တနင်္သာရီတိုင်း မြိတ်မြို့ကနေ ထားဝယ်မြို့ကို လေယာဉ်ဆီတင်ဆောင်လာတဲ့ ရေယာဉ် ၂ စီးကို ထားဝယ်မြစ်အတွင်း လောင်းလုံးပြည်သူ့ကာကွယ်ရေး (ပကဖ)ရဲဘော်တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ Launglone People Defence Force- LLPDF အဖွဲ့ထံက သိရပါတယ်။
ရေယာဉ်တွေမှာ စစ်ကောင်စီတပ်သား ၄ ယောက်အစောင့်လိုက်လာပြီး တိုက်ခိုက်မှုကြောင့် ရေယာဉ်တွေဟာ အရှိန်တင်ကာ မောင်းနှင်ထွက်ပြေးသွားတဲ့အတွက် ထိခိုက်မှုမရှိရသေးဘဲ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ညောင်ဖြူပင်ရဲစခန်းကို တပ်ချိန်းဖို့လာတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေ မိုင်းဆွဲခံရပြီး ၆ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာကနေ ညောင်ဖြူပင်ရဲစခန်းကို တပ်ချိန်းဖို့လာတဲ့ အင်အား ၄၀ ခန့်ရှိ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီးတွေကို ဒီနေ့ နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်းက ပဒေသာမိုင်း ၄ ပွိုင့်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Chaung U People's Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

၁၀၂၇ ဒုတိယလှိုင်းကတည်းက တိုက်ပွဲဝင်ခဲ့သည့် ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ ရဲဘော်များ၏ အိမ်ပြန်ခရီး (ရုပ်/သံ)

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကတည်းက ရှေ့တန်းစစ်မျက်နှာမှာ တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်တွေကို ကြိုဆိုခဲ့တဲ့ မှတ်တမ်းရုပ်သံကို ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မြောင်က ကျောက်ရစ်စခန်းကို စစ်ကူလာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း Anyar Federal Task Force (A F T F) မှ ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။ 
Read More

မြင်းခြံခရိုင်အတွင်း အကြမ်းဖက်စစ်တပ်နဲ့တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံး MBT ရဲဘော် ၂ ဦးကျဆုံး၊ ၁၄ ဦး ဒဏ်ရာရ (ရုပ်သံ)

မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်း အကြမ်းဖက်စစ်တပ်နဲ့တော်လှန်ရေးတပ်တွေ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံးကာ MBT ရဲဘော် ၂ ဦးကျဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Myingyan Black tiger မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းက မြင်းခြံမြို့နဲ့ နွားထိုးကြီးမြို့ကြား အကြမ်းဖက်စစ်တပ်နဲ့ Myingyan Black Tiger တပ်ဖွဲ့တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

မြို့သိမ်းတိုက်ပွဲတွေအတွက် အဓိကရည်ရွယ်တဲ့ End Point ကမ်ပိန်းကို တစ်လ ထပ်တိုးသတ်မှတ် (ရုပ်/သံ)

Myingyan Black Tiger (MBT) တပ်ဖွဲ့က ပြုလုပ်ထားတဲ့ End Point ကမ်ပိန်းကို သတ်မှတ်ကာလ တစ်လ ထပ်တိုးသတ်မှတ်ထားတယ်လို့ MBTတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြည်သူတွေထံ အသိပေးလာပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်အတွင်း ပြည်သူတွေ သွားလာရအဆင်ပြေစေဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ကျောက်ချောလမ်း ပြုပြင်ဖောက်လုပ်ပေး (ရုပ်/သံ)

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်အတွင်း တစ်နေရာမှာ မိဘပြည်သူတွေ အချိန်တိုအတွင်း စိတ်ချမ်းသာစွာ သွားလာနိုင်ရေး မီတာ ၇၀၀၀ အရှည်၊ အကျယ် ၂၈ ပေရှိတဲ့ ကျောက်ချောလမ်းပြုပြင်ဖောက်လုပ်ပေးခဲ့တယ်လို့ ဗိုလ်လင်းယုန်တပ်ဖွဲ့ထံက သိရပါတယ်။