မြန်မာစစ်အုပ်စု စစ်ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ အထောက်အပံ့ပေးနေတဲ့ Aviation Industry Corporation of China (AVIC) ကို ပြင်သစ်လေကြောင်းအာကာသကုမ္ပဏီကြီး Airbus အနေနဲ့ပူးပေါင်းလုပ်ဆောင်မှုတွေ ရပ်တန်ဖို့ Justice For Myanmar က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
AVIC ဟာ မြန်မာစစ်အုပ်စု နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်ရာမှာ အသုံးပြုတဲ့ စစ်လေယာဉ်နဲ့ စစ်လက်နက်ပစ္စည်းတွေကို အဓိကရောင်းချပေးတဲ့ ကုမ္ပဏီဖြစ်တယ်လို့ ဖော်ထုတ်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
မြန်မာစစ်အုပ်စုက နိုင်ငံတကာလူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဥပဒေတွေကို အကြိမ်ကြိမ် ချိုးဖောက်ကျူးလွန်နေပြီး AVIC နဲ့ မြန်မာစစ်တပ်တို့ပူးပေါင်းလုပ်ဆောင်မှုကို Airbus သိရှိမယ်လို့ ယုံကြည်ကြောင်း ဖော်ပြထားပါတယ်။
အဲ့လို သိရှိနေတဲ့တိုင်အောင် လက်ရှိအချိန်ထိ Airbus အနေနဲ့ AVIC နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်းကောင်း၊ ဟောင်ကောင်မှာ ကုမ္ပဏီမှတ်ပုံတင်ထားတဲ့ AviChina Industry & Technology Company Limited ကတဆင့် AVIC ရဲ့ လုပ်ငန်းခွဲတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်းကောင်း ဆက်လက်ထားရှိဆဲဖြစ်ပါတယ်။
Airbus ကုမ္ပဏီရဲ့ အဓိကရှယ်ယာရှင် သုံးယောက်ဖြစ်တဲ့ စပိန်၊ ဂျာမဏီနဲ့ ပြင်သစ်အစိုးရတို့ဟာ မြန်မာစစ်အုပ်စု ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အကြိမ်ကြိမ်ရှုတ်ချခဲ့သူတွေပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် Airbus အနေနဲ့ AVIC နဲ့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာ ထူးခြားတဲ့ ပူးပေါင်းမှုတွေက ဆန့်ကျင်ဘက်လုပ်ရပ်တွေဖြစ်နေပြီး နောက်ကွယ်မှာ စစ်ကောင်စီကို အထောက်အပံ့ပေးနေမှုကို မျက်ကွယ်ပြုထားသလို ဖြစ်နေကြောင်း ဆိုပါတယ်။
စစ်ကောင်စီဟာ လက်ရှိမှာ နိုင်ငံတွင်းက ပြည်သူတွေအတွက် ကောင်းကင်ယံက သေမင်းတမန်တွေ ဖြစ်လာနေပြီး နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေနဲ့ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတွေကို အကြိမ်ကြိမ် အကြီးအကျယ်ချိုးဖောက်နေတာ အားလုံးအသိပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် က ၂၀၁၈ ခုနှစ်မှာ “ … အဖွဲ့ဝင်နိုင်ငံအားလုံးအနေဖြင့် မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးပို့တဲ့ စစ်လက်နက်များကို နိုင်ငံတကာဥပဒေချိုးဖောက်၍ အရပ်သားပြည်သူများအပေါ်တိုက်ခိုက်ရာတွင် အသုံးပြုလိမ့်မယ်” လို့ ကြိုတင်တွက်ဆခဲ့ကြောင်း ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း စစ်အုပ်စုဟာ အရပ်သားပြည်သူတွေအပေါ် မဆင်မခြင် လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေကို အကြီးအကျယ် ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်ရဲ့ လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေဟာ သိသိသာသာ မြင့်မားလာခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှု ၆၈၇ ကြိမ် ဖြစ်ပွားခဲ့ပြီး၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနဲ့ ၂၀၂၂ ခုနှစ် မတ်လ အကြား ၃၀၁ ကြိမ်နဲ့ နှိုင်းယှဉ်ကြည့်ရင် တိုက်ခိုက်မှုအကြိမ်ရေ မြင့်တက်လာတာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်၊ ဧပြီလမှာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကာစစ်အုပ်စုဟာ သူတို့ရဲ့ အကြမ်းဖက် စစ်ဆင်ရေးအတွက် လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာကြောင်းထပ်မံထောက်ပြခဲ့ပါတယ်။
Armed Conflict Location & Event Data Project က စုဆောင်းထားတဲ့ အချက်အလက်တွေကို ကိုးကားပြီး ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာနဲ့ ၂၀၂၄ ခုနှစ်၊ မတ်လအကြား အရပ်သားပြည်သူပစ်မှတ်တွေအပေါ် လေကြောင်းတိုက်ခိုက်မှု ပျှမ်းမျှအားဖြင့် အကြိမ် ၅၀ ရှိခဲ့ကြောင်း၊၂၀၂၃ ခုနှစ် ပထမဆယ်လအတွင်း ပျှမ်းမျှလေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်နဲ့ အထက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ်၊ ဧပြီလမှာတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီဟာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့ပါတယ်။
အဲဒီဆုံးဖြတ်ချက်မှာ အဖွဲ့ဝင်နိုင်ငံတွေဟာ လူ့အခွင့်အရေးများ ချိုးဖောက်ရာတွင် သို့မဟုတ် ကျူးလွန်ရာတွင်အသုံးပြုနိုင်သည်ဟု သံသယဖြစ်ရန် ခိုင်လုံသောအထောက်အထားများရှိတယ်လို့ သိရှိရပါက လေယာဉ်ဆီ၊ စောင့်ကြည့်ထောက်လှမ်းရေး ကုန်စည်ပစ္စည်းများနှင့် နည်းပညာများ၊ စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံးပစ္စည်းများကို တင်ပို့ခြင်း၊ ရောင်းချခြင်း သို့မဟုတ် လွှဲပြောင်းပေးအပ်ခြင်း မပြုလုပ်ရဘူးလို့ ဖော်ပြခဲ့တာပါ။
ထပ်မံပြီး ၂၀၂၄ ခုနှစ်၊ ဧပြီလမှာ G7 အဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံကို စစ်လက်နက်နဲ့ အခြားသော စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံးပစ္စည်းများ စီးဆင်းမှုကို ရပ်တန့်ဖို့တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံထံ စစ်လေယာဉ်အပါအဝင် လေကြောင်းနဲ့ ဆက်စပ်ပစ္စည်းတွေရောင်းချနေတဲ့ Aviation Industry Corporation of China (AVIC) ဟာ တရုတ်နိုင်ငံပိုင်လေကြောင်းနဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းကြီးတစ်ခုပဲ ဖြစ်ပါတယ်။
AVIC ဟာ တရုတ်နိုင်ငံ၊ ဘေကျင်းမြို့တော်မှာ ရုံးချုပ်တည်ရှိပြီး တရုတ်နိုင်ငံပိုင် State-owned Assets Supervision and Administration Commission (SASAC) က အလုံးစုံ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်က အကြီးဆုံးလက်နက်ကုမ္ပဏီတွေထဲက တစ်ခုအဖြစ် မှတ်ယူနိုင်တဲ့ AVIC ဟာ တရုတ်နိုင်ငံမှာ ပြည်နယ်အဆင့်ဌာနကြီးတွေအဖြစ် လုပ်ငန်းခွဲပေါင်း ရာနဲ့ချီ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။
နိုင်ငံအများစုမှာလည်း လုပ်ငန်းခွဲ တစ်ရာကျော် ဖွင့်လှစ်လုပ်ကိုင်လည်ပတ်နေတဲ့ AVIC ဟာ စစ်ဘက်လေယာဉ်တွေနဲ လေယာဉ်အတွက် အဓိကအစိတ်အပိုင်းတွေကို သူ့ရဲ့ကုမ္ပဏီခွဲတွေ၊ ဖက်စပ်လုပ်ငန်းတွေကနေ ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလက အမေရိကန်စစ်ဘက်သုတေသနအင်စတီကျု China Aerospace Studies Institute ကထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ AVIC ဟာ ကာကွယ်ရေးကုမ္ပဏီများစွာနဲ့ ချိတ်ဆက်ပြီး ကုမ္ပဏီတစ်ခုတည်းအဖြစ် လည်ပတ်နေတဲ့ ပုံဏ္ဍာန်ရှိတယ်လို့ ဆိုပါတယ်။
အစီရင်ခံစာအရ အမေရိကန် ကုမ္ပဏီဖြစ်တဲ့ Lockheed Martin၊ Northrup Grumman၊ Sikorsky၊ Boeing ရဲ့အစိတ်အပိုင်းအများစုနဲ့ Raytheon အပါအဝင် အခြားပြည်တွင်းလေကြောင်းကုမ္ပဏီတွေက ကော်ပိုရေးရှင်းကြီးတစ်ခုတည်းအောက်မှာ ကုမ္ပဏီခွဲတွေအဖြစ်လည်ပတ်နေတယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီလို ပြည်ပကနေဝယ်ယူသူတွေအတွက် ဟယ်လီကော်ပတာတွေ၊ လေ့ကျင့်ရေး လေယာဉ်တွေ၊ ဘက်စုံသုံးလေယာဉ်တွေနဲ့ ဒေသသုံး ဂျက်လေယာဉ်တွေ ရောင်းချခြင်းအပြင် အရပ်ဘက်လေကြောင်းထုတ်ကုန်တွေနဲ့ ကာကွယ်ရေးထုတ်ကုန်တွေကို တီထွင်ခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းနဲ့ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွေ အဓိကလုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ပြည်ပလေကြောင်းထုတ်လုပ်ရေးကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီးတော့လည်း လေကြောင်းဆိုင်ရာ ထုတ်ကုန်တွေကို တီထွင်ထုတ်လုပ်နေသလို အဲဒီကုမ္ပဏီအုပ်စုရဲ့ အဓိကထုတ်ကုန်တွေထဲမှာ K8 လေ့ကျင့်ရေး လေယာဉ်နဲ့ Y-12 ဘက်စုံသုံးလေယာဉ်တွေလည်း ပါဝင်ကြောင်း သိရပါတယ်။
ဥရောပနိုင်ငံက အစိုးရတွေ ပါဝင်တဲ့ Airbus ကုမ္ပဏီဟာ AviChina ရဲ့ တတိယအကြီးဆုံးရှယ်ယာရှင်တွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် Airbus ဟာ AviChina ရဲ့ မဟာဗျူဟာမြောက် စီးပွါးရေးဆုံးဖြတ်ချက်တွေအပေါ် ထိထိရောက်ရောက် လွှမ်းမိုးနိုင်မှုကလည်း ပေါ်လွင်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် မဟာဗျူဟာမြောက် စီးပွာရေးကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်နေတဲ့ တရုတ်နိုင်ငံနဲ့ ဥရောပလေကြောင်းဆိုင်ရာ အဓိက ထုတ်လုပ်ရေးကုမ္ပဏီကြီးနှစ်ခုအကြား ဆက်ဆံရေးရဲ့ ဖိအားနဲ့အတူ မြန်မာစစ်တပ်ကို AVIC အနေနဲ့ လေယာဉ်အပါအ၀င် ဆက်စပ်ပစ္စည်းတွေ ရောင်းချနေမှုအပေါ် ဖိအားပေးပြောဆိုဖို့ လိုအပ်လာပြီလည်း ဖြစ်ပါတယ်။
စစ်ကောင်စီကို ပံ့ပိုးရောင်းချနေမှုအပေါ် Justice For Myanmar နဲ့ Info Birmanie တို့က Airbus ကို AVIC နဲ့ ပူးတွဲလုပ်ဆောင်နေမှုတွေမှာ စစ်ကောင်စီနဲဆက်စပ်ပတ်သက်နေမှုအပေါ်ကို အမြန်ဆုံးရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။
အထူးသဖြင့် Airbus အနေနဲ့ AVIC နဲ့ သူ့ရဲ့ကုမ္ပဏီခွဲတွေအပေါ် ဩဇာလွှမ်းမိုးနိုင်စွမ်းကို အသုံးပြုပြီး မြန်မာစစ်အုပ်စုထံ စစ်လေယာဉ်၊ စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်း လွှဲပြောင်းပေးပို့နေမှုတွေ၊ စီစဉ်ထားမှုတွေ အားလုံးကို ရပ်ဆိုင်းဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
မြန်မာ့လေတပ်က လေယာဉ်တွေအတွက် လက်ရှိ လုပ်ဆောင်ပေးနေတဲ့ သို့မဟုတ် ကတိပြုထားတဲ့ ပြုပြင်ထိန်းသိမ်းရေး၊ လေ့ကျင့်သင်ကြားရေးနဲ့ နည်းပညာပံ့ပိုးမှုမှန်သမျှ ရပ်တန့်သွားအောင် ဖိအားပေးဖို့လည်း ဖော်ပြထားပါတယ်။
AVIC ဟာ မြန်မာစစ်အုပ်စုနဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းအားလုံးကို အဆုံးသတ်ဖို့ ငြင်းဆိုလာရင် AviChina ထဲက ရင်းနှီးမြှုပ်နှံမှုတွေကို Airbus အနေနဲ့ ချက်ချင်းရုတ်သိမ်းပြီး ဆက်ဆံရေးကိုအဆုံးသတ်ရမယ်လို့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
0 Shares:
You May Also Like
Read More

ဖယ်ခုံမြို့နယ်အတွင်း လူနေအိမ်များမှာ ကတုတ်ကျင်း၊ ဗုံးခိုကျင်းနှင့် ဘန်ကာများဆောက်လုပ်ထားမှု မြို့နယ် ပလဖ စစ်ဆေးကြည့်ရှု

ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်အတွင်းရှိ လူနေအိမ်တွေမှာ ကတုတ်ကျင်း၊ ဗုံးခိုကျင်းနဲ့ ဘန်ကာတွေ ဆောက်လုပ်ထားမှုအခြေအနေကို စစ်ဆေးကြည့်ရှုခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ခင်ဦးမြို့နယ် ပကဖ ထံ ပျူစောထီး ၂ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

မင်းအောင်လှိုင် တရုတ် သွားမည်ဟု ထုတ်ပြန်၊ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် (၈၀) ပြည့်ပွဲကိုလည်း အကြမ်းဖက်စစ်ခေါင်းဆောင် တက်ရောက်ဦးမည်ဟု ဆို

တရုတ်နိုင်ငံကို အကြမ်းဖက် စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင်က အလုပ်သဘောနဲ့ ခရီးသွားရောက်မယ်လို့ စစ်တပ်အားပေး မီဒီယာတွေနဲ့ စစ်တပ်လော်ဘီတွေက သတင်းဖော်ပြထားပါတယ်။
Read More

ကရင်နီက ရေဘေးသင့်ပြည်သူတွေအတွက် အမှတ် ၁၀၀၅ တပ်ရင်း (ရှမ်းတောင် PDF) ထောက်ပို့ပံ့ပိုးခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၀၀၅) တပ်ရင်း၊ ရှမ်းတောင် (SSPDF)က ရေဘေးသင့် ပြည်သူများလိုအပ်နေတဲ့ ပြည်တွင်းပြည်ပ အလှူရှင်တွေက ပေးပို့လာတဲ့ ဆန်၊ဆီ နဲ့ခေါက်ဆွဲခြောက် (စားနပ်ရိက္ခာတချို့)ကို ‌ကရင်နီဒေသအတွင်းမှာရှိတဲ့ ရေဘေးသင့်ပြည်သူတွေဆီ သွားရောက်လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ကန့်ဘလူခရိုင် ပအဖ တာဝန်ရှိသူတွေက ခရိုင်အတွင်း လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်း ခရိုင် ပအဖအတွင်းရေးမှူး၊ မြို့နယ်ပအဖအတွင်းရေးမှူး၊ မြို့နယ်လူ့အခွင့်ရေးတာဝန်ခံ၊ မြို့နယ် လူသားစာနာ တာဝန်ခံ၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှူး၊ တိုက်နယ်လူသားစာနာတာဝန်ခံတို့ ပူးပေါင်းပြီး ဒေသခံပြည်သူတွေနဲ့အတူ လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အုတ်ဖိုက ဆည်မြောင်းဝန်ထမ်းမရှိတဲ့ ဂမုန်းဆည် မကျိုးဖို့ PDF တွေ တာဝန်ယူဆောင်ရွက်နေရ

အခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနိုင်ငံအနှံ့ ရေကြီး၊ ရေလျှံမှုတွေ ကြုံတွေ့နေရတဲ့အလျောက် ဂမုန်းရေလှောင်တမံဟာလည်း ကန်ရေပြည့်အမှတ်ထိ ရောက်ခဲ့ကာ တမံကျိုးပေါက်နိုင်တဲ့ အခြေအနေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။