ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဗျူဟာ (၃၃) နယ်မြေအတွင်းက ဒေါနစစ်ကြောင်း စစ်ရေးလှုပ်ရှားနယ်မြေအတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့် အရာရှိ ၂ ယောက် အလင်းဝင်လာတယ်လို့ ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၁ ရက်က အကြမ်းဖက်စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့်ရှိ အရာရှိ(၂) ယောက်ဟာ ဒေါနတပ်ရင်းဆီ ဆက်သွယ်ကာ CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့ သိရပါတယ်။
အလင်းဝင်လာသူ ၂ ယောက်ကို ဒေါနတပ်ရင်းက လုံခြုံနွေးထွေးစွာ ကြိုဆိုစောင့်ရှောက်ထားတဲ့အပြင် CDM ပြုလုပ်တဲ့ အရာရှိတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ပြည်သူ့သားကောင်းတွေအဖြစ် အသိအမှတ်ပြု ဂုဏ်ပြုဆုငွေတွေ ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုအနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာ စစ်ရေးရှုံးနိမ့်မှုတွေနဲ့ နယ်မြေဆုံးရှုံးမှုတွေ ကြုံတွေ့နေရပြီး တပ်တွင်းမှာလည်း မတရားမှုတွေ၊ အောက်လက်ငယ်သားတွေ စိတ်ဓာတ်ကျဆင်းမှုတွေ အကြီးအကျယ်ခံစားနေရပြီဖြစ်တယ်လို့ ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ပြည်သူလူထုကို မျက်နှာမူတဲ့ ပြည်သူ့စစ်သားစစ်စစ်တွေကို ဒေါနစစ်ကြောင်းက အချိန်မရွေး နွေးထွေးစွာကြိုဆိုနေပြီး အသက်အန္တရာယ်အာမခံချက်နဲ့ ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားမယ်လို့ ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၀၅ ဦး သေဆုံးခဲ့…

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီကြောင့် ၂၀၂၅ ခုနှစ်အတွင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၀၅ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဒိုက်ဦးထောင်တွင် အကျဉ်းထောင်အလုပ်များကို ငြင်းဆန်သည့် နိုင်ငံရေးအကျဉ်းသူများ ပါဆယ်ပို့ခွင့် ကန့်သတ်ခံရ

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူတွေဟာ အကျဉ်းထောင်အလုပ်တွေကို ငြင်းဆန်တာကြောင့် ပါဆယ်ပို့ခွင့် ကန့်သတ်ခံနေရကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ကနေ သတင်းထုတ်ပြန်ပါတယ်။
Read More

ကုလ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဟာ  မြန်မာနှင့်ဆက်နွယ်နေသည့် တရုတ်စီးပွါးရေးလုပ်ငန်းများတွင် ပါဝင်နေမှုကြောင့် စုံစမ်းစစ်ဆေးပေးဖို့ JFM တောင်းဆို 

ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်  ဂျူလီဘိရှော့ဟာ မြန်မာနဲ့ဆက်နွယ်နေတဲ့ တရုတ်စီးပွါးရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတာကြောင့် အကျိုးစီးပွားပဋိပက္ခတွေ ရှိမရှိ ကုလသမဂ္ဂအနေနဲ့ စုံစမ်းစစ်ဆေးပေးဖို့ Justice For Myanmar (JFM) က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ခလရ (၂၅၂) တပ်ရင်းနှင့် ထောက်ပို့တပ်ဝန်းအတွင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ရှော့တိုက်ဒုံးများနှင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲက တပ်မ (၁၀၁)လက်အောက်ခံ၊ ခလရ (၂၅၂)တပ်ရင်းနဲ့ ထောက်ပို့တပ်ရှိရာနေရာတွေကို တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ တပ်တွင်းထိခိုက်ပေါက်ကွဲမှုတွေ ရှိခဲ့ကြောင်း ပခုက္ကူမြို့နယ်ပကဖ၊ လက်နက်ကြီးတပ်ဖွဲ့-COBRA ONE တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ဒီဇင်ဘာလ ၂၆ ရက်၊ မနေ့မနက်ပိုင်းက ခလရ (၂၅၂)တပ်ရင်းနဲ့ ထောက်ပို့တပ်ဝန်းအတွင်းကို စက်တပ်လေထီးတွေ ပြန်လည်ဆင်းသက်ဖို့လုပ်ဆောင်နေချိန်မှာ COBRA ONE တပဖွဲ့ဝင်တွေက အဝေးပစ် ရှော့တိုက်ဒုံး၂လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရတာပါ။
Read More

မြန်မာစစ်တပ်ပိုင် Mytel ကို အမေရိကန် ပိတ်ဆို့အရေးယူ

စစ်ကောင်စီရဲ့ အကျိုးအမြတ်များစွာ ပါဝင်ပတ်သက်နေတဲ့ Mytel ကုမ္ပဏီကို အမေရိကန်က ပိတ်ဆို့အရေးယူမှုစာရင်းထဲ ထည့်သွင်းလိုက်တယ်လို့ ဇန်နဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။
Read More

အကျအဆုံးများစွာ ရင်ဆိုင်နေရသည့် စစ်တပ် ပြည်သူကို ပိုမို ဦးတည်တိုက်ခိုက်လာဟု AA ပြော၊ ပြည်သူများ စစ်ရေးသတိ အမြဲရှိနေကြဖို့ တိုက်တွန်း

မြေပြင်တိုက်ပွဲတွေမှာ အကျအဆုံးများစွာနဲ့ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်စစ်တပ်ဟာ အရပ်သားပြည်သူတွေရှိရာ နေရာတွေကို ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ပိုမိုလုပ်ဆောင်လာနေတာကြောင့် ပြည်သူတွေ စစ်ရေးသတိ အပြည့်အဝနဲ့ သတိထားနေထိုင်ကြဖို့ အာရက္ခတပ်တော် AA ထုတ်ပြန်ပါတယ်။