သီပေါမြို့မှာ စစ်ကောင်စီတပ်က Y-12 လေယာဥ်နဲ့ ဗုံးအလုံး (၅၀)ကျော် လာရောက်ကြဲချတိုက်ခိုက်ရာ ​ဒေသခံတစ်ယောက် သေဆုံး…
စက်တင်ဘာ ၁၆ ၊ ၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က Y-12 လေယာဥ်နဲ့ ဗုံးအလုံး (၅၀) ကျော် လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက်ပစ်ခတ်နေရာ ဒေသခံ ၁ ယောက် သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီနေ့ စက်တင်ဘာလ ၁၆ ရက် မနက်ပိုင်းမှာ တစ်နာရီအတွင်း Y-12 လေယာဥ်နဲ့ ဗုံးအလုံး(၅၀)ကျော် ဆက်တိုက်ကြဲချတိုက်ခိုက်ခဲ့ရာ သီပေါမြို့ အနောက်ရပ် ရပ်ကွက်နဲ စင်မာလာပြည်သူ့ဥယျာဥ်အတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ရပ်ကွက်အတွင်း ဗုံးတွေ ကျရောက်ပေါက်ကွဲမှုကြောင့် အဲ့ဒီရပ်ကွက်ရှိ လူနေအိမ်တွေ ပျက်စီးခဲတဲ့အပြင် ဒေသခံတစ်ယောက် ဗုံးစမှန်သေဆုံးခဲ့ရပြီး တစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ(၁၅)ရက် မနေ့က ညပိုင်းမှာလည်း စစ်ကောင်စီ တပ်စွဲထားတဲ့ တပ်စခန်းက လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်ခဲ့ရာ သီပေါမြို့ ဇတ်စုရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲပြီး နေအိမ်တစ်လုံး မီးလောင်ပြာကျသွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြည်သူတွေကို ဦးတည်ကာ လေကြောင်းနဲ့ လိုက်လံဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနဲ့ ဒဏ်ရာရသူအများအပြားရှိသလို ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးနဲ့ ဒေသခံနေအိမ် ထိခိုက်ပျက်စီးမှု အများအပြားရှိတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ကာလရှည်စစ်ရှောင်နေသည့် ရွာအုပ်စုကို တပ်မ ၆၆ လက်အောက်ခံ တပ်များ ဝင်ရောက်မီးရှို့၊ နေအိမ် ၄၀ ကျော်နှင့် ဘုန်းကြီးကျောင်း ၁လုံး မီးလောင်ဆုံးရှုံးခဲ့

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်မှာ တပ်မ (၆၆) လက်အောက်ခံ စစ်ကောင်စီတပ်တွေက ရွာလုံးကျွတ်နီးပါး စစ်ရှောင်နေရတဲ့ သစ်ပုတ်ရွာအုပ်စုကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် အလုံး ၄၀ ကျော်နဲ့ ဘုန်းတော်ကြီး ၁ကျောင်း မီးလောင်ပျက်စီးသွားကြောင်း သိရပါတယ်။
Read More

မန္တလေးအိုးဘိုအကျဉ်းထောင်တွင်း အကျဉ်းချခံနေရသည့် NLD ပါတီဝင် နိုင်ငံရေးအကျဉ်းသား ဦးမြင့်ဝေ အူအတက်ပေါက် ဝေဒနာနှင့် ကျဆုံးခဲ့

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာ အကျဥ်းချခံနေရတဲ့ NLD ပါတီဝင် နိုင်ငံရေးအကျဥ်းသား ဦးမြင့်ဝေဟာ အလွယ်တကူ ခွဲစိတ်တဲ့ကုသနိုင်တဲ့ အူအတက်ပေါက်တဲ့ ရောဂါဝေဒနာနဲ့ ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေတပ်နဲ့ သံချပ်ကာ တပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ပြည်သူ့ရင်ခွင်ခိုလှုံ

စစ်ကောင်စီတပ်ရဲ့ ရေတပ်နဲ့ သံချပ်ကာပြင်ဆင်ရေးတပ်က တပ်ကြပ်ကြီးနှစ်ဦး ရန်ကုန်တိုင်းစစ်ဌာနထံ ခိုလှုံ ဝင်ရောက်လာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ရန်ကုန်တိုင်းစစ်ဌာနက အသိပေး ထုတ်ပြန်ပါတယ်။
Read More

ဘန်ကောက်မှာ ငလျင်ဒဏ် ကြုံတွေ့ခံစားခဲ့ရသည့် မြန်မာအပါအဝင် အလုပ်သမားများအတွက် လိုအပ်သည့် ကူညီထောက်ပံ့ပေးခြင်းများ ပြုလုပ်ခဲ့

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Chatuchak စျေးအနီး ဆောက်လုပ်နေဆဲ အစိုးရငွေစာရင်းစစ်ရုံး အဆောက်အဦးဟာ မတ်လ ၂၈ ရက် ငလျင်ကြောင့် ပြိုကျခဲ့ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက မြန်မာတွေအပါအဝင် အလုပ်သမားတွေအတွက် လိုအပ်တဲ့ ကူညီထောက်ပံ့ပေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေးတိုင်းတွင်း တော်လှန်ရေးတပ်များ စိုးမိုးရာနေရာများမှ ငလျင်ဒဏ်သင့် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးနေ

မန္တလေးတိုင်းအတွင်းက ငလျင်ဒဏ်သင့် ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကျန်းမာရေးဝန်ကြီးဌာနက CDM ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေတယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

မှော်ဘီ ရဲတပ်ရင်းက ရဲတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာလို့ ကျပ်သိန်း ၅၀ ဆု ချီးမြှင့်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ရဲတပ်ရင်း (၅) က ရဲတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာတာကြောင့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ ဆုချီးမြှင့်ခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။