ကရင်နီပြည်စစ်မြေပြင်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF ရဲ့ တပ်ရင်း ၂၅ က ဆေးမှူး ရဲဘော် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
စက်တင်ဘာလ (၁၁) ရက်က ကရင်နီပြည်စစ်မြေပြင်တစ်နေရာမှာ KNDF တပ်ရင်း ၂၅ က ဆေးမှူး ဟန်သော်ဇင် (ခ) သော်ဇင်ညီညီဟာ တာ၀န်ထမ်းဆောင်ရင်း တိုင်းပြည်နဲ့ လူမျိုးအတွက် အသက် ပေးဆပ်ခဲ့သွားတယ်လို့ သိရပါတယ်။
” ဒီတစ်ခါ အိမ်ရောက်ရင် အရင်လို‌
‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လျှောက်မလည်ပဲ အိမ်ကပ်မိနေတော့မှာ ” ဆိုတဲ့ စာသားနဲ့အတူ KNDF တပ်ရင်း ၂၅ က ထုတ်ပြန်ထားတာပါ။
ကျဆုံးခဲ့ရတဲ့ ဆေးမှူး ဟန်သော်ဇင် (ခ) သော်ဇင်ညီညီကို KNDF တပ်ရင်း ၂၅ က ကျန်ရစ်တဲ့ ရဲဘော်ရဲဘက်တွေ အလေးနီပြု မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ကြံ့ခိုင်ရေးကိုယ်စားလှယ်တွေကို ယုံကြည်နိုင်တယ်၊ သံသယဖြစ်စရာ မရှိဘူးဟု အာဏာသိမ်းစစ်တပ် ဗိုလ်ချုပ်များဖြင့် ဖွဲ့စည်းထားသည့် ကြံ့ခိုင်ရေးပါတီ ပြော

အာဏာသိမ်းစစ်တပ်က စီစဥ်ပြုလုပ်တဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာမှာ ပြည်သူတွေအနေနဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စားလှယ်တွေကို သံသယမဖြစ်ဘဲ ယုံကြည်နိုင်တယ်လို့ ပျော်ဘွယ်မြို့နယ်မှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ကြံ့ခိုင်ရေး အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးက ပြောခဲ့ပါတယ်။
Read More

မြင်းမူမြို့ပေါ်က စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ မြို့ပေါ်နေရာတွေကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force M.N.R.F အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

တောင်တွင်းကြီးတွင် PDF များကို စိန်ခေါ်သည့် ကြံ့ခိုင်ရေးပါတီဝင်လင်မယား ရှင်းလင်းခံရ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ တလုတ်ကုန်းကျေးရွာက PDF တွေကို စိန်ခေါ်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်ထောက်တိုင် ကြံ့ခိုင်ရေးပါတီဝင် မြင့်စိန်နဲ့ ဇနီးဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မကွေး တောင်တွင်းကြီး အထူးပြောက်ကျား တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

MNDAA ဖမ်းဆီးထားသည့် အသက် ၁၈ နှစ်အောက် မိန်းကလေးငယ်ကို အမြန်ဆုံးလွတ်ပေးရန် ရှမ်းနှင့် ကချင်အရပ်ဖက်အဖွဲ့အစည်း တောင်းဆို

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိးမြို့နယ် မိုင်းယော်တိုက်နယ်၊ လုံးမွန်းကျေးရွာက ကိုးကန့်တပ်မတော် MNDAA တပ်ဖွဲ့ ဖမ်းဆီးထား‌တဲ့ အသက် ၁၈ နှစ်အောက် မိန်းကလေးငယ်ကို အမြန်ဆုံးလွတ်ပေးဖို့ ရှမ်းနဲ့ ကချင်အရပ်ဖက် အဖွဲ့အစည်းတွေက ‌‌တောင်းဆိုထားပါတယ်။
Read More

မိုးကုတ်မြို့ကို စစ်တပ် ထပ်မံလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၂၃ လုံး ပျက်စီး 

တအာင်းတပ်မတော် - PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ် ၂၃ လုံး ပျက်စီးပြီး ပြည်သူ ၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၄ နှစ် ကလေးငယ်အပါ ၄ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၄ နှစ်အရွယ် ကလေးငယ် အပါအဝင် ၄ ယောက် သေဆုံးခဲ့ပြီး ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network ထံက သိရပါတယ်။