ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ဆိုင်ကယ်နဲ့ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်ရဲတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၁ယောက်သေဆုံးပြီး ဒုရဲအုပ်အပါအဝင် ၂ယောက်ကတော့ ထိခိုက်ဒဏ်ရာအပြင်းအထန်နဲ့ ပြည်ဆေးရုံပေါ်မှာ ခွဲစိတ်ကုသနေရတယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ-၂ ၊ Phoenix DF ထံက သိရပါတယ်။
စက်တင်ဘာ ၁၄ရက်၊ ညပိုင်းက နတ်တလင်းမြို့နယ်၊ တောင်ညိုကွက်သစ်ရဲစခန်းကနေ ဆိုင်ကယ်၅စီးနဲ့ လှည့်ကင်းထွက်လာတဲ့ ရဲတပ်ဖွဲ့ဝင် ၉ယောက်ကို PDF တပ်ဖွဲ့ဝင်တွေက အောင်ရတနာရပ်ကွက်တစ်နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ဆိုင်ကယ်​စီးနင်းလာတဲ့ ဒုရဲအုပ်ဖြိုးဝေလင်းနဲ့ ရဲတပ်ဖွဲ့ဝင် တစ်ယောက်မှာ ထိခိုက်ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။
” ၁၄ရက်နေ့၊ ည၇နာရီကျော်လောက်မှာ မိုင်း၂လုံးဆွဲခဲ့တာပါ။ ၁ယောက်ကတော့ နေရာတင်သေတယ်။ ကျန်တဲ့ ဒုရဲအုပ် ဖြိုးဝေလင်းနဲ့ ၁ယောက်ကတော့ တောင်ညိုတိုက်နယ်ဆေးရုံကနေ မနိုင်လို့ ပြည်ဆေးရုံကို ​လွှဲထားရတယ်လို့သိရတယ်။ ဖြိုးဝေလင်း ထိတာက ညှပ်ရိုးထိတာ.. ပြည်ဆေးရုံမှာ ခွဲစိတ်နေတယ်လို့လည်း ကြားတယ်။ သေတယ်လည်း ကြားတယ်။ ဘာမှန်းမသိသေးပါဘူး” သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ-၂ ၊ Phoenix DF ရဲ့သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဂျူပီတာက မောင်းကိုပြောပါတယ်။
အထက်ပါ မိုင်းဆွဲတိုက်ခိုက်မှုပြီးတဲ့အချိန်မှာ အခင်းဖြစ်တဲ့နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေရောက်ရှိလာပြီး နေရာကိုပိတ်ဆို့စစ်ဆေးကာ အနီးအနားက အပြစ်မဲ့ပြည်သူ ၆ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
“အခုချိန်အထိတော့ ၆ယောက်ဖမ်းသွားတဲ့ထဲက ၄ယောက်ကိုပဲ ပြန်လွှတ်ပေးပါသေးတယ်။ အနီးအနားက အပြစ်မရှိတဲ့ပြည်သူတွေကို ဖမ်းသွားတာပါ။ အဲ့ဒါ ကျန်တဲ့ ၂ယောက်ကတော့ စစ်ဆေးခံနေရဆဲလို့သိရတယ်။” လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ-၂ ၊ Phoenix DF ရဲ့သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဂျူပီတာက မောင်းကိုပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း တောင်ညိုကွက်သစ်ရဲစခန်းက ရဲတွေ ဆိုင်ကယ်နဲ့ ကင်းပတ်ချိန်မှာ အလားတူမိုင်းဆွဲတိုက်ခိုက်ခံရ​ပါသေးတယ်။ အဲ့အချိန်ကလည်း စစ်အုပ်စုက အနီးအနားကအမျိုးသမီး၁ယောက်ကို မသင်္ကာမှုနဲ့စွပ်စွဲဖမ်းဆီးခဲ့ပါသေးတယ်။
ဒါ့အပြင် နောက်၃ရက်အကြာမှာလည်း နတ်တလင်းအပိုင် လယ်မအင်းပန်းပဲဖိုနဲ့ လျှောဖြူခင်းကြားမှာ ပျူစောထီး ဆိုင်ကယ်၂စီးကို PDF တွေက ထပ်မံပြီး မိုင်းဆွဲခဲ့လို့ စစ်အုပ်စုက အနီးအနားကျေးရွာတွေကို လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်တာတွေနဲ့ အရပ်သားပြည်သူတွေကို လမ်းပိတ်စစ်ဆေးရိုက်နှက်တာတွေ လုပ်ခဲ့ပါသေးတယ်။
ဓာတ်ပုံ – ဆိုင်ကယ်နဲ့ ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်များ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

မတ်လ နောက်ဆုံးရက်သတ္တပတ်အတွင်း စစ်ကောင်စီတပ်သား ၁၄ ဦး အလင်းဝင်လာ

ပြီးခဲ့တဲ့ မတ်လနောက်ဆုံစရက်သတ္တပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာကာ တော်လှန်ရေးတပ်တွေဆီ ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား ၁၄ ယောက်ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အထက်ခပေါင်းဆည်ရေလွှဲ တမံစခန်းကို PDF များဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီဘက်က ၁၁ ဦး သေပြီး စခန်းနှင့် လက်နက်ခဲယမ်းများကို PDF ရရှိ

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ကအကြမ်းဖက်စစ်အုပ်စုရဲ့ အထက်ခပေါင်းဆည် ရေလွှဲတမံစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်ကောင်စီဘက်က ၁၁ ယောက် ထက်မနည်း ထိခိုက်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ A.D.G Brothers တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ဘောလခဲမြို့ ရေနီပေါက် ဗျူဟာစခန်းကုန်းကာကင်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ကရင်နီပြည်နယ်၊ ဘောလခဲမြို့က စစ်ကောင်စီရဲ့ ရေနီပေါက် ဗျူဟာစခန်းကုန်းကာကင်းကို ကရင်နီတော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

တောင်သာနှင့် သပိတ်ကျင်းတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ၊ အရပ်သား ထိခိုက်သေဆုံးမှုများ ရှိ

မန္တလေးတိုင်း၊ သပိတ်ကျင်းနဲ့ တောင်သာမြို့နယ်တို့မှာ စစ်ကောင်စီက နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် ဗုံးခိုကျင်းတွေ အသုံးပြုကြဖို့ ဒေသတော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။
Read More

Unity GenerationZ PDF က အခြေခံ စစ်ပညာ ရက်တိုသင်တန်းပေး

ကရင်နီပြည်အခြေစိုက် Unity GenerationZ PDF က စစ်စည်းကမ်းသေဝပ်မှုနဲ့ Chain of Command - COC တည်ဆောက်မှု မြင့်မားလာစေဖို့အတွက် အခြေခံစစ်ပညာ ရက်တိုသင်တန်းပေးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ကနီတွင် ကင်းလှည့်လာသည့် စစ်အုပ်စုမြို့စောင့်တပ် စောင့်ကြိုတိုက်ခိုက်ခံရပြီး ၇ ဦး သေ၊ သေနတ် ၂ လက် ရရှိ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်မှာ ကင်းလှည့်ထွက်လာတဲ့ စစ်အုပ်စုမြို့စောင့်တပ်ကို စောင့်ကြိုတိုက်ခိုက်ရာ စစ်သားနဲ့ ရဲ ၇ ယောက် သေဆုံးပြီး သေနတ်၂ လက် ရရှိခဲ့တယ်လို့ KLG PDF - ကျောက်လုံးကြီး တာဝန်ရှိသူက မောင်းကို ပြောပါတယ်။