ဧရာဝတီတိုင်းက အကြမ်းဖက်စစ်တပ်ရဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) လက်အောက်ခံ အရာရှိ ၅ယောက်ကို တပ်သားအင်အား လိမ်လည်ဖော်ပြမှု၊ စက်သုံးဆီ မှောင်ခိုလုပ်ကိုင်မှုတွေနဲ့ ဖမ်းဆီးစစ်ဆေးနေကြောင်း စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ဒါ့အပြင် အဲဒီ အရာရှိ ၅ယောက်ကို ဖမ်းဆီးစစ်ဆေးတဲ့နေရာမှာ တရားမဝင် ကျွန်းသစ်ခိုးယူ တင်သွင်းမှုတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
“ဗိုလ်မှူးကြီးအဆင့်ရှိသူ မျိုးညွန့်ဦး၊ စစ်ဦးစီးပထမတန်းအဆင့် ဒုဗိုလ်မှူးကြီး အောင်ဆန်းလွင်၊ ဒုဗိုလ်မှူးကြီးအဆင့် ကျော်စွာထွန်းနဲ့ တပ်ရင်းမှူးအဆင့် ၂ယောက်၊ စုစုပေါင်း ၅ ယောက်ကို အကြမ်းဖက်စစ်တပ် စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ် စရဖ က ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်နေတယ်” လို့ နတခ စစ်ဌာနချုပ်နဲ့ နီးစပ်သူက မောင်းကိုပြောပါတယ်။
ဧရာဝတီတိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်တွေဟာ တပ်ရင်းဖွဲ့စည်းပုံအင်အားကို စာရင်းလိမ်လည် ဖော်ပြမှုတွေ ရှိနေပြီး ရှေ့တန်းစစ်မြေပြင် မလိုက်ရဖို့ တိုင်းစစ်ဌာနချုပ်နဲ့ လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
“သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုပါ ယာယီထိန်းသိမ်းထားတယ်။ နတခ G1 ရဲ့ ပိုင်ဆိုင်မှုဖြစ်တဲ့ ခြံမြေကွက် ၁၂ ကွက်၊ ဘဏ်စာအုပ် ၃အုပ်၊ KTV ဆိုင် ၁ဆိုင်၊ အခေါက်ရွှေ ၄တုံး ကိုပါ သိမ်းဆည်းလိုက်တယ်။ အကြမ်းဖက်စစ်တပ်ရဲ့ G1 အဆင့်ရှိသူကိုတော့ ရန်ကုန်မြို့က မင်္ဂလာဒုံတပ်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်” လို့ အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။
ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်ရာမှာလည်း ထုတ်နုတ်အင်အားတွေနဲ့သာ ပို့ဆောင်နေပြီး တပ်ရင်းတပ်ဖွဲ့အလိုက် လိုအပ်တဲ့ အင်အားပမာဏ မပြည့်မီလို့ အထက်က ဝင်ရောက်စစ်ဆေးရင်း စက်သုံးဆီနဲ့ ကျွန်းသစ် တရားမဝင် မှောင်ခိုလုပ်ကိုင်မှုတွေပါ ပေါ်ပေါက်လာခဲ့တာဖြစ်တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ဓာတ်ပုံ – အကြမ်းဖက်စစ်ကောင်စီတပ်သားတချို့
0 Shares:
You May Also Like
Read More

ရာမညမွန်တပ်တော်က ရုံးသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော်က ရုံးသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

SSNDF /KNDF ဗျူဟာ ၉ ရဲ့ B-102 တပ်ရင်းမှ ပြုလုပ်သည့် တပ်ရင်းဆွေးနွေးပွဲ (ဓာတ်ပုံသတင်း)

ရှမ်းတောင်အမျိုးသားများ ကာကွယ်ရေးတပ်/ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (SSNDF /KNDF ဗျူဟာ ၉) B-102 တပ်ရင်းက ပြုလုပ်တဲ့ တပ်ရင်းဆွေးနွေးပွဲကို ဇွန်လ ၂၁ ရက်ကနေ ၂၂ရက်အထိ နှစ်ရက်တာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မကွေးအကျဉ်းထောင်အတွင်း အခြေအနေတင်းမာမှုများကြား နိုင်ကျဉ်း ၂ဦး အနည်းဆုံးသေဆုံးပြီး အများအပြားထိခိုက်ခဲ့၊ အကျဉ်းထောင် တိုက်ခိုက်ခံရမှုအတွက် နိုင်ကျဉ်းများကို စစ်ဆေးနေ

မကွေးအကျဥ်းထောင် တိုက်ခိုက်ခံရတဲ့ဖြစ်စဥ်နဲ့အတူ ထောင်ဝန်းအတွင်းဖြစ်ပွားခဲ့တဲ့ တင်းမာမှုတွေမှာ နိုင်ငံရေးအကျဥ်းသားတွေ ချိတ်ဆက်လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ထောင်တွင်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) တာဝန်ခံ ကိုသိုက်ထွန်းဦး က မောင်းကိုပြောပါတယ်။
Read More

ရွေးကောက်ပွဲဝင်မည့် ပါတီ ၄ ခုကို သတ်မှတ်ပါတီဝင်အရေအတွက်နှင့် ပါတီရုံးခန်း မရှိဟုဆိုကာ UEC ဖျက်သိမ်း၊ ကိုယ်စားလှယ်လောင်းလျှောက်လွှာတင်သူ များနေသည်ဟု ဆိုခဲ့သည့် ဒေါ်စန္ဒာမင်း၏ NDF ပါတီလည်း ပါဝင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကနေ ထုတ်ပယ်ခံထားရတဲ့ ဒေါ်စန္ဒာမင်း ဝင်ရောက်ယှဥ်ပြိုင်မယ့် NDF ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄ ခုကို သတ်မှတ်ပါတီဝင်ဦးရေ မပြည့်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲဝင်ခွင့် ဖျက်သိမ်းလိုက်ပါတယ်။
Read More

မတ္တရာမြို့နယ် ဝေါရွာသစ်ကျေးရွာကို စစ်ကောင်စီ လက်နက်ကြီးရော လေကြောင်းဖြင့်ပါ တိုက်ခိုက်၊ ကလေးငယ်အပါ ၂ဦး သေဆုံးပြီး နို့စို့ကလေးအပါ အများအပြား ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဝေါရွာသစ်ကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် ၁ယောက်အပါအဝင် အရပ်သား ၂ယောက် သေဆုံးပြီး နို့စို့ကလေးအပါ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY -PDF က သတင်းထုတ်ပြန်ပါတယ်။
Read More

ပတ္တမြားမြေရောက် အမရပူရ ရဲဘော်များ (ဓာတ်ပုံသတင်း)

တရုတ်ရဲ့ ကြားဝင်မှုကြောင့် မိုးကုတ်မြို့ကို တအာင်းတပ်မတော် TNLA လက်လွှတ်ခဲ့ရပြီးနောက် MDY PDF ၊ မိုးကုတ်ဗျူဟာ အပါအဝင် မြန်မာပြည်အလယ်ပိုင်းဒေသက တော်လှန်ရေးတပ်ဖွဲ့တွေကို မိုးကုတ်ကို အစွမ်းကုန် ကာကွယ်သွားမယ့်အကြောင်း ထုတ်ပြန်ထားပါတယ်။