ကချင်ပြည်နယ်၊ ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်မှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ဒေသခံ၂ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာတွေရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်ကနေ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာဖြစ်ပြီး ငှက်ပျောတောရပ်ကွက်ကို ကျရောက်ပေါက်ကွဲခဲ့ကာ အခုလို သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။
“ဒီနေ့ (စက်တင်ဘာလ ၁၆ရက်) နေ့လည် ၂နာရီကျော်လောက်က ဖြစ်တာဗျ။ သူတို့ပစ်နေတာကတော့ ဆိုင်းတောင်ဘက်ကိုပစ်နေတာပဲ။ လက်နက်ကြီးအလုံးရေ အတော်လေးများတယ်။ အခုက ဆိုင်းတောင်ဘက်တင်မဟုတ်ဘူး။ တွေ့ကရာနေရာတွေ အကုန်ပစ်နေသလို ဖြစ်နေတာ။ ငှက်ပျောတောရပ်ကွက်နဲ့ အခု သူတို့လက်နက်ကြီးပစ်တဲ့ ဗျူဟာကုန်းနဲ့က သိပ်မဝေးဘူး”လို့ ငှက်ပျောတောရပ်ကွက် နေထိုင်သူတစ်ယောက်က မောင်းကိုပြောပါတယ်။
ဒေသခံ၂ယောက်ကတော့ နေရာမှာတင် သေဆုံးခဲ့ပြီး ၃ယောက်ကတော့ ထိခိုက်ဒဏ်ရာတွေရရှိထားတယ်လို့ အထက်ပါ ဒေသခံက ထပ်ပြောပါတယ်။
ဖားကန့်မြို့နယ် ဆိုင်းတောင်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွါးနေပြီး ဆိုင်းတောင်မြို့က ဟိုတယ်တစ်ခုမှာလည်း အကြမ်းဖက်စစ်တပ်က ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဓာတ်ပုံ – အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်ထားပုံ
0 Shares:
You May Also Like
Read More

မြဝတီမြို့ အမှတ် (၃) ရပ်ကွက် မီးလောင်မှု နေအိမ် ၁၀ လုံးနဲ့ လူနေတန်းလျား ၁၆ ခန်း ပျက်စီးဆုံးရှုံး

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် (၃)ရပ်ကွက်မှာ ဇန်နဝါရီ ၁၅ ရက် မနေ့က ည ၇နာရီကျော်မှာ မီးလောင်မှုဖြစ်ပွါးပြီး လူနေအိမ် ၁၀ လုံးနဲ့ လူနေတန်းလျား ၁၆ ခန်း ပျက်စီးဆုံးရှုံးသွားတယ်လို့ ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။
Read More

အင်မထီးရွာ ပျူစခန်းကနေ ကန်ဒေါင့်ရဲစခန်းကို ခဲယမ်းရိက္ခာလာပို့တဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ ၃ ယောက် သေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာ ပျူစောထီးစခန်းကနေ ကန်ဒေါင့်ရဲစခန်းကို ခဲယမ်းရိက္ခာလာပို့တဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၃ ယောက် သေဆုံးခဲ့တယ်လို့ ကျောင်းသားတပ်မတော် (ABSDF) စစ်ကြောင်း ၃ က ထုတ်ပြန်ထားပါတယ်။
Read More

သပိတ်ကျင်းမှာ မြို့နယ် ပကဖ က စစ်ရှောင်ပြည်သူများကို ရိက္ခာထောက်ပံ့၊ ကျန်းမာရေးစောင့်ရှောက်မှုများလည်း လုပ်ဆောင်ခဲ့

မန္တလေးတိုင်းအတွင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်စိုးမိုးထားတဲ့ သပိတ်ကျင်းမြို့နယ်မှာ စစ်ရှောင်ပြည်သူတွေကို ရိက္ခာထောက်ပံ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဆီက သိရပါတယ်။
Read More

ထီးလင်းမှာ စစ်တပ်စစ်ကြောင်း အသင့်စောင့်ဆိုင်းတိုက်ခိုက်ခံရလို့ ဗိုလ်ကြီးအပါ ၁၀ ယောက်ကျော်သေပြီး လေကြောင်းပစ်ကူခေါ်ခဲ့ရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ၊ ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် ထိခိုက်သေဆုံးသူ များခဲ့ကြောင်း သိရပါတယ်။
Read More

ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ်၏ မိုင်းထောင်ခြင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် အရပ်သား (၁) ဦး သေဆုံးပြီး ကလေးငယ် (၂) ဦး ထိခိုက် ဒဏ်ရာရရှိ…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်၊ ကျောက်ကြီးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထု အသုံးပြုတဲ့ လမ်းတွေမှာ မိုင်းထောင်ထားတာ၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အရပ်သား ပြည်သူ (၁) ယောက် သေဆုံးခဲ့ပြီး ကလေးငယ် (၂) ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဗန်းမောက်မြို့နယ် ရွှေလုပ်ကွက်နေရာကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ၁ဦး သေဆုံး၊ ၆ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်က ရွှေလုပ်ကွက်နေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ယောက် သေဆုံးခဲ့ကြောင်း ဗန်းမောက်နယ်ခံတွေဆီက သိရပါတယ်။ ဒီဇင်ဘာ ၇ရက် နေ့လယ် ၂နာရီလောက်မှာ တံတားဦး လေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၂စီးဟာ ဗန်းမောက်မြို့နယ်တောင်ပိုင်း သုံးပင်ကျေးရွာနားက ရွှေလုပ်ကွက်နေရာကို လေကြောင်းတိုက်ခိုက်မှု ၁၆ မိနစ်ခန့်ကြာ ပြုလုပ်ခဲ့တာကြောင့် ဒေသခံ ၁ယောက် သေဆုံးကာ ၆ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။