ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်အတွင်း ကိုယ့်မြို့ကိုယ် ကာကွယ်ဖို့ဆိုပြီး အသက် ၃၅ နှစ်ကနေ အသက် ၆၀ နှစ်အတွင်း ဒေသခံတွေကို တစ်ရွာ အယောက် ၅၀ နှုန်းနဲ့ အာဏာသိမ်းစစ်တပ်က စစ်သင်တန်းတွေ ပို့ချနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေမှာ အသက်အရွယ်အရ ကင်းလွတ်နေသူတွေကို မြို့ရွာလုံခြုံရေးဆိုပြီး စစ်တပ်ထဲ သွတ်သွင်းဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
“လူတစ်ယောက်ကို တစ်နေ့ နေ့စားခ ၁၀၀၀ ပေးတယ်။ နောက် စစ်သင်တန်းတက်ရမယ်ဆိုပြီး အုပ်ချုပ်ရေးမှူးတွေကတဆင့် ခေါ်ယူပေးနေတာ။ ၁လကို ရပ်ကွက်တစ်ခုကို အယောက်၅၀နှုန်းထုတ်ပေးရမှာပါ။ ကိုယ့်မြို့ကို ပြန်ကာကွယ်ဖို့ စစ်သင်တန်းပို့ချတာလို့ ခေါင်းစဉ်တပ်ထားတယ်” လို့ ကျုံပျော်ဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်
“ကျုံပျော်မြို့ထဲက တေဇရပ်ကွက်၊ အောင်ဆန်းရပ်ကွက်၊ ပင်လုံရပ်ကွက်နဲ့ မြဝတီရပ်ကွက်တွေက တစ်ရပ်ကွက် လူအယောက် ၅၀ စီပေးရမှာပါ။ သင်တန်း မတက်သူတွေကို အိမ်တိုင်ရာရောက် အကြမ်းဖက်စစ်ဝတ်စုံ လာပို့ပေးပြီး ဖမ်းဆီးခေါ်ဆောင်မယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေကခြိမ်းခြောက်နေတယ်” လို့ အထက်ပါ ကျုံပျော်ဒေသခံက ထပ်ပြောပါတယ်။
ကိုယ့်မြို့ကိုယ်ပြန်ကာကွယ်ဖို့ဆိုပြီး ဒေသခံတွေကို အတင်းအဓမ္မ ခေါ်ယူ စစ်သင်တန်းပေးမှုတွေကို ကျုံပျော်မြို့နယ်အပြင် ဓနုဖြူနဲ့ မအူပင်တို့မှာလည်း အကြမ်းဖက်စစ်ကောင်စီက လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဓာတ်ပုံ – အကြမ်းဖက်စစ်သင်တန်းပေးဖို့ ခေါ်ယူခံထားရသူများ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

Southern Shan Revolution Youth ရဲ့ တပ်ခွဲ ၂ ကော်ဘရာတပ်ဖွဲ့ရဲ့ အပတ်စဉ် (၃) စစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၈ တပ်ရင်း - Southern Shan Revolution Youth (SSRY) ၊ တပ်ခွဲ ၂ ကော်ဘရာတပ်ဖွဲ့ရဲ့ အပတ်စဉ် (၃) စစ်သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၄ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဗမာ့တပ်တော် အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၅/၂၀၂၅) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ဗမာ့တပ်တော်၊ အမှတ် (၃) စစ်ဦးစီးကွပ်ကဲရေးဒေသ၊ အခြေခံစစ်ညာသင်တန်း၊ အမှတ်စဉ် (၅/၂၀၂၅)၊ သင်တန်းဆင်းပွဲအခမ်းအနားကို ဩဂုတ်လ ၅ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မနေ့ကညပိုင်းမှာ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။
Read More

အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရသည့် ခမရ (၅၅၇) မှ စစ်သား (၂) ဦး တနင်္သာရီမြို့နယ်ပကဖထံ အလင်းဝင်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အခြေစိုက် ခမရ ၅၅၇ တပ်ရင်းက စစ်သား ၂ ယောက် လက်နက်နဲ့အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ယင်းမာပင်မြို့နယ်ရှိ စာသင်ကျောင်းများတွင် လေကြောင်းအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းတွေမှာ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဥဦး (BLDF) ၊ စစ်ဒေသ- ၁ အနေနဲ့ စက်တင်ဘာ ၂၆ ရက် ဒီနေ့မှာ လေကြောင်းအန္တရာယ် ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတွေနဲ့ လက်တွေ့လေ့ကျင့်ရေး အစီအစဥ်တွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံးပြီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိကာ ဘုရားကျောင်း (၁) ထိခိုက်ပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံးပြီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိကာ ဘုရားကျောင်း (၁) ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဖော်ပြထားပါတယ်။
Read More

သီပေါမြို့က ခမရ-၅၀၃ နဲ့ ၅၀၄ တပ်စခန်းအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်တပ်မိသားစုဝင် (၁၉၁) ယောက်ကို TNLA ပြန်လွှတ်ပေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အခြေစိုက်တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း (၅၀၃) နဲ့ (၅၀၄) စခန်းတို့ကို တအာင်းတပ်မတော် TNLA တိုက်ခိုက်သိမ်းပိုက်ချိန် ဖမ်းဆီးရမိထားတဲ့ တပ်မိသားစုဝင် (၁၉၁) ယောက်ကို အောက်တိုဘာလ ၁၂ ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။