စစ်ဘေးရှောင်ကလေးငယ်တွေကိုပါ သေကြေအောင် လေကြောင်းကနေ အကြမ်းဖက်တိုက်ခိုက်နေတဲ့ စစ်ကောင်စီထံ လက်နက်နဲ့လေယာဉ်ဆီရောင်းချနေမှုတွေကို နိုင်ငံတကာအနေနဲ့ အမြန်ဆုံး ရပ်ဆိုင်းဖို့ အရပ်ဖက်နဲ့ တော်လှန်ရေးအင်အားစု ၃၁၀ ကျော်ကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
ရှမ်း-ကရင်နီအစပ် ၊ ဖယ်ခုံမြို့နယ်မှာ ဘန် ကောက် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီကလေ ကြောင်း ကနေ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ ကလေးတွေ သေဆုံးရတဲ့ ဖြစ်စဉ်ကို ပြင်းထန်စွာ ရှုတ်ချတယ်လို့ အရပ်ဘက်အဖွဲ့အစည်း ၃၁၆ဖွဲ့က ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်တာပါ။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား ၉ ဦးထက်မနည်း သေဆုံးပြီး စစ်ဘေးရှောင်ပြည်သူ ၂၀ ကျော် ဒါဏ်ရာရရှိခဲ့မှုအပေါ် အရပ်ဘက်အဖွဲ့အစည်းတွေက အပြင်းထန်ဆုံး စကားလုံးတွေနဲ့ ရှုတ်ချတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီအနေနဲ့ အခုလို ပြင်းထန်တဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေ လုပ်ဆောင်နိုင်အောင် လက်နက်နဲ့ လေယာဉ်ဆီရောင်းချနေတဲ့ နိုင်ငံတကာကိုလည်း အမြန်ဆုံးပိတ်ဆို့အရေးယူပြီး ရောင်းချမှုတွေ ရပ်တန့်ပေးဖို့ နိုင်ငံတကာကိုပါ တိုက်တွန်းလိုက်တာပါ။
စစ်တပ်က အာဏာသိမ်ချိန် ၂၀၂၁ ခုနှစ် မှစတင်၍ လက်ရှိ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ ကရင်နီပြည်ထဲ အရပ်သားပစ် မှတ် တွေကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှု ၃၁၃ကြိမ် ကျူးလွန်ခဲ့ပြီး ဘုရားကျောင်း ၅၂ကျောင်း၊ စာ သင်ကျောင်း ၂၅ ကျောင်း၊ ဆေးရုံ ၁၆ခုပျက်စီးပြီး အရပ်သား ၅၁၅ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ခိုက်မှုအများစုဟာ လုံး၀သီးခံခွင့်လွှတ်လို့မရတဲ့ အရပ်သားပစ်မှတ် အများစုကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြစ်မဲ့ ပြည်သူတွေဟာ ကရင်နီဒေသမှာ နေ့စဉ်သေဆုံးနေရတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ခန့်မှန်းလူဦးရေ ၄သိန်းကျော် ရှိတဲ့ ကရင်နီပြည်က လူဦးရေ ၂သိန်းဝန်းကျင်ဟာနေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေရလို့ အခက်အခဲတွေနဲ့လည်း ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် နိုင်ငံတကာအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်သွားဖို့ လက်တွေ့ကျ ထိရောက်တဲ့ အရေးယူပိတ်ဆို့မှုတွေ အမြန်ဆုံးပြုလုပ်ပေးဖို့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
0 Shares:
You May Also Like
Read More

မွန်တပ်ဖွဲ့ (၄) ဖွဲ့ “ရာမညပူးတွဲစစ်ကြောင်း” အဖြစ် စတင်ဖွဲ့စည်း

မွန်ပြည်နယ်က တော်လှန်ရေးတပ်တွေဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA-AD) ၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) နဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ပူးပေါင်းကာ “ရာမညပူးတွဲစစ်ကြောင်း” ကို ဖွဲ့စည်းလိုက်ကြောင်းကို ဒီနေ့ ဇန်နဝါရီလ ၁၉ ရက်မှာ ပူးတွဲသတင်းထုတ်ပြန်လာပါတယ်။
Read More

ညောင်ဦးတွင် စစ်ကောင်စီစစ်ကြောင်းနှင့် စဥ့်ကူနယ်မြေ ရဲစခန်းကို PDF ၂ ရက်ဆက် တိုက်ခိုက်၊ စခန်းမှူးအပါ စစ်ကောင်စီဘက်မှ ၇ ဦးခန့် သေဆုံး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်က စစ်ကြောင်းထိုးရွာမီးရှို့တဲ့ အကြမ်းဖက်စစ်တပ်နဲ့ စဥ့်ကူးနယ်မြေ ရဲစခန်းတို့ကို ၂ ရက်ဆက် တိုက်ခိုက်မှုမှာ စခန်းမှူးအပါ စစ်ကောင်စီဘက်က ၇ ယောက် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Bagan Bo Cho PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကျိုက်ထို မုပ္ပလင်ဂိတ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ စစ်သား ၃ ဦး သေ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်စစ်ဆေးရေးဂိတ်ကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက် သေဆုံးပြီး ၅ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

မြန်မာ့အရေး ၀င်ရောက်စွက်ဖက်နေတဲ့ တရုတ်ကို မြောက်ကယ်ရိုလိုင်းနားမှာ မြန်မာတွေ ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ချာပယ်ဟေးမြို့ရောက် မြန်မာတက်ကြွလှုပ်ရှားသူတွေက မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်နေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
Read More

ရှေ့နေ ဒေါ်ရွက်နုအောင် ရရှိခဲ့တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဆုကို NUG ဝန်ကြီး ဦးအောင်မျိုးမင်းက ကိုယ်စားရယူပေးခဲ့

စစ်ကောင်စီရဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရတဲ့ ရှေ့နေဒေါ်ရွက်နုအောင် ရရှိခဲ့တဲ့ နိုင်ငံတကာလူ့အခွင့်အရေးဆု “Ludovic Trarieux” ကို NUG ရဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက လက်ခံ ရယူပေးခဲ့ပါတယ်။
Read More

ယင်းမာပင်မြို့နယ် ပကဖ လက်ရုံးတပ်၏ ဖွဲ့စည်းတည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) လက်ရုံးတပ် Union Liberation Front - ULF စစ်ကြောင်း ဖွဲ့စည်းတည်ထောင်ခြင်း (၃) နှစ်ပြည့် အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံတွေကို အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ထားပါတယ်။