ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကားတစ်စီး မီးလောင်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် – TNLA က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူတွေ တည်ရှိရာ သီပေါမြို့အတွင်း စက်တင်ဘာ ၁၇ ရက် မနေ့က လက်နက်ကြီး ဆက်တိုက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အုတ်ကျင်းရပ်ကွက်၊ ဘုရားကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အဲ့ဒီကျောင်းဝန်းအတွင်း နေထိုင်တဲ့ အသက်(၆၀) အရွယ် အမျိုးသမီးရဲ့ ဘယ်ဘက်လက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ကားတစ်စီးနဲ့ ကားပေါ် တင်ဆောင်ထားတဲ့ ကုန်ပစ္စည်းတွေလည်း မီးလောင်ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က Y-12 လေယာဥ်နဲ့ ထပ်မံ လာရောက်ဗုံးကြဲမှုကြောင့် ပန်တိမ်တောင် (မြောက်) ရပ်ကွက်က ဝက်ဝံစျေးအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စျေးရောင်းနေတဲ့ အသက်(၁၄)နှစ်အရွယ် အမျိုးသမီးငယ် (၁) ယောက် လည်ပင်းမှာ ဗုံးစထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ညပိုင်းမှာ စစ်ကောင်စီတပ်က Jet Fighter အသုံးပြုပြီး ဗုံး(၂)လုံးနဲ့ နာရီဝက်အကြာ Y-12 လေယာဥ်နဲ့ ဗုံးအလုံး(၆၀)နီးပါး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အများစုဟာ မြို့ထဲက လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကော်မရှင်၏ ခလရ တပ်ရင်း (၁၀၄) မှ စစ်သား ၁ ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာ

စစ်ကော်မရှင်ရဲ့ ခလရ တပ်ရင်း (၁၀၄) မှ စစ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေး အတွင်း သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီး၊ စစ်ကောင်စီတပ်သားအချို့ မူးယစ်ဆေးဝါး သုံးစွဲမှသာ စစ်တိုက်နိုင်တယ်လို့ ဝန်ခံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ဦးဆောင်တဲ့ အဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေး အတွင်း သိမ်းဆည်းရရှိခဲ့တဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးခဲ့တံ အခမ်းအနားကို ဒေသခံပြည်သူတွေနဲ့အတူ တက်ရောက်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နွေဦးဘဏ်က တစ်ရက်တာအတွင်းဒေါ်လာ ၂ ဒသမ ၂ သန်းကျော်အထိ ရှယ်ယာရောင်းချနိုင်ခဲ့

NUG ရဲ့  ဗဟိုဘဏ်လည်း ဖြစ်တဲ့ နွေဦးဘဏ်က ရှယ်ယာရောင်းချမှုအဖြစ် တစ်ရက်တာအတွင်း ဒေါ်လာ ၂ ဒသမ ၂ သန်းကျော်ရရှိခဲ့ကြောင်း Spring Development Bank က မနေ့က နိုဝင်ဘာ ၁၇ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။  
Read More

တပ်သားသစ်တွေ ထွက်ပြေးလို့ လိုက်ရှာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်သား ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်တွေဟာ တပ်သားသစ် ၃ ယောက် ထွက်ပြေးတာကို လိုက်ရှာစဉ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး ၂ ယောက်သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကလလတ တပ်ရင်းအမှတ် ၉၄၂၅ မှ တပ်ခွဲမှူး တော်လှန်ရေးရဲဘော် ကျဆုံးခဲ့

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ရင်းအမှတ် ၉၄၂၅ (KPLA B/9425) တပ်ခွဲ (၃) တပ်ခွဲမှူး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေး ဦးလှသိန်းဗိမာန်အတွင်းမှာ ပိတ်မိနေတဲ့ သံဃာတော် အပါး ၁၀၀ ကျော်ကို ရှာဖွေကယ်ဆယ်ရေး တိုးမြှင့်လုပ်ဆောင်နေ

ယမန်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့ ဦးလှသိန်းဗိမာန်အတွင်းက သံဃာအပါး (၁၀၀) ကျော်ကို ရှာဖွေကယ်ဆယ်ရေးတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။