ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် (မောင်ကျော်)၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ သေဒဏ်ကြိုးမိန့်ချခံခဲ့ရတဲ့ အမှုမှာ အမှုတွဲအနေနဲ့ ပါဝင်နေတဲ့ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား ၅ယောက်ကို လာမယ့် စက်တင်ဘာ၂၄ ရက်နေ့မှာ ပြစ်ဒဏ်စီရင်ချက် ချတော့မယ်လို့ ထောင်တွင်းနီးစပ်သူတွေထံက သိရပါတယ်။
“အင်းစိန် အကျဉ်းထောင်မှာ ကိုမောင်ကျော်အမှုတွဲ သေဒဏ်ပေးထားတဲ့ ကလေးတွေကို ၂၄ ရက်နေ့မှာ သေဒဏ်စီရင်တော့မယ်ကြားတယ်။ အစက မလုပ်ဘူးဆိုပြီး ရွှေ့ထားတာ။ အခုတော့ လကုန်ရက်က ကလေးတွေကို ပေါင်ချိန်ကြတယ်။ လည်ပင်းကို လာတိုင်းကြတယ်တဲ့။ ထောင်ဝင်စာသွားပို့ရင်း သတင်းပေး ပေးကြပါလို့ အထဲက မှာလိုက်လို့ပါ။” လို့ ထောင်တွင်းနီးစပ်သူတစ်ယောက်က မောင်းကို ပြောပါတယ်။
လာမယ့် စက်တင်ဘာ ၂၄ ရက်နေ့မှာ သေဒဏ်စီရင်မယ်လို့ သတင်းတွေ ထွက်ပေါနေတဲ့ နိုင်ကျဉ်း ၅ယောက်ဟာ အမျိုးသား ၄ယောက်နဲ့ အမျိုးသမီး ၁ယောက် ဖြစ်တယ်လို့ ကနဦး သိရပါတယ်။
စစ်ကောင်စီဟာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်နေ့မှာ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို ပုဒ်မ ၄၉(က)၊ ၅၀(ဈ)၊ ၅၀(ည) တို့နဲ့ သေဒဏ်ချမှတ်ခဲ့ပါတာပါ။ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို ဇူလိုင် ၂၃ ရက် မနက် ၃ နာရီမှာ ကြိုးပေးကွပ်မျက်ခဲ့တာဖြစ်ပြီး ကိုလှမျိုးနဲ့ ကိုအောင်သူရဇော်တို့ကိုတော့ ဇူလိုင် ၂၄ ရက်မှာ ကြိုးပေးလိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ကို “ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးကြောင်း” ကြေညာစာကို ၂၀၂၂၊ ဇူလိုင်လ ၂၅ ရက်နေ့မှာ စစ်ကောင်စီကနေ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဓာတ်ပုံ – အင်းစိန်အကျဉ်းထောင်
0 Shares:
You May Also Like
Read More

KK Park တွင် KNU ပါဝင်ပတ်သက်နေသည်ဟု စစ်တပ်၏ စွပ်စွဲချက် KNU ပြတ်ပြတ်သားသား ငြင်းဆို

အာဏာသိမ်းစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ KNU ပါဝင်ပတ်နေတယ်လို့ စွပ်စွဲခဲ့တဲ့အပေါ် ပြတ်ပြတ်သားသား ငြင်းဆိုကြောင်း KNU က ထုတ်ပြန်လိုက်ပါတယ်။
Read More

ပခုက္ကူခရိုင်တပ်ရင်း အမှတ် (၁၉) မှ ကျဆုံးရဲဘော် YZ (ခ) နေတိုးအောင်၏ ရက်လည် ဆွမ်းကပ်တရားနာပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်တပ်ရင်း အမှတ် (၁၉) က ကျဆုံးရဲဘော် YZ (ခ) နေတိုးအောင်ကို ရည်စူးပြီး ရက်လည် ဆွမ်းကပ်တရားနာပွဲ ပြုလုပ်ပေးခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ချောက်မြို့နယ်ဘက်လာသည့် စစ်အုပ်စု ပစ်ခတ်ခံရပြီး ၃ ဦး သေ၊ အရာရှိအပါ ၁၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ချောက်မြို့နယ်ဘက်ကိုလာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ဇူလိုင်လ ၂ ရက် မနက် ၁၁ နာရီကျော်လောက်မှာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ Chauk Revolution Army (CRA) တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

MDY-PDF စိုးမိုးနယ်မြေအတွင်း လူထုတွေ့ဆုံပွဲများနှင့် လေကြောင်းရန် ကာကွယ်ရေး အသိပညာမျှဝေပွဲများ ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ထိန်းချုပ်စိုးမိုးနယ်မြေတွေမှာ လူထုတွေ့ဆုံပွဲတွေနဲ့ လေကြောင်းရန် ကာကွယ်ရေးအသိပညာမျှဝေပွဲတွေ ပြုလုပ်ခဲ့တယ်လို့ MDY-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KNU ထံပို့မယ့် လက်နက်တချို့ ဘန်ကောက်မှာ ဖမ်းမိဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) ထံပေးပို့မယ်ဆိုတဲ့ လက်နက်ပစ္စည်းတွေကို ဘန်ကောက်မြို့က ကွန်ဒိုတခုမှာ ထိုင်းရဲတွေက ဧပြီလ ၂၅ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်း Khaosod မှာ ဖော်ပြပါတယ်။
Read More

ကံမရွာကို အကြမ်းဖက်စစ်တပ် ဝင်ရောက်စီးနင်းပြီး ဒေသခံများကို ဖမ်းဆီး၊ လူနေအိမ်များကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ကံမကျေးရွာကို အကြမ်းဖက်စစ်တပ်က ဇန်နဝါရီ ၂ရက်နေ့ ညပိုင်းမှာ သေနတ်တွေ ပစ်ဖောက်ကာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။