ရန်ကုန်တိုင်း၊ ရွှေပေါက္ကံမြို့သစ်က (၂၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ယောက်သေဆုံးပြီး ၁ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
စက်တင်ဘာ ၁၆ရက်၊ မနေ့ကညပိုင်းမှာ ရွှေပေါက္ကံမြို့သစ်၊ (၂၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မြောက်ဥက္ကလာပ ပကဖ​တပ်ဖွဲ့ဝင်တွေက လက်ပစ်ဗုံး ၂လုံးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။
“မြေပြင်ရဲဘော်တွေရဲ့သတင်းပေးချက်အရ လက်ပစ်ဗုံး ၂လုံးစလုံး ထိရောက်မှုရှိလို့ ရုံးထဲရှိနေတဲ့ စစ်အုပ်စုအဖွဲ့ဝင် ၁ယောက်သေပြီး ၁ယောက်ဒဏ်ရာ​ပြင်းတယ်လို့သိရတယ်။ အုံးသံကြားရပြီး မီးတွေလည်း အကုန်ဖြတ်ပစ်လိုက်တယ်တဲ့။ အဲ့ဒီနောက် ဆေးရုံကားသံတွေလည်း ကြားရတယ်လို့ သတင်းပို့ပါတယ်” လို့ မြောက်ဥက္ကလာပမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။
၂၂ရပ်ကွက်ရုံး လက်ပစ်ဗုံးပစ်ခံရပြီးတဲ့နောက်မှာတော့ ရွှေပေါက္ကံရပ်ကွက်တွေထဲ စစ်သား၊ ရဲနဲ့ ပျူစောထီးအဖွဲ့ဝင်တွေက ကားတွေ ဆိုင်ကယ်တွေနဲ့ ကင်းလှည့်တာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီရက်ပိုင်း ရန်ကုန်တိုင်းအတွင်းကမြို့နယ်တွေမှာ မြို့ပြ UG တွေက စစ်ရေးဖော်​ဆောင်မှုတွေ ပြန်လည်လုပ်ဆောင်လာသလို ပြည်သူတွေနဲ့အတူ အကြမ်းမဖက်တဲ့ ဆန္ဒဖော်ထုတ်မှုတွေလည်း ဆက်တိုက်ဆိုသလို လုပ်ဆောင်လာတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ရက်၊ မနက်အ​​​​စောပိုင်းကလည်း ရွှေပြည်သာမြို့နယ်၊ ၁၄လမ်းဆုံနားက စစ်တပ်ဂိတ်ကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေ အဝေးထိန်းမိုင်းနဲ့တိုက်ခိုက်လို့ ဂျူတီလဲနေတဲ့စစ်သားတွေ ထိခိုက်​သေဆုံးခဲ့ရပါသေးတယ်။
0 Shares:
You May Also Like
Read More

ကန်ပိုက်တီးမြို့အနီးက အမှတ် ၁၀၀၃ BGF နယ်ခြားစောင့်တပ်ဌာနချုပ်စခန်းကုန်းကို KIA က တိုက်ခိုက်သိမ်းပိုက်၊ ပန်ဝါမြို့သိမ်းတိုက်ပွဲကနေ လက်နက်ကြီးငယ် ၅၀၀ ကျော်နဲ့ ခဲယမ်းများစွာ ရရှိ

ကချင်ပြည်နယ်၊ ကန်ပိုက်တီးမြို့အနီးက အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

စစ်ရေးပြမယ့် စစ်သားတွေ ရန်ဖြစ်လို့ အကြမ်းဖက် နှိမ်နင်းရေးတပ်ခေါ်ပြီး ကျင်စက်တွေပါ သုံးခဲ့ရ၊ ရန်ပွဲကြောင့် ၁၈ ယောက်ခန့် ဒဏ်ရာရတဲ့အထဲ ၃ ယောက် အသက်အန္တရာယ်စိုးရိမ်ရ 

နေပြည်တော်မှာ ဒီနေ့ ကျင်းပပြုလုပ်မယ့် ဖက်ဆစ်တော်လှန်ရေးနေ့၊ စစ်ကောင်စီအခေါ် (တပ်မတော်နေ့) စစ်ရေးပြဖို့ စုဝေးရောက်ရှိနေတဲ့ စစ်သားတွေ အရက်မူးစကားများ ရန်ဖြစ်ကြရာကနေ စစ်သား ၁၈ ယောက် ဒဏ်ရာရရှိခဲ့ပြီး ၃ ယောက်ကတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေ ရှိနေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

KIA ပစ်ချလိုက်တဲ့ ရဟတ်ယာဉ်ကို ရွှေကူမြို့အနီး တောတွင်းတစ်နေရာမှာ ရှာဖွေတွေ့ရှိ၊ ရဟတ်ယာဥ်ပေါ်ပါသူ အကုန် သေဆုံး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်ကူလာတဲ့ ရဟတ်ယာဉ် ၃ စီးကို KIA တပ်ဖွဲ့က ဒီကနေ့ ပစ်ခတ်ခဲ့ရာ ၂ စီး ထိမှန်ကာ၊ ၁ စီး ပျက်ကျသွားခဲ့တယ်လို့ သိရှိရပြီး၊ အဆိုပါ ပျက်ကျသွားတဲ့ ရဟတ်ယာဥ်ကို ရွှေကူမြို့နယ် စည်ငန်းရွာအနောက်ဘက် တောထဲမှာ တွေ့ရှိခဲ့တယ်လို့ ဒေသတွင်းရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

အင်းစိန်ဘူတာနှင့် မီးရထားစက်ခေါင်းစက်ရုံ၊ မြို့ပတ်ဒီဇယ်စက်ရုံ (တိုင်း ၇) တို့မှ ပင်စင်စားများ၏ နေအိမ် ၂၀၀ နီးပါး အတင်းအကျပ် ဖယ်ရှားခံနေရ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှာ အင်းစိန်ဘူတာအပါအဝင် မီးရထားစက်ခေါင်းစက်ရုံနဲ့ မြို့ပတ်ဒီဇယ်စက်ရုံ (တိုင်း ၇) နားက မီးရထား ပင်စင်စားတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီလက်အောက်ခံ အာဏာပိုင်ဆိုသူတွေက အတင်းအကျပ် ဖယ်ရှားခိုင်းထားကြောင်း နေထိုင်သူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

ကက်သလစ်ဘုန်းတော်ကြီး ဖြစ်စဉ်မှာ အမှုမှန်ပေါ်ပေါက်ရေး အမြန်ဆုံးလုပ်ဆောင်ဖို့ NUG အစိုးရအဖွဲ့ကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တိုက်တွန်း

ကက်သလစ်ဘုန်းတော်ကြီး ဖာသာရ် ဒေါ်နယ်မာတင် အသတ်ခံရမှုအတွက် အမှုမှန်ကို အမြန်ဆုံးဖော်ထုတ်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က သူ့အစိုးရအဖွဲ့ကို ပြောကြားလိုက်ပါတယ်။
Read More

ဘီးလင်းမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူပိုင်အဆောက်အဦးတွေ ထိခိုက်ပျက်စီး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူပိုင်အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။