လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေး ရံပုံငွေအဖြစ် နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) အသုံးပြုသူတွေက ကျပ်သိန်း ၈၀၀ အထိ ထပ်မံလှူဒါန်းထားတယ်လို့ SDB က ထုတ်ပြန်ထားပါတယ်။
နွေဦးဖွံ့ဖြိုးရေးဘဏ်အနေနဲ့ ရေဘေးသင့်ဒေသတွေက ပြည်သူတွေအတွက် လိုအပ်တဲ့ အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ကဏ္ဍအလိုက် မျှဝေသုံးစွဲသွားနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနဆီ စက်တင်ဘာ ၁၅ ရက်နေ့ ညနေ ၅ နာရီအထိ ကောက်ခံရရှိတဲ့ ရံပုံငွေ ကို လဲလှယ်ပြီးနောက် စုစုပေါင်း ကျပ် သိန်းပေါင်း ၈၀၀ တိတိကို ထပ်မံ လွှဲပြောင်းပေးအပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်ဖယ
လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေး ရံပုံငွေအဖြစ် နွေဦးဘဏ် အသုံးပြုသူတွေရဲ့ လှူဒါန်းကြတဲ့ ကျန်ရှိ ပမာဏတွေနဲ့အတူ စက်တင်ဘာလ ၂၀ ရက်အထိ လှူဒါန်းငွေ လက်ခံသွားမှာဖြစ်ပြီး ဆက်လက်ပြီး စုပေါင်းမေတ္တာ ထက်သန်စွာ ပါဝင် ထောက်ကူကြဖို့ SDB က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ရန်ကုန်တွင် စစ်အုပ်စုနှင့် အပေါင်းအပါများ လမ်းပေါ် ထိုးကြိတ်ဖမ်းခေါ်သည်အထိ ပေါ်တာဆွဲမှုများ ဆိုးရွားလာ

ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ စစ်အုပ်စုက လမ်းသွားလမ်းလာ လူငယ်တွေပါမချန် ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်ရင်း စစ်မှုထမ်းစျေးကွက်ကို ဆိုးဆိုးရွားရွားလုပ်ဆောင်လာကြကြောင်း Rangoon Scout Network တာဝန်ရှိသူမှ မောင်းကိုပြောပါတယ်။
Read More

CDF-Mindat ရဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် ၅ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ် (CDF-Mindat) ရဲ့ ဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းက ပြုလုပ်တဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် ၅ သင်တန်းဆင်းပွဲကို ဇွန်လ ၁၂ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့် အခမ်းအနား

ပဲခူးတိုင်း၊ ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့် အခမ်းအနားကို ကရင်အမျိုးသားအစည်အရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) တပ်မဟာ (၁) နယ်မြေမှာ ဇွန်လ ၂၃ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မလှိုင်မြို့နယ်တွင် အသက်မပြည့်သေးသည့် ကလေးငယ်နှင့် မိခင်အပါ ၄ ဦးကို စစ်ကော်မရှင် သတ်ခဲ့၊ နွားထိုးကြီးနယ်ရှိ ဒေသခံ ၈ ဦးကိုလည်း ဓားစားခံအဖြစ် ဖမ်းဆီးကာ သတ်ဖြတ်သွား

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်ထဲကို မိတ္ထီလာကနေထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ စက်တင်ဘာ ၂၅ ရက်နေ့ ညပိုင်းလောက်မှာ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာ ၂ ရွာမှ ရေရှည်စစ်ဘေးရှောင် ပြည်သူများကို စားနပ်ရိက္ခာ ထောက်ပံ့ကူညီ

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာ ၂ ရွာက ရေရှည်စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

နေပြည်တော်နှင့် ရှမ်းတောင်အစပ် ပေါင်းလောင်းတွင် တောင်ကျရေကြောင့် လူ ၂ ဦး သေဆုံး

နေပြည်တော်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း အစပ်က ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့သစ်၊ သပြေကုန်းအုပ်စု၊ ဧဒင်ကျေးရွာမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေနဲ့ လူ ၂ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။