကျပ်နှုန်း ပေးအပ်လှူဒါန်းခဲ့တာပါ။
ဆန်အိတ်တွေ အမှန်တကယ်လိုအပ်နေတဲ့ ပြည်သူတွေဆီကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကိုယ်စား သွားရောက်လှူဒါန်းပေးတဲ့ မိုးကုတ်မြို့အခြေစိုက် ပရဟိတအသင်းအဖွဲ့တွေကို အထူးကျေးဇူးတင် ဂုဏ်ပြုကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ရန်ကုန်တိုင်းစစ်ဌာနလက်အောက် ပထမဆုံး ဖွဲ့စည်းခဲ့သည့် တပ်ရင်း ၅၁၀၁ ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်ပြီ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန​ရဲ့ လမ်းညွှန်မှုအောက်မှာ ဖွဲ့စည်းထားပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ရန်ကုန်တိုင်းစစ်ဌာန​ရဲ့ ပထမဆုံးတပ်ရင်း ဖြစ်တဲ့ ရန်ကုန်တပ်ရင်း ၅၁၀၁ ဖွဲ့စည်းတည်ထောင်တာ ၂ နှစ်ပြည့်ပြီဖြစ်တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲ ဆန့်ကျင်သည့်အနေနှင့် မန္တလေးနန်းတွင်းထဲရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်

မန္တလေး နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ထဲကို BWM အဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက ၁၀၇ ရှော့တိုက်ဒုံးတွေ အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Brave Warriors For Myanmar (BWM) က အသိပေးထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတစ်ဝန်း စစ်မျက်နှာ များပြားလွန်းတာကြောင့် အာဏာသိမ်းစစ်တပ် စစ်လက်နက်များကို အလျဉ်မီအောင် ထုတ်လုပ်နေရ

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတစ်ဝန်း ဖြန့်ကျက်ပြီး တိုက်ပွဲတွေ ဆက်တိုက်ဆင်နွှဲနေရတာကြောင့် လက်နက်ခဲယမ်းတွေကို အလျဉ်မီအောင် ထုတ်လုပ်နေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောဆိုကြပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဒေသက ပြုလုပ်တဲ့ အပတ်စဉ် (၂/၂၀၂၄) အခြေခံ စစ်ပညာသင်တန်းကို တက်ရောက်ခဲ့တဲ့ တောကျီးကန်း (၇) ကောင်စစ်ကြောင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲက ပြုလုပ်တဲ့ အပတ်စဉ် (၂/၂၀၂၄) အခြေခံ စစ်ပညာသင်တန်းကို တောကျီးကန်း (၇) ကောင်စစ်ကြောင်းက မျိုးဆက်သစ် ရဲဘော်တွေ တက်ရောက်ပြီး စစ်ပညာသင်ယူခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ အဆိုပါသင်တန်းကာလ ၄ လတာ ပြီးဆုံးခဲ့ပြီးနောက် သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ပွဲပါ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လေယာဥ်ကွင်းအနောက်ဘက် ကင်းပတ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကြားဖြတ်တိုက်ခိုက်၊ အကြမ်းဖက်စစ်တပ်မှ ခလရ ၂၅၄ အရာရှိအပါ ၆ ဦး သေပြီး၊ ၃ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ လေယာဥ်ကွင်းအနောက်ဘက် ကင်းလှည့်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြားဖြတ်တိုက်ခိုက်ရာ ခလရ ၂၅၄ တပ်က အရာရှိ ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးကြောင်း Southern YSO PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြိုင်နဲ့ပေါက်အစပ် ကျေးရွာများကို စစ်ကောင်စီ ညသန်းခေါင်ယံ ဗုံးကြဲ၊ အရပ်သား ၁၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ပေါက်မြို့နယ်အစပ်၊ လက်ပံတို ရေနံမှော်အနီးရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၁၂ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။