ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ပေါ် တောင်ရပ်ကွက်နဲ့ ရွှေမုဠောဘုရားမှာ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ပေါင် (၅၀၀)ဗုံးနဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၁၃ ရက် ပြည်သူတွေ အိပ်မောကျနေချိန် ညသန်းခေါင်မှာ စစ်ကောင်စီတပ်က ဖျက်အားပြင်း လက်နက်ကြီးဖြစ်တဲ့ ပေါင် (၅၀၀)ဗုံး (၃)လုံးကို လေကြောင်းကနေ လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံနေအိမ် (၅)လုံး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မနေ့ကလည်း စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုဟာ နောင်ချိုမြို့၊ လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ အမျိုးသမီးတစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် လူနေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ တအာင်းတပ်မတော် PSLF/TNLA အုပ်ချုပ်နေတဲ့ မြို့တွေဖြစ်တဲ့ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနဲ့ နမ့်ခမ်းမြို့တွေမှာ အရပ်သားတွေကို ပစ်မှတ်ထားဦးတည်ကာ နေ့စဥ်လာရောက်ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့−ခမ်းကောင် (PNDF-KK) ရဲ့ (၇၅) နှစ်မြောက်ပအိုဝ်း တော်လှန်ရေးနေ့ အောက်မေ့ဂုဏ်ပြုအခမ်းအနား (ဓာတ်ပုံသတင်း)

(၇၅) နှစ်မြောက်ပအိုဝ်းတော်လှန်ရေးနေ့ အောက်မေ့ဂုဏ်ပြုအခမ်းအနားနဲ့အတူ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင် (PNDF-KK) ရဲ့ သင်တန်းဆင်း ရဲဘော်တွေက သစ္စာရေသောက်ခြင်းနဲ့ တပ်ရင်းဆီ ပြန်လည်အပ်နှံ တပ်တော်ဝင်ခြင်းတို့ကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အရပ်သားများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့သည့် ပျူစောထီး၊ အုပ်ချုပ်ရေးဝန်ထမ်းများကို အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း အရှင်ဖမ်းဆီးရမိထား

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း အရပ်သားတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်ဝန်ထမ်းတွေနဲ့ ပျူစောထီးတွေကို အရှင်ဖမ်းဆီးရမိထားကြောင်း အင်းတော်စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

မောတောင်မြို့သိမ်းတိုက်ပွဲအတွင်း PLA က ဒရုန်းတပ်ဖွဲ့၊ ဖြတ်တောက်ရေးနဲ့ ထောက်ပို့လမ်းကြောင်းများ တာဝန်ယူခဲ့ဟု ထုတ်ပြန်

စစ်သုံ့ပန်းအများအပြား ဖမ်းဆီးရမိပြီး အကြမ်းဖက်စစ်တပ်အဖွဲ့ဝင် ၄၀ ကျော်လက်နက်ချ အညံ့ခံခဲ့တဲ့ တနင်္သာရီတိုင်းအတွင်းက မောတောင်မြို့သိမ်းတိုက်ပွဲမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဒရုန်းတပ်ဖွဲ့၊ ဖြတ်တောက်ရေးနဲ့ ထောက်ပို့လမ်းကြောင်းတွေ အဓိက တာဝန်ယူဆောင်ရွက်ခဲ့တယ်လို့ PLA က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။ မြန်မာ- ထိုင်းနယ်စပ် ကုန်သွယ်ရေးဇုန်ရှိရာ မောတောင်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့တိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် ( KNLA) ၊ ကော်သူလေးတပ်မတော် (KTLA) ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA)၊ တနင်္သာရီတိုင်း(ပကဖ)၊ မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က နိုဝင်ဘာ ၁၀ ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
Read More

စစ်မှုထမ်းအကြောင်းပြ ငွေကောက်ကာ စစ်သားတွေနဲ့ ခွဲဝေယူနေတဲ့ အုပ်ချုပ်‌ရေးမှူး ဖမ်းဆီးရှင်းလင်းခံရ

မကွေးတိုင်း၊ ကံမမြို့နယ်၊ ညောင်ပင်ကွင်း ကျေးရွာက အကြမ်းဖက်စစ်တပ်ခန့် ကျေးရွာအုပ်ချုပ်ရေးမှူးကို အသေဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ် (၄) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မိုင်းငေါ့မြို့တွင် စစ်အုပ်စု လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၁) ဦး သေဆုံး၊ (၂) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါ့မြို့မှာ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ လာရောက်ဗုံးကြဲချတိုက်ခိုက်မှု‌ကြောင့် ဒေသခံပြည်သူ (၂) ယောက် သေဆုံးသွားခဲ့ပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)များ စစ်ရေးအရှိန် ပိုမိုမြှင့်တင် လုပ်ဆောင်လာနိုင်ဟုဆို

ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးနေတဲ့ ပကဖ တပ်ဖွဲ့ဝင်တွေအနေနဲ့ ၂၀၂၅ ခုနှစ်ထဲမှာ PDF တပ်ရင်းတပ်ဖွဲ့တွေ၊ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ ပူးပေါင်းပြီး နိုင်ငံတစ်ဝှမ်းက အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်တာတွေ ပိုမိုလုပ်ဆောင်လာနိုင်ပြီဖြစ်တယ်လို့ ပကဖအသံ က သတင်းထုတ်ပြန်ပါတယ်။