မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်၊ နန်းတော်ကုန်းရပ်ကွက်၊ သံလမ်းအနီးက စစ်ကောင်စီရဲ့ ရဲကင်းကို ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရဲ ၃ ယောက် သေပြီး ၅ ယောက့ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ထီလာပြည်သူ့ ကာကွယ်​ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
မိတ္တီလာမြို့နယ်၊ နန်းတော်ကုန်းလမ်းနဲ့ ကန်ပတ်လမ်း လမ်းဆုံ ရထားသံလမ်း​ဘေးက ရဲကင်းကို စက်တင်ဘာလ ၁၇ ရက် မနက်ပိုင်းက ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။
အဲ့ဒီဗုံးဖောက်ခွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲ ၃ ယောက် သေဆုံးပြီး ၅ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁၆ ရက် ညပိုင်းကလည်း မိတ္ထီလာ မြို့မ ရဲစခန်းရှေ့မှာ မိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မိုင်းတစ်လုံးပေါက်ကွဲပြီး တစ်လုံးပေါက် ကွဲမှုမရှိပေမယ့် မိုင်းပေါက်ကွဲမှုကြောင့် အကြမ်းဖက်စစ်သားနဲ့ ရဲတွေ ထိခိုက်ဒဏ်ရာရရှိတာတွေ ရှိတယ်လို့ သိရပါတယ်။
ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်က မိတ္တီလာမြို့ကို ပိတ်ဆို့ စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တဲ့အပြင် ဂိတ်ချ စစ်ဆေးမှုတွေကိုပါ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို မိတ္ထီလာမြို့နယ် ပကဖ နဲ့ မိတ္ထီလာခရိုင်တပ်ရင်း ၄ ရဲဘော်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
မိတ္ထီလာမြို့နယ် ပကဖနဲ မိတ္ထီလာခရိုင်တပ်ရင်းတွေက အကြမ်းဖက်စစ်ကောင်စီကို အရှိန်မြှင့်တိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်သား၊ ရဲ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းလုပ်ကိုင် နေထိုင်ခြင်းမပြုဖို့၊ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ စာရေးတွေ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – ဗုံးကွဲမှုကြောင့် ထိခိုက်သေဆုံးခဲ့တဲ့ ရဲ ၃ ယောက်
0 Shares:
You May Also Like
Read More

ABSDF စစ်ကြောင်း ၃ ရဲ့ အခြေခံစစ်ပညာသင်တန်း ( ၂/၂၀၂၄ ) ၊ သင်တန်းအပတ်စဉ် (၅) သင်တန်းဆင်းပွဲ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)၊ အမှတ် ၃ စစ်ကြောင်းမှာ ပြုလုပ်တဲ့  အခြေခံစစ်ပညာသင်တန်း ( ၂/၂၀၂၄ ) ၊ သင်တန်းအပတ်စဉ် (၅) သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာလ ၂၇ ရက်က စစ်ကြောင်း ၃ လှုပ်ရှားနယ်မြေမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ (International Humanitarian Law) IHL သင်တန်းကို ABSDF ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်းမှာ ပြုလုပ်

အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေ IHL သင်တန်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော် - ABSDF) ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်းမှာ ပြုလုပ်ခဲ့တယ်လို့ ABSDF က ထုတ်ပြန်ထားပါတယ်။
Read More

နိုင်ကျဉ်းဟောင်း LGBT စာရေးဆရာမ စောဟန်နွေဦး ကွယ်လွန်

နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ LGBT စာရေးဆရာမ  စောဟန်နွေဦးဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်တော်ဆေးခန်းမှာ ဆေးကုသမှုခံယူရင်း ဒီနေ့မနက်မှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
Read More

မကွေးတိုင်းမှာ PDF တွေ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်နေ (ဓာတ်ပုံသတင်း)

မကွေးတိုင်းအတွင်း မကွေးတိုင်း PDF ရဲဘော်တွေက ပြည်သူတွေနဲ့ တွေ့ဆုံကာ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၇ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ၏ ယာယီအပစ်ရပ်ရေးဟာ BIMSTEC အစည်းအဝေး တက်ဖို့နှင့် နိုင်ငံတကာ ထောက်ခံမှုရဖို့ ဟန်ပြကြေညာချက်သာ ဖြစ်သည်ဟု KNU ပြော

ရက် (၂၀) ကြာ ယာယီအပစ်အခတ်ရပ်စဲတယ်လို့ ထုတ်ပြန်ကြေညာထားတဲ့ အကြမ်းဖက်စစ်ကောင်စီက ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း  လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁ ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲပြင်းထန်နေသည့် ထုံခါ- မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းမကြီးပေါ်က ချောင်းနှစ်ပေါက်တံတားကို စစ်ကောင်စီ ဗုံးကြဲ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေး လမ်းမကြီးပေါ်မှာရှိတဲ့ ချောင်းနှစ်ပေါက် တံတားကို စစ်ကောင်စီက ဒီနေ့ (မတ်လ ၂၃) နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ တံတားပြိုကျပျက်စီးသွားကြောင်း သိရပါတယ်။