ထိုင်း-မြန်မာနယ်စပ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ရွှေဝါရောင်တော်လှန်ရေး ၁၇ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို စက်တင်ဘာ ၁၈ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
“၁၇ နှစ်မြောက် ရွှေဝါရောင်အခမ်းအနားကို ရွှေဝါရောင်သံဃာတော်တွေ ပင့်ဖိတ်ပြီး လွတ်မြောက်နေရာမှာ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဘာသာရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေပါ တက်ရောက်ခဲ့ကြပါတယ်” လို့ ပွဲတက်ရောက်လာတဲ့ တက်ကြွလှုပ်ရှားသူ အမျိုးသမီးက ပြောပါတယ်။
၂၀၀၇ ခုနှစ် စက်တင်ဘာလတုန်းက စက်သုံးဆီ ဈေးနှုန်းမြင့်တက်မှုနဲ့ အထွေထွေ အကျပ်အတည်း ဖြေရှင်းပေးရေး၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး စတဲ့အချက်တွေကို သံဃာတော်တွေ ဦးဆောင်ပြီး လမ်းမပေါ်ထွက် မေတ္တာပို့ တောင်းဆိုခဲ့မှုကို စစ်အစိုးရက ရက်ရက်စက်စက် အကြမ်းဖက် ဖြိုခွင်းခဲ့တာပါ။
“ဒီကနေ့ဆိုရင် အကြမ်းဖက်စစ်တပ်က လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြလို့ ပျံလွန်တော်မူသွားကြတဲ့ ဆရာတော် သံဃာတော်တွေနဲ့အတူ နိုင်ငံရေးပြုပြင်ပြောင်းလဲဖို့ ကြိုးစားရင်း ရွှေဝါရောင်အရေးအခင်းမှာ အသက်ပေးဆပ်ခဲ့ကြရတဲ့သူရဲကောင်းတွေကို အောက်မေ့သတိရ တမ်းတစေပြီး နောင်လာမယ့် မျိုးဆက်သစ်လူငယ်တွေပါ မမေ့မလျော့အောင် ရည်ရွယ်ပြုလုပ်ခဲ့တာပါ” လို့ အထက်ပါအမျိုးသမီးက ဆက်ပြောပါတယ်။
ရွှေဝါရောင်တော်လှန်ရေး ၁၇နှစ်ပြည့်မြောက်တဲ့ ဒီနေ့အချိန်မှာလည်း မြန်မာနိုင်ငံမှာ မင်းအောင်လှိုင် ဦးဆောင်တဲ့ တစ်ကျော့ပြန် စစ်အာဏာသိမ်းမှုကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်ကာ လူထုဟာ အကျပ်အတည်းပေါင်းစုံနဲ့ ရင်ဆိုင်နေကြရသလို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အာဏာသိမ်းစစ်တပ်က ဖမ်းဆီးအကျဉ်းချထားဆဲ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

မြောက်ဥက္ကလာ ကြံ့ခိုင်ရေးပါတီရုံးကို ၄၀ မမ လက်နက်ကြီးဖြင့် တိုက်ခိုက်…

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ကြံ့ခိုင်ရေးပါတီရုံးကို ၄၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Rangoon Scout Network က ဒီနေ့မှာ သတင်းဖော်ပြပါတယ်။
Read More

နေအိမ်ထဲအထိ ဝင်ရောက်ပေါ်တာဆွဲခံခဲ့ရသည့် စစ်မှုထမ်းတပ်သား အလင်းဝင်နိုင်ခဲ့ပြီ

မကွေးတိုင်း၊ ပခုက္ကူ တပ်မ (၁၀၁) ကနေ စစ်မှုထမ်းတပ်သားတစ်ယောက် ကျည်ဘောက်နဲ့ ကျည်တွေ ယူဆောင်ကာ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဒေါင်းညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PKU) ထံက သိရပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF က အမှတ် (၃၁) တပ်ရင်း ဖွဲ့စည်း…

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ၊ စစ်ဗျူဟာ အမှတ် (၁) က ဖယ်ခုံမြို့နယ် အခြေစိုက်တဲ့ အမှတ်(၃၁)တပ်ရင်းကို စက်တင်ဘာလ ၂ ရက်က တိုးချဲ့ဖွဲ့စည်းခဲ့တယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု နှစ်သစ်ကူးတွင် NUCC ကတိပြု

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့ အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိပြု တဲ့အကြောင်း ဇန်နဝါရီ (၁) ရက်နေ့မှာ သစ်ကူး နှုတ်ခွန်းဆက်သဝဏ်လွှာ ကတဆင့် အသိပေးလိုက်ပါတယ်။
Read More

ခလရ -၂၅၅ တပ်ရင်းက ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားသစ် ၃ ယောက်ကို PDF စောင့်ရှောက်ထား

မကွေးတိုင်း၊ စလင်းမြို့နယ် ခလရ-၂၅၅ တပ်ရင်းက ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားသစ် ၃ ယောက်ကို ထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးက စစ်ကောင်စီ ဂိတ်စခန်း ၃ ခုကို KNLA PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်

ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီဂိတ်စခန်း ၃ ခုကို KNU နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးကာ လက်နက်ခဲယမ်းများလည်း ရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ပါတယ်။