မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်အုပ်စုတွေ ပစ်ခတ်ရှင်းလင်းခံရပြီးတဲ့နောက် စစ်ကောင်စီက အရပ်သားကျေးရွာတွေထဲ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့ရာ သုံးဆယ်ပေး ရွာဦးစေတီတော် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ The Voice Of Wetlet Madayar အဖွဲ့က မောင်းကိုပြောပါတယ်။
စက်တင်ဘာလ ၁၅ရက်နေ့က မတ္တရာမြို့နယ်၊ ဆူးကားရွာတံတားထိပ်မှာ ဂိတ်ချပြီး ငွေတောင်းနေတဲ့စစ်အုပ်စုတွေကို တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
အဲ့ဒီလိုပစ်ခတ်မှုကြောင့် စစ်သားနဲ့ပျူ ၃ယောက်သေဆုံးခဲ့ပြီး ဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ လက်ရှိအချိန်ထိ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ဖြစ်စဥ်ဖြစ်ပွားပြီး တစ်နေ့တည်းမှာပဲ သေဆုံးသွားတဲ့ စစ်အုပ်စုတွေတပ်စွဲထားတဲ့ ဆင်ရွာကြီးရွာထဲကနေ သုံးဆယ်ပေးကျေးရွာထဲကို လက်နက်ကြီးပစ်ခတ်မှုတွေရှိခဲ့ပါတယ်။
စစ်အုပ်စုပစ်ခတ်လိုက်တဲ့ 81mm လက်နက်ကြီး၃ချက်ဟာ သုံးဆယ်ပေးကျေးရွာ၊ ရွာဦးစေတီပေါ် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် စေတီတော်တစ်ဆူလုံး ထိခိုက်ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။
“အဲ့နေ့က သူတို့(စစ်တပ်) ဘက်က ၃ယောက် ပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး ရမ်းထုတာပေါ့ဗျာ။ နောက်ပြီး တော်လှန်ရေးတပ်တွေ မန္တလေးနား ကပ်မရအောင်လို့ ရမ်းသမ်းလှန့်ပစ်တာလည်းပါတယ်။ သုံးဆယ်ပေးနဲ့က မန္တလေး မြောက်ပြင်နဲ့ ပိုနီးတယ်လေ.. ၂မိုင်ခွဲလောက်ပဲ ဝေးတော့တာ။ “လို့ The Voice Of Wetlet Madayar အဖွဲ့တာဝန်ရှိသူကမောင်းကိုပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ၁၂ရက်၊ နေ့လည်ပိုင်းကလည်း မတ္တရာမြို့ဘောလုံးကွင်းထဲကနေ ပစ်ခတ်လိုက်တဲ့ ဟောင်ဝစ်ဇာလက်နက်ကြီး​ကျည်တွေက မတ္တရာရာမြို့အနောက်ဘက် ၊ အောက်တောင်ကိုင်းကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရပါသေးတယ်။
ဓာတ်ပုံ – စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ သုံးဆယ်ပေး ရွာဦးစေတီတော်
0 Shares:
You May Also Like
Read More

ဆားလင်းကြီးမြို့မရဲစခန်းကနေ လက်နက်နဲ့ အလင်းဝင်လာခဲ့တဲ့ ရဲတပ်သားကို Salingyi Revolution Eagles က ဂုဏ်ပြုဆုငွေ ပေးအပ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မ အကြမ်းဖက်ရဲစခန်းက လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာတဲ့ ရဲတပ်သားကို ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့တယ်လို့ Salingyi Revolution Eagles က ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်က အများအပြား သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများနှင့် သုံ့ပန်းများ ဖမ်းဆီးရမိခဲ့သည့် ချောင်းမကျေးရွာတိုက်ပွဲတွင် ယင်းမာပင်ခရိုင် လေ့ကျင့်ရေးဌာနမှ သင်တန်းနည်းပြဆရာများ ပါဝင်တိုက်ခိုက်ခဲ့…

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ကနီမြို့နယ်၊ ချောင်းမကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာ (၁၁)ရက်က ဖြစ်ပွားခဲ့တဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေရဲ့ တိုက်ပွဲမှာ သင်တန်းနည်းပြဆရာတွေ ပါဝင်တိုက်ပွဲဝင်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် လေ့ကျင့်ရေးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမြို့နယ်သပိတ်အင်အားစုက စာအုပ် ၁၀၀ ရွေ့လျားစာကြည့်တိုက်ကို ဆက်လက်ဖွင့်လှစ်ထား (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ရွှေဘိုမြို့နယ်သပိတ်အင်အားစုက ကျောင်းသားလူငယ်တွေနဲ့ တော်လှန်ပြည်သူတွေ လေ့လာဖတ်မှတ်နိုင်ဖို့အတွက် စာအုပ် ၁၀၀ ရွေ့လျားစာကြည့်တိုက်ကို ဆက်လက်ဖွင့်လှစ်ထားတယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

အရပ်သားတွေကို ငွေညှစ်နေတဲ့ စစ်ကောင်စီဂိတ် မိုင်းဆွဲခံရပြီး တပ်ကြပ် ၁ ယောက် ပွဲချင်းပြီး သေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများ လာရောက်ကြဲချတိုက်ခိုက်ဟု TNLA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဘေးသင့်ချိန် အာဏာသိမ်း စစ်ခေါင်းဆောင် အေးသင်္ကြန်ဟု အမည်တပ်ကာ ဆင်နွှဲ

နိုင်ငံတစ်ဝန်း ငလျင်ဘေးသင့်နေချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေဟာ နေပြည်တော်မှာ “အေးသင်္ကြန်” လို့ နာမည်တပ်ကာ သင်္ကြန်ပွဲတော်ကို ဆင်နွှဲခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။