ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုရားကျောင်း (၁) ကျောင်းနဲ့ နေအိမ် (၁) လုံး ထိခိုက်ပျက်စီး..
စက်တင်ဘာ ၁၇၊ ၂၀၂၄
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားပြီး အရပ်သားနေထိုင်ရာကျေးရွာအတွင်းနဲ့ လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်တွေအတွင်း ရည်ရွယ်ချက်ရှိရှိ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုတွေကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုရားကျောင်း (၁) ကျောင်းနဲ့ နေအိမ် (၁) လုံးအပါအဝင် ပြည်သူလူထုပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
ကျောက်ကြီးမြို့နယ်အတွင်း စက်တင်ဘာ (၁၃) ရက် ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ကျောက်တံခါးဘောလုံးကွင်းကနေ ဖျံတလင်း ကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာနေ (၅၅) နှစ်အရွယ် အမျိုးသမီး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုရားရှိခိုးကျောင်း (၁) ကျောင်း၊ နေအိမ် (၁) လုံး၊ ဆိုင်ကယ် (၂) စီးနဲ့ ထင်းစင်တွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ (၁၅) ရက် မနက်ပိုင်းမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေက ပဲနွယ်ကုန်းအနောက်ဘက် အလိုင်ခင်ကျေးရွာကနေ သဲဖြူရွာသစ်ကျေးရွာအတွင်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာနေ (၃၇)နှစ်အရွယ် အမျိုးသမီးနဲ့ အသက် (၈) လခွဲအရွယ် ကလေးငယ် တို့ (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် ရွှေကျင်မြို့နယ်အတွင်း စက်တင်ဘာလ (၁၃) ရက်မှာလည်း အကြမ်းဖက်စစ်ကောင်စီတပ် ခမရ−၅၉၈ တပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ဖားဘော်တပ်စခန်းကနေ (၈၁) မမ လက်နက်ကြီး (၁၇) လုံးခန့်ကို ဝေါ်ကေ့ကျေးရွာနဲ့ ရှမ်းစုကျေးရွာတွေအတွင်း ပစ်ခတ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ KNU − အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးရမှုများ
0 Shares:
You May Also Like
Read More

စစ်ကောင်စီ၏ အရပ်သားများအပေါ် ပစ်မှတ်ထားသည့် စစ်ရာဇဝတ်မှုများကို အရေးယူ‌ပေးရန် နိုင်ငံတကာကို မန္တလေး-PDF တိုက်တွန်း

အရပ်သားများအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုများကို အရေးယူပေးဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က နိုင်ငံတကာကို ယမန်နေ့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ပေါင်းတည်မှာ စစ်ကြောင်းထိုးလာတာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရ

ပဲခူးတိုင်း၊ ပေါင်းတည်မြို့က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ယောက်ထက်မနည်း ထိခိုက်သွားတယ်လို့ ၃၆၀၁ PPDF တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

လားရှိုးမြို့နယ်တွင် SSPP နှင့် MNDAA တိုက်ပွဲဖြစ်ပွား၊ MNDAA တပ်သား ၈ ဦး ကျဆုံးဟု SSPP ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ဟန်နားကျေးရွာအုပ်စုအနီး နားလိုင်ရွာအထွက်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA စစ်ကြောင်းနဲ့ ကိုးကန့်တပ်ဖွဲ့ (MNDJP/MNDAA)တို့ နှစ်ဖက်တိုက်ပွဲ အပြန်အလှန် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြမှုတွေအရ သိရပါတယ်။
Read More

စစ်ဘေးရှောင်ရင်း ကုန်ဈေးနှုန်းတက်လာလို့ စားဝတ်နေရေး ပိုမိုခက်ခဲလာ

မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒကို ဆန့်ကျင်ကာ စစ်ကောင်စီက မတရား အာဏာသိမ်းပြီးတဲ့နောက် လက်ရှိ မြန်မာပြည်နေရာအနှံ့အပြားမှာ အာဏာရှင်ဖြုတ်ချရေး တိုက်ပွဲတွေ နေ့စဥ်ဖြစ်ပွားနေပါတယ်။ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေမှာရှိတဲ့ ဒေသခံတော်တော်များများဟာ အမြဲတစေ နေထိုင်ခဲ့တဲ့ သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာကာ စစ်ဘေးကနေ ရှောင်တိမ်းနေကြရပါတယ်။
Read More

သီပေါတွင် စစ်ကောင်စီ၏ လက်ကျန်မိုင်းကြောင့် အမျိုးသမီး ၁ ဦး ခြေထောက် ၁ ဖက် ဆုံးရှုံးခဲ့ရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာမှာ ဒေသခံ အမျိုးသမီးတစ်ယောက် ခြံရှင်းလင်းရင်း စစ်ကောင်စီရဲ့ လက်ကျန်မိုင်းကို ထိမိကာ ဘယ်ဘက်ခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့ရတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံး ကြဲချရာ အမျိုးသား (၄) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံး ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာလ ၁၃…