မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် မြို့မရဲစခန်းကနေ အကြမ်းဖက်စစ်ကောင်စီတပ်က တပ်ကြပ်ကြီး ၁ ယောက် လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်း (ဆော PDF)က ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီက စစ်ကောင်စီတပ်က တပ်ကြပ်ကြီးတစ်ယောက်ဟာ အမှတ်(၁)စစ်ဒေသ၊ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်းဆီ စက်ကလေးခေါ် MA-2 လက်နက်၊ ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်ရောက်ခဲ့ပါတယ်။
အခုလို ပြည်သူ့ရင်ခွင်ခိုလှုံပြီး အလင်းဝင်ရောက်ပူးပေါင်းခဲ့တဲ့ အဲ့ဒီစစ်ကောင်စီတပ်သားကို ယူဆောင်လာခဲ့တဲ့ လက်နက်အမျိုးအစားအပေါ် မူတည်ပြီး ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
အခုအချိန်ဟာ အကြမ်းဖက်စစ်တပ်ပြုတ်ကျရေးအတွက် စစ်ရေးအရှိန်မြင့်တင်နေတဲ့ကာလဖြစ်ပြီး
စစ်ကောင်စီလက်အောက်ခံ တပ်မတော်သားတွေ၊
ရဲတပ်သားတွေ အနေနဲ့ မိမိအသက်အာမခံချက်ရရှိအောင် အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်တပ်ကို စွန့်ခွာပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးဝင်ရောက်ခိုလှုံကြဖို့ ဆော PDF က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲအတုကို လက်မခံကြောင်း အမေရိကန်ရောက် မြန်မာများ အိမ်ဖြူတော်ရှေ့ ဆန္ဒပြ

အကြမ်းဖက် မြန်မာစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း အမေရိကန်နိုင်ငံရောက် မြန်မာတွေက နိုဝင်ဘာ ၂၂ ရက်မှာ သမ္မတရဲ့ အိမ်ဖြူတော်ရှေ့မှာ သွားရောက်ဆန္ဒပြခဲ့ပါတယ်။
Read More

မင်းကင်းမြို့နယ် ရွှေမျှောလုပ်ငန်းနေရာကို စစ်တပ် လေကြောင်း ဗုံးကြဲမှုကြောင့် ဒေသခံ ၂ ဦး သေဆုံး၊ ၁၀ ဦးကျော် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ရွှေမျှောလုပ်ငန်းနေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ မင်းကင်း နွေဦးတော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံးပါဝင်ဖို့ NUG ဖိတ်ခေါ်

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အားလုံး ပါဝင်လာဖို့ လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖိတ်ခေါ်  တိုက်တွန်းလိုက်ပါတယ်။
Read More

ရုရှားကနေ မှာယူထားတဲ့ Su-30SME အမျိုးအစား လေယာဉ် ၆ စင်းလုံး စစ်ကောင်စီထံ ပေးပို့ပြီးပြီ ဟု ဆို

စစ်ကောင်စီက မှာယူထားတဲ့ ဘက်စုံသုံး တိုက်လေယာဉ်  Su-30SME အမျိုးအစား လေယာဉ် ၆ စင်းကို ရုရှားက မြန်မာနိုင်ငံကို ပေးပို့လိုက်ပြီဖြစ်ကြောင်း ကမ္ဘာ့စစ်လက်နက်သတင်းတွေကို ဖော်ပြနေတဲ့ Army Recognition Group ကရေးသားထားပါတယ်။
Read More

သရက်တွင် စစ်ကားများ တိုက်ခိုက်ခံရပြီးနောက် အနီးနား ကျေးရွာများကို စစ်အုပ်စု ရမ်းသမ်းပစ်ခတ်နေ

မကွေးတိုင်း၊ သရက်မြို့နယ်မှာ စစ်တပ်ဖောကားတွေ ပြောက်ကျားတိုက်ခိုက်ခံရပြီးနောက် အထိနာနေတဲ့ စစ်အုပ်စုက လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်နေရာ ကျေးရွာ ၄ရွာက အရပ်သား ၂ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ United States Of Burma Army-USBA တာဝန်ရှိသူ ကိုဗဟိန်းက မောင်းကိုပြောပါတယ်။
Read More

မူးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃) ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၂)လုံး ထိခိုက်ပျက်စီးခဲ့…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃) ယောက် ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်(၂)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။