စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်းဘေး လက်ပံတောင်းတောင်ဒေသက ဒေသခံ ၂၃ ယောက်ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားပြီး စက်တင်ဘာလ ၁၅ရက်နေ့က ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ဒေသခံတွေဟာ လက်ပံတောင်းတောင် တရုတ်ဝမ်ပေါင် ကြေးနီစီမံကိန်းအနီးတဝိုက်က ဒေသခံတွေဖြစ်ပြီး ဖမ်းဆီးခံရပြီးတဲ့နောက် အမှတ်၂၈ ရဲတပ်ရင်းအတွင်း စစ်ကြောရေး ပြုလုပ်ခံခဲ့ရတယ်လို့ သိရပါတယ်။
“အခု ဝမ်ပေါင်ကုမ္ပဏီထဲရောက်နေတဲ့ စစ်သားတွေကအသစ်တွေ။ နယ်မြေခံတွေမဟုတ်ဘူး။ စစ်မှုထမ်းဥပဒေကြောင့် စစ်တပ်ထဲရောက်လာတဲ့သူတွေ ဖြစ်နိုင်တယ်။ ရွာတွေ လမ်းတွေနဲ့ လက်ပံတောင်းဒေသ နယ်မြေ မကျွမ်းကျင်ဘူး။ ဖမ်းဆီးခံရသူတွေကို ဘယ်ရွာမှာနေလဲ။ ရွာမှာ PDF တွေရှိလား။ တစ်ရွာနဲ့တစ်ရွာ ဘယ်လောက်သွားရလဲ။ ရွာတွေရဲ့နာမည်တွေမေးတယ်။ ပြီးတော့ အကုန်သတ်ပစ်မယ်လို့လည်း ကြိမ်းမောင်းတယ်” လို့ ပြန်လွတ်မြောက်လာတဲ့ ဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်။
အဲဒီဒေသခံတွေကို ကျေးရွာတွေအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ချိန်မှာ ရွာထဲက နေအိမ်တွေကို အကြမ်းဖက်စစ်တပ်က မွှေနှောက်ခိုးယူတာတွေ လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။
“ပြန်လွတ်လာလို့ အိမ်တွေပြန်တဲ့အခါမှာ အိမ်ထဲက စားသောက်စရာတွေ လူသုံးကုန်ပစ္စည်းတွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေလည်း မရှိတော့ဘူး။ ကြက်၊ ဝက်၊ နွား မွေးမြူထားသူတွေဆိုရင်လည်း သူတို့မွေးမြူထားသမျှ အကုန် အခိုးခံလိုက်ရတယ်။ သူတို့ကို ဖမ်းဆီးသွားတဲ့အချိန်မှာ ရွာတွေကိုပါ ဝင်မွှေသွားတယ်။ နောက်ပြီး ဒေသခံတွေရဲ့ပစ္စည်းတွေ အိမ်မွေးတိရိစ္ဆာန်တွေပါ အကြမ်းဖက်စစ်တပ်က ခိုးယူသွားတယ်” လို့ ပြန်လည်လွတ်မြောက်လာတဲ့ အထက်ပါ ဒေသခံက ပြောပြခဲ့ပါတယ်။
လက်ပံတောင်းတောင်ဒေသက ကျေးရွာတွေထဲဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ စက်တင်ဘာလ၁၅ ရက်ကနေ ဒီနေ့အချိန်ထိ ချင်းတွင်းမြစ်အနောက်ဘက် ဇာတ်ဆိပ်အနီးက အိုမ ထန်းတောရွာ မြင်သာဘုန်းတော်ကြီးကျောင်းထဲမှာ တပ်စွဲထားပြီး ပြည်သူတွေဆီက ခိုးယူသွားတဲ့ ရိက္ခာတွေနဲ့ စားသောက်ကာ တပ်ဖြန့်နေကြတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ၂၀၂၃ ခုနှစ်က အိုမထန်းတောရွာကိုအကြမ်းဖက်စစ်တပ် မီးရှို့ခဲ့စဉ် (ပုံဟောင်း)
0 Shares:
You May Also Like
Read More

အာဏာသိမ်းစစ်တပ် သက်သေ တစုံတရာ ပြသမှုမရှိဘဲ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းသည်ဟု စာထုတ်

အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်ပြီး ဖြစ်နိုင်တယ်ဆိုတဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့နောက် ဒီအပေါ် မဟုတ်မမှန်ကြောင်း စစ်ကော်မရှင်က ငြင်းဆိုချက် ထုတ်ပြန်ပါတယ်။
Read More

ကလေးမှာ စစ်ကောင်စီက အရပ်သားကျေးရွာတွေထဲ လက်နက်ကြီးရော ဒရုန်းနဲ့ပါ တိုက်ခိုက်ခဲ့လို့ ကလေးငယ်​အပါအဝင် ၂ ယောက် သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်၁ယောက်နဲ့ အမျိုးသမီး၁ယောက် သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

အင်းတော်မြို့နယ်တွင် ပန်ဒါနီ ၉ ကောင် တရားမဝင်သယ်ဆောင်လာသည့် မော်တော်ယာဉ်များကို NUG ဖမ်းဆီးထိန်းသိမ်း

အမျိုးသားညီညွတ်ရေးအစိုးရ အုပ်ချုပ်မှုနယ်မြေ၊ အင်းတော်မြို့နယ်အတွင်း ပန်ဒါနီ ၉ ကောင်ကို တရားမဝင်သယ်ဆောင်လာသည့် မော်တော်ယာဉ်တွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ကျုံဒိုးမှာ စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် မိန်းကလေးငယ်တစ်ဦး နှလုံးဖောက် သေဆုံး၊ ရော်ဘာခြံ ၂ ခြံ မီးလောင်ပျက်စီး 

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရကာ ပြည်သူပိုင် ရော်ဘာခြံတွေပါ မီးလောင်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ခင်ဦးမှာ အရပ်သားရှင်ပြုပွဲကို စစ်ကောင်စီ ဝင်ရောက်ဖျက်ဆီး၊ ရိက္ခာလုယူ၊ နေအိမ်တွေကို မီးရှို့ခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ရှင်ပြုအလှူပွဲပြုလုပ်နေတဲ့ ရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်ဖျက်ဆီးပြီး နေအိမ်တွေ မီးရှို့သွားတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
Read More

လူငယ် ၈၀၀၀ ကျော်ကို ဖမ်းဆီးထားကာ ထောင်နှင့်ချီ သတ်ဖြတ်ထားသည့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က လူငယ်ကဏ္ဍ အရေးကြီးကြောင်း ပြော

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း လူငယ်လူရွယ် ၂၀၀၀ ကျော်ကို သတ်ဖြတ်ပြီး လူငယ် ၈၀၀၀ ကျော်ကို ဖမ်းဆီးခဲ့တဲ့ အကြမ်းဖက်စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းပြည်တည်ဆောက်ရေးမှာ လူငယ်အခန်းကဏ္ဍကို အထူးအလေးထား ဆောင်ရွက်ပေးနေတယ်လို့ ပြောဆိုလိုက်ပါတယ်။