စစ်အာဏာသိမ်းပြီး (၃) နှစ်ကျော်ကာလအတွင်း လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဝေဖန်ခံရလို့ ဖမ်းဆီးခံရတဲ့ ပြည်သူအရေအတွက်ဟာ ၁၆၀၀ ကျော်ရှိခဲ့ကြောင်း Data For Myanmar က ထုတ်ပြန်ပါတယ်။
လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေကို ထောက်ခံအားပေးတဲ့ ရေးသားမှုတွေနဲ့ ပြောဆိုဆက်သွယ်မှုတွေကြောင့် ဖမ်းဆီးခံရသူဟာ ၁၆၉၁ ဦးရှိကြောင်း စက်တင်ဘာ ၁၇ ရက်နေ့က Data For Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စုစုပေါင်း တစ်နိုင်ငံလုံးမှာ ဖမ်းဆီးအရေးယူမှုတွေရှိခဲ့တဲ့ မြို့နယ်ပေါင်း ၂၂၀ ရှိခဲ့ပြီး Data For Myanmar က လက်လှမ်းမှီသမျှ ပြုစုထားခြင်းဖြစ်ပါတယ်။
ဖမ်းဆီးခံရသူ အများစုဟာ စစ်ကောင်စီရဲ့ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေကလှုံ့ဆော်မှုကြောင့် ဖမ်းဆီးခံရမှုတွေပါဝင်ခဲ့ပြီး ပန်းသပိတ်၊ အသံတိတ်သပိတ်ဆင်နွဲခဲ့သူတွေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို အွန်လိုင်းပေါ်မှာဆုတောင်းပေးခဲ့သူ အချို့ပါဝင်ခဲ့တာပါ။
ဒါ့အပြင် ဖမ်းဆီးခံရသူတွေဟာ တော်လှန်ရေးနဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေဖော်ပြမျှဝေမှုတချို့ကြောင့် ဖမ်းဆီးခံရသူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်မှာ ဖမ်းဆီးခံရသူတွေဟာ သိသိသာသာများပြားခဲ့ပြီး ၂၀၂၄ ခုနှစ် နှစ်စပိုင်းမှာ အနည်းငယ်ပြန်လည်လျော့ကျခဲ့ကာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာပဲ မြို့နယ် ၂၂မြို့နယ်က လူ ၃၃ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ရန်ကုန်နဲ့ မန္တလေးတိုင်းက အများဆုံးဖြစ်ပြီး facebook အပြင် အခြားအွန်လိုင်းဆိုရှယ်ပလက်ဖောင်းတွေဖြစ်တဲ့ Tik Tok ,Telegram နဲ့ Viber လို Channel မျိုးတွေမှာ ရေးသားမျှဝေခဲ့လို့ ဖမ်းဆီးခံရသူတွေလည်း ပါဝင်ခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

ဖာပွန်က စစ်ကောင်စီရဲ့ ခေါပုတ်တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ပြီး လက်နက်ခဲယမ်းတွေပါ ရရှိ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ခေါပုတ်တပ်စခန်းကို KNLA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြားရရှိခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
Read More

စစ်ကောင်စီအနေဖြင့် ၎င်းတို့လုပ်ဆောင်နေသော လေကြောင်းတိုက်ခိုက်မှုများအတွက် တာဝန်ခံရမည်ဟု NRFF ထုတ်ပြန်

စစ်ကောင်စီအနေနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ ၄င်းတို့ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုများအတွက် တာဝန်ယူရမယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) က ထုတ်ပြန်ထားပါတယ်။
Read More

ပြည်မြို့တွင် စစ်တပ်၏ ရွေးကောက်ပွဲအတုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ကမ်ပိန်းပြုလုပ်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပြည်မြို့မှာ အကြမ်းဖက်စစ်ကော်မရှင် ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို မြို့ခံပြည်သူတွေက ဆန့်ကျင်ကန့်ကွက်ကြောင်း ကမ်ပိန်းလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

စလင်း- ဆင်ဖြူကျွန်း လမ်းပိုင်းကြား ကျေးရွာများမှ မီးဘေးသင့်စစ်ရှောင်ပြည်သူများကို အရေးပေါ် ဆန်၊ ဆီ၊ စားနပ်ရိက္ခာများနှင့် အဝတ်အထည်များ ထောက်ပံ့ကူညီပေး

မကွေးတိုင်း၊ စလင်း- ဆင်ဖြူကျွန်း လမ်းပိုင်းကြားရှိ ကျေးရွာတွေက မီးဘေးသင့်စစ်ဘေးရှောင်ပြည်သူတွေအတွက် ပြည်တွင်းပြည်ပပြည်သူတွေရဲ့ ထောက်ပို့ငွေတွေထဲကနေ အရေးပေါ် ဆန်၊ဆီ၊ စားနပ်ရိက္ခာတွေနဲ့ အဝတ်အထည်တွေ ထောက်ပံ့ကူညီပေးခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တရုတ်အစိုးရ မြန်မာ့အရေးမှာ စွက်ဖက်မှုနဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်ကို ကူညီနေမှုအပေါ် အမေရိကန်မှာ ဆန္ဒပြ

တရုတ်အစိုးရအနေနဲ့ မြန်မာ့နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်နေမှုတွေနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကူညီပေးနေမှုအပေါ် အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့က ဇေတဝန်ကျောင်းတိုက်မှာ ဒီဇင်ဘာ ၇ရက် မနေ့က ဆန္ဒပြခဲ့ကြပါတယ်။ 
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ် ၉ မှ တွေ့ဆုံခြင်းအခမ်းအနားပြုလုပ်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ SSNDF / KNDF  ဗျူဟာအမှတ် ၉ က ရဲဘော်တွေ တွေ့ဆုံခြင်းအခမ်းအနားကို ဇူလိုင်လ ၁၅ ရက်က ပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။