တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ မောင်းမကန်ရဲစခန်းအနီးက စစ်ကောင်စီတပ်ကို ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁၂ ရက် နေ့လည်ပိုင်းက လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာက မောင်းမကန်ရဲစခန်းအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ၄၀ မမ ဗုံးသီးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
အဲ့ဒီနောက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၁၀ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ လောင်းလုံး ပကဖ က ဆိုပါတယ်။
အဲ့ဒီပစ်ခတ်မှုကို လောင်းလုံးပကဖ ဇုန်(၁) ရွှေသောင်ယံတပ်စုက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပကဖ ရဲဘော်တစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ကျိုက်မရောတွင် KNU/KNLA (PC) အမှတ်တံဆိပ်ပါ ယူနီဖောင်းများနှင့် လက်နက်ပစ္စည်းများကို စစ်တပ် ဖမ်းမိဟု ဆို

မွန်ပြည်နယ်၊ ကျိုင်မရောမြို့နယ်က နန္ဒာလမ်းဆုံ စစ်ဆေးရေးဂိတ်မှာ KNU/KNLA (PC) အမှတ်တံဆိပ်ပါ ယူနီဖောင်းတွေအပြင် မူးယစ်ဆေးဝါးနဲ့ စစ်လက်နက်ပစ္စည်းတွေကို ဖမ်းဆီးရမိထားတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေက သတင်းဖော်ပြလာပါတယ်။
Read More

ကျုံပျော်မှာ စစ်တပ်ရိက္ခာပို့ဖို့ ကားငှါးရမ်းခ ကုန်ကျငွေကို ပြည်သူဆီက ကောက်ခံ

စစ်ကောင်စီဟာ ဧရာဝတီတိုင်းနဲ့ ရခိုင်အစပ်ကို စစ်တပ်ရိက္ခာပို့ဆောင်ဖို့ ကုန်ကားငှါးရမ်းခဆိုပြီး ဧရာဝတီတိုင်း ကျုံပျော်မြို့နေ ပြည်သူတွေထံက ငွေကြေးကောက်ခံနေတယ်လို့ သိရပါတယ်။
Read More

Justice Soldier PDF အဖွဲ့က ပြုလုပ်တဲ့ စနိုက်ပါ မွမ်းမံသင်တန်း (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Justice Soldier PDF အဖွဲ့က ရဲဘော်တွေအနေနဲ့ တိုက်ပွဲအတွင်း ပစ်မှတ်ကို ပိုမိုတိကျသေချာစေဖို့ ၊ တိုက်ခိုက်ရေးစွမ်းရည် ပိုမိုကောင်းမွန်လာစေဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ်တဲ့ စနိုက်ပါမွမ်းမံသင်တန်းကို အောက်တိုဘာ ၂၀ ရက်မှာ ပြုလုပ်ပြီးစီးခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်း မင်္ဂလာပွဲအတွက် စခန်းတာဝန်ခံ တောင်းပန်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းက စစ်သုံ့ပန်း မိသားစုရဲ့ မင်္ဂလာဧည့်ခံပွဲကို ကျင်းပပေးခဲ့ရာမှာ ဝေဖန်သူတွေ များပြားလာတာကြောင့် စခန်းတာဝန်ခံက ပြန်လည် တောင်းပန်စာ ထုတ်ပြန်လာပါတယ်။
Read More

ကလေး-ဂန့်ဂေါ လမ်းပိုင်းရှိ စစ်ကောင်စီစခန်းတွေ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တဲ့ CDF-KKG Major Operation ကို ABSDF တရားဝင်ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းနဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းအစပ်မှာ Chinland Defense Force - Kalay, Kabaw, Gangaw (CDF-KKG) က Major Operation အဖြစ် ပြုလုပ်ခဲ့တဲ့ စစ်ရေးဖော်ဆောင်မှုတွေမှာ မဟာမိတ်ဖြစ်တဲ့ ချင်းအမျိုးသားတပ်မတော်(CNA) ကွပ်ကဲမှုနဲ့ ကျောင်းသားတပ်မတော် - ABSDF စစ်ကြောင်း(၃) က မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဒီပဲယင်းမြို့ပေါ်က စစ်တပ် တပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်တွေ တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့ပေါ်က စစ်ကောင်စီ အထိုင်ချတပ်စွဲထားတဲ့ နေရာတွေကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတွေထိခိုက်မှုတွေရှိနိုင်ကြောင်း Freedom Revolution Force ပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။