ရာဂိမုန်တိုင်းရဲ့ အရှိန်ကြောင့် နိုင်ငံတစ်ဝန်း ပျက်စီးဆုံးရှုံးမှုတွေ ကြီးမားသွားလိမ့်မယ်လို့ မမျှော်လင့်ထားကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်မှာ စက်တင်ဘာ ၁၇ ရက်ကလုပ်တဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာအစည်းအဝေးမှာ အခုလို ပြောကြားလိုက်တာပါ။
သတိပေးထုတ်ပြန်မှုတွေ ဆောင်ရွက်ခဲ့ပေမယ့် အချိန်တိုအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ပျက်စီးဆုံးရှုံးမှုတွေကြီးမားမယ်လို့ မမျှော်လင့်ခဲ့ကြောင်း စစ်ခေါင်းဆောင်က ဆိုပါတယ်။
ဒါပေမယ့် စစ်ခေါင်းဆောင်က ကြိုတင်အသိပေးပြင်ဆင်မှုတွေ နောက်ကျခဲ့မှုကိုတော့ ထုတ်ဖော်ဝန်ခံသွားခဲ့ခြင်း မရှိပါဘူး။
ဒါ့အပြင် ကျေးရွာတွေမှာ မိုးကြီးပြီး ဆည်တွေမှာ ရေအားမနိုင်တော့လို့ အရေးပေါ်ရေပိုလွှဲကနေ ရေတွေ စွန့်ထုတ်ခဲ့ရတဲ့ကိစ္စရပ်တွေမှာ ကြိုတင်အသိမပေးခဲ့မှုအပေါ်လည်း ဝန်ခံခဲ့ခြင်း မရှိပါဘူး။
မုန်တိုင်းနောက်ဆက်တွဲ ရေကြီးမှုကြောင့် မြန်မာပြည်မှာ သေဆုံးသူဦးရေ ၂၂၆ ယောက်အထိ ၂ဆတိုးလာပြီး ၇၇ ယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၁၆ ရက် နှောင်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေး အေဂျင်စီရဲ့အဆိုအရ ရေကြီးရေလျှံမှုဟာ မြန်မာပြည်သူ ၆၃၁၀၀၀ ဝန်းကျင် ထိခိုက်စေခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံအတွင်း လက်ရှိကြုံနေရတဲ့ ရေဘေးဟာ မြန်မာနိုင်ငံအလယ်ပိုင်းမှာ ကာလတစ်လျှောက် ထိခိုက်မှုအကြီးမားဆုံးဖြစ်နိုင်ကြောင်း စစ်ခေါင်းဆောင်က ရည်ညွှန်းပြောဆိုခဲ့ပါသေးတယ်။
ဒါပေမယ့် လာမယ့် သတင်းနှစ်ပတ်ခန့်အတွင်း ရေဘေးရှောင်ပြည်သူတွေကို နေရပ်ကို အမြန်ဆုံးပြန်လည်ပို့ဆောင်စေဖို့ မင်းအောင်လှိုင်က ညွှန်ကြားထားပြီး သန်းခေါင်စာရင်းကောက်ယူရေးအတွက် အချိန်မီအောင် ဖိအားပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၀၅ ဦး သေဆုံးခဲ့…

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီကြောင့် ၂၀၂၅ ခုနှစ်အတွင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၀၅ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရခိုင်ပြည်သူများ အေးချမ်းပျော်ရွှင်ပါစေ ဟု မြောက်ဦးဆေးရုံကို ဗုံးကြဲပြီး ၅ ရက်အကြာတွင် မင်းအောင်လှိုင် ပြော

ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားတွေ အစဥ်ထာဝရ အေးချမ်းသာယာ ပျော်ရွှင်ချမ်းမြေ့ဖို့ ဆုတောင်းပေးတယ်လို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လူပေါင်း ၃ ဒါဇင်ခန့် သေဆုံးစေခဲ့တဲ့ မြောက်ဦးဆေးရုံ ဗုံးကြဲတိုက်ခိုက်မှုအပြီး ၅ ရက်အကြာမှာ ပြောဆိုလိုက်ပါတယ်။
Read More

လောင်းလုံမြို့ရှိ စစ်ကောင်စီရဲ့ စရဖရုံးကို တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံး

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင် တပ်ပေါင်းစုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မွန်ပြည်နယ် မြို့နယ် ၃ခုတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၀၀ ကျော် ပျက်စီး

မွန်ပြည်နယ် သံဖြူဇရပ်၊ သထုံနဲ့ ပေါင်မြို့နယ်တွေမှာ လေပြင်းတိုက်ခတ်မှုကြောင့် ၂ရက်အတွင်း နေအိမ် အလုံး ၁၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် အစပ်မှာရှိတဲ့ ဗေဒါဂိတ်စခန်းနဲ့ ဒေါင်းချောင်းဂိတ်ကို AA သိမ်းပိုက်

ရခိုင်ပြည်နယ်၊ ဂွမြို့နဲ့ ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ ရိုးမကားလမ်းပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့အရေးပါတဲ့ ဒေါင်းချောင်းဂိတ်စခန်းနဲ့​ ဗေဒါဂိတ်စခန်းတို့ကို ရခိုင့်တပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကန်ဖန်းရွာမှ အလင်း၀င်လာတဲ့ ပြည်သူ့စစ် ၁၀၀ကျော်ကို KIA ကဂုဏ်ပြု

ကချင်ပြည်နယ် ဖီမော်မြို့၊ ကန်ဖန်းရွာမှ KIA နဲ့ ပူးပေါင်းပြီးအလင်းဝင်ရောက်ခဲ့တဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဂုဏ်ပြု ကြိုဆိုခဲ့တယ်လို့ ကချင် စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။