ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက (၇၉) ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိအဖြစ် ဆောင်ရွက်မယ့် Philemon Yang နဲ့ စက်တင်ဘာ ၁၆ ရက် မနေ့က တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
တွေ့ဆုံမှုမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပွားနေတဲ့ အခြေအနေတွေ၊ မြန်မာ့အရေးနဲ့ စပ်လျဥ်းတဲ့ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဖြစ်စဥ်တွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
(၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ သဘာပတိဖြစ်သူ Philemon Yang ဟာ ကင်မရွန်းနိုင်ငံဝန်ကြီးချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ကန်ချနဘူရီမှ တောအုပ်တခုတွင် တရားမဝင် မြန်မာရွှေ့ပြောင်း ၁၆၂ ဦး ဖမ်းဆီးခံရ

ထိုင်းနဲ့ မလေးရှားမှာ အလုပ်ဖို့အတွက် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်း ၁၆၂ ယောက်ကို ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ၊ သောင်းဖဖုံခရိုင်က တောအုပ်တခုအတွင်းမှာ တနင်္ဂနွေနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်အာဏာရှင်လက်အောက် အနှစ်သာရ ကင်းမဲ့နေတဲ့ မြန်မာသင်္ကြန် ယူနက်စကို စာရင်းဝင်ခဲ့ပြီ

မြန်မာ့ရိုးရာအတာသင်္ကြန်ဟာ မြန်မာပြည်သူပြည်သားတွေ အားလုံးမျှော်လင့်နေတဲ့ ယူနက်စကိုရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင်အဖြစ် အသိအမှတ်ပြု စာရင်းဝင်ခဲ့ပါပြီ။
Read More

‘ကျွန်တော့မေမေ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်မြောက်စေရန်၊ ပြည်သူများကို ကာကွယ်ပေးရန် (ဖိနှိပ်သူများအားမဟုတ်ပဲ) အကျိုးသက်ရောက်သော ပြုပြင်ပြောင်းလဲမှုများကို အတူတကွ ဆောင်ရွက်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များထံ ကိုထိန်လင်း တောင်းဆို (ရုပ်သံ)

'ကျွန်တော့မေမေ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်မြောက်စေရန်၊ ပြည်သူများကို ကာကွယ်ပေးရန် (ဖိနှိပ်သူများအားမဟုတ်ပဲ) အကျိုးသက်ရောက်သော ပြုပြင်ပြောင်းလဲမှုများကို အတူတကွ ဆောင်ရွက်ရန် တောင်းဆိုချင်ပါတယ်''လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များထံ ကိုထိန်လင်းက တောင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို အကြမ်းဖက်မှု (သို့မဟုတ်) အတုအယောင် ရွေးကောက်ပွဲများနဲ့ မဖြေရှင်းနိုင်ကြောင်း ထပ်မံအတည်ပြုပေးခဲ့တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုလည်း ကျေးဇူး တင်တယ်လို့ ကိုထိန်လင်းက ပြောကြားခဲ့ပါတယ်။
Read More

မင်းအောင်လှိုင်ကို ဖိတ်ခေါ်တဲ့ ခရီးစဉ်အပေါ်  ပြန်လည်သုံးသပ်ဖို့ တရုတ်ကို NUG တောင်းဆို

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

NUG နိုင်ငံခြားရေးဝန်ကြီးက ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ နိုင်ငံခြားရေးဝန်ကြီးဝန်ကြီး ဒေါ်ဇင်မာအောင်က ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jan Lipavský နဲ့ တွေ့ဆုံခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာသိမ်းမှုကြောင့် မြန်မာလူဦးရေ ၁၉.၉ သန်းလောက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အရေးပေါ် လိုအပ်နေပြီဟု ကုလ ထုတ်ပြန်

စစ်အာဏာသိမ်းမှု ၄ နှစ်တာအတွင်း  မြန်မာနိုင်ငံက စစ်ရေးပဋိပက္ခတွေကြောင့် လူဦးရေ ၁၉.၉ သန်းလောက်ဟာ အရေးပေါ် လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ (UN) က သတိပေးထုတ်ပြန်လိုက်ပါတယ်။