ကချင်ပြည်နယ်၊ ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်မှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ဒေသခံ၂ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာတွေရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်ကနေ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာဖြစ်ပြီး ငှက်ပျောတောရပ်ကွက်ကို ကျရောက်ပေါက်ကွဲခဲ့ကာ အခုလို သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။
“ဒီနေ့ (စက်တင်ဘာလ ၁၆ရက်) နေ့လည် ၂နာရီကျော်လောက်က ဖြစ်တာဗျ။ သူတို့ပစ်နေတာကတော့ ဆိုင်းတောင်ဘက်ကိုပစ်နေတာပဲ။ လက်နက်ကြီးအလုံးရေ အတော်လေးများတယ်။ အခုက ဆိုင်းတောင်ဘက်တင်မဟုတ်ဘူး။ တွေ့ကရာနေရာတွေ အကုန်ပစ်နေသလို ဖြစ်နေတာ။ ငှက်ပျောတောရပ်ကွက်နဲ့ အခု သူတို့လက်နက်ကြီးပစ်တဲ့ ဗျူဟာကုန်းနဲ့က သိပ်မဝေးဘူး”လို့ ငှက်ပျောတောရပ်ကွက် နေထိုင်သူတစ်ယောက်က မောင်းကိုပြောပါတယ်။
ဒေသခံ၂ယောက်ကတော့ နေရာမှာတင် သေဆုံးခဲ့ပြီး ၃ယောက်ကတော့ ထိခိုက်ဒဏ်ရာတွေရရှိထားတယ်လို့ အထက်ပါ ဒေသခံက ထပ်ပြောပါတယ်။
ဖားကန့်မြို့နယ် ဆိုင်းတောင်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွါးနေပြီး ဆိုင်းတောင်မြို့က ဟိုတယ်တစ်ခုမှာလည်း အကြမ်းဖက်စစ်တပ်က ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဓာတ်ပုံ – အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်ထားပုံ
0 Shares:
You May Also Like
Read More

စသုံးလုံး အရာရှိများ ပစ်ခတ်ခံရပြီး ၂ ဦးသေ “အရပ်သားကားတွေ ဖြတ်နေတာရယ် သူတို့ဘက်က စစ်ကူမလာခင်ရယ်မှာ ရတဲ့ အချိန်နည်းနည်းလေးနဲ့ ဝင်လုပ်ခဲ့ရတာမို့ အခက်အခဲတွေကတော့ အများကြီးပါ။”

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်မှာ အရပ်သားတွေဆီက ဆက်ကြေးကောက် ငွေညှစ်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စသုံးလုံး အရာရှိတွေ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းအတွင်း ပစ်ခတ်တိုက်ခိုက်ခံရပြီး နေရာမှာတင်​၂ယောက်သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

စစ်ကောင်စီ ထုတ်လုပ်တဲ့ MTX-1A နှင့် MTX-1B လေယာဉ်တွေ စစ်ရေးမှာ ဘယ်လောက်ထိ အသုံးဝင်နိုင်လဲ

စစ်ကောင်စီဟာ ၇၇ ကြိမ်မြောက် လေတပ်နှစ်ပတ်လည်နေ့မှာ သူတို့ ထုတ်လုပ်ထားတယ်ဆိုတဲ့ ကင်းထောက်လေယာဉ် MTX-1A နဲ့ MTX-1B ၂ စီး အပါအဝင် တခြားလေယာဉ်တွေနဲ့အတူ တပ်တော်ဝင်ခဲ့ပါတယ်။
Read More

ကျောင်းပို့သည့် ဆိုင်ကယ်ကို ကားဝင်တိုက်ပြီး ကျောင်းသား ၂ဦးနှင့် အမျိုးသမီး ၁ဦး စိုးရိမ်ရ

“ထိတာက ကလေးက ခြေထောက်ထိတယ်။ ခေါင်းတွေထိတယ်။ လွင့်ထွက်သွားတာဆိုတော့ ဘာတွေကျိုးကုန်မှန်းတော့ မသိဘူး။ ဓာတ်မှန်တွေဘာတွေရိုက်မှ သိရမယ်။ ကားကကျော်တက်ပြီး အနောက်ကနေ တိုက်သွားတာ.. ကလေးတွေနဲ့ ကျောင်းသားမိဘတစ်ယောက်က အခြေအနေမကောင်းလို့ ဘားအံကို ပို့ထားလိုက်တယ်။ ကျန်တဲ့ ၂ ယောက်ကတော့ မစိုးရိမ်ရလို့ ရွာမှာပဲကျန်ခဲ့တာ” လို့ ကမမောင်း နယ်ခံတစ်ယောက်က မောင်းကိုပြောပါတယ်။
Read More

ဝက်လက်မှာ ကင်းတံခါးလာပိတ်တဲ့ စစ်အုပ်စုတွေ ပစ်ခတ်ခံရပြီး ၃ ယောက်သေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ကင်းတံခါးပေါက် လာပိတ်တဲ့ စစ်ကောင်စီတပ်​ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီး ၃ယောက်သေဆုံးသွားကြောင်း ကြောင်လက်သည်းအဖွဲ့ထံက သိရပါတယ်။
Read More

မြောက်ဥက္ကလာပမြို့နယ်က စစ်ထောက်လှမ်းရေးရုံးချုပ်ကို ဗုံးပစ်လောင်ချာနဲ့ တိုက်ခိုက်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်မှာ စစ်ထောက်လှမ်းရေးရုံးချုပ်(စရဖ)ထဲကို ဗုံးပစ်လောင်ချာနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Rangoon Urban Column က သတင်းထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၂ရက်၊ မနေ့က ညပိုင်းမှာ မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေးကားဝန်းအရှေ့မှာရှိတဲ့ စစ်ထောက်လှမ်းရေး(စရဖ)…
Read More

လောင်းလုံးမှာ စစ်ကောင်စီတပ်က မောင်းမကန်ရွာသား ၃ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ရေတွင်းထဲ အလောင်းများ စွန့်ပစ်သွားခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီက မောင်းမကန်ရွာသား ၃ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ကာ ရေတွင်းထဲ အလောင်းတွေ ပစ်ချမြုပ်နှံသွားတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DMSCD) ရဲ့ပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။