မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် မြို့မရဲစခန်းကနေ အကြမ်းဖက်စစ်ကောင်စီတပ်က တပ်ကြပ်ကြီး ၁ ယောက် လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်း (ဆော PDF)က ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီက စစ်ကောင်စီတပ်က တပ်ကြပ်ကြီးတစ်ယောက်ဟာ အမှတ်(၁)စစ်ဒေသ၊ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်းဆီ စက်ကလေးခေါ် MA-2 လက်နက်၊ ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်ရောက်ခဲ့ပါတယ်။
အခုလို ပြည်သူ့ရင်ခွင်ခိုလှုံပြီး အလင်းဝင်ရောက်ပူးပေါင်းခဲ့တဲ့ အဲ့ဒီစစ်ကောင်စီတပ်သားကို ယူဆောင်လာခဲ့တဲ့ လက်နက်အမျိုးအစားအပေါ် မူတည်ပြီး ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
အခုအချိန်ဟာ အကြမ်းဖက်စစ်တပ်ပြုတ်ကျရေးအတွက် စစ်ရေးအရှိန်မြင့်တင်နေတဲ့ကာလဖြစ်ပြီး
စစ်ကောင်စီလက်အောက်ခံ တပ်မတော်သားတွေ၊
ရဲတပ်သားတွေ အနေနဲ့ မိမိအသက်အာမခံချက်ရရှိအောင် အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်တပ်ကို စွန့်ခွာပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးဝင်ရောက်ခိုလှုံကြဖို့ ဆော PDF က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မံစီမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့မှု ABSDF တရားဝင်ထုတ်ပြန်

ကချင်ပြည်နယ်၊ မံစီမြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ရင်းစခန်း အားလုံးကို သိမ်းပိုက်ပြီး မြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့တယ်လို့ ကျောင်းသားတပ်မတော် (ABSDF) က ဒီနေ့ ညပိုင်းမှာ တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

မြိုင်မြို့နယ် နှောပင်ရွာတွင် စစ်ကော်မရှင် ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ပြည်သူ ၂ ဦး သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ် နှောပင်ရွာမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၂ ယောက် သေဆုံးခဲ့ရကြောင်း မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံက သိရပါတယ်။
Read More

ကျောင်းသားပေါင်း ၉ သိန်းကျော်အတွက် ဘေးကင်းလုံခြုံရေး ကမ်ပိန်း ပြုလုပ်နေဟု ဒေါက်တာဇော်ဝေစိုး ပြော

နိုင်ငံတစ်ဝန်း ထိန်းချုပ်နယ်မြေတွေက ကျောင်းပေါင်း ၆ ထောင်ကျော်မှာရှိတဲ့ ကျောင်းသားပေါင်း ၉ သိန်းကျော်အတွက် “ဘေးကင်းလုံခြုံသောကျောင်းများ၊ ဘေးကင်းလုံခြုံသော ပညာရေး” ကမ်ပိန်း ပြုလုပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး က ပြောပါတယ်။
Read More

စစ်ကောင်စီဝန်ကြီးများ အလျင်အမြန် ဖဲကြိုးဖြတ်ပြီး ထွက်ပြေးရသည့် ဂျိုင်းတံတားသစ် ဖွင့်ပွဲ ဗုံးကြဲခံမှု စစ်သား ၃ ဦး သေ၊ ၅ ဦးထက်မနည်း ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှာ အကြမ်းဖက်စစ်ကောင်စီဝန်ကြီးတွေနဲ့ စစ်တပ်အရာရှိတွေ တက်ရောက်လာတဲ့ ဂျိုင်းတံတားသစ် ဖွင့်ပွဲအခမ်းအနားကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

လှည်းကူးတွင် မဲရုံလုပ်မည့် ကျောက်အိုင်ရွာ အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က ရွေးကောက်ပွဲအတုလုပ်ဆောင်မယ့် ကျောက်အိုင်ရွာအုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းတွေနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကယန်းအမျိုးသားတပ်မတော် (KNA) ရဲ့ စစ်ဆင်ရေးမှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

ကယန်းအမျိုးသားတပ်မတော် (KNA) က စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတချို့မှာ စစ်ဆင်ရေးပြုလုပ်နေခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို ဒီနေ့ နိုဝင်ဘာလ ၁၇ ရက်မှာ အသိပေးထုတ်ပြန်လာပါတယ်။