တရုတ်လုပ်ငန်းရှင်တွေပိုင်ဆိုင်တဲ့ ထိုင်းနိုင်ငံ ပရာချင်ဘူရီ ခရိုင်ထဲက ရိုဂျာနာစက်မှုဇုန်မှာ မြန်မာအလုပ်သမား ၇၀၀ လောက် လုပ်ခလစာမရလို့ ဆန္ဒပြခဲ့ကြောင်း ထိုင်းအခြေစိုက် မီဒီယာတချို့မှာ ဖော်ပြလာပါတယ်။
တရုတ်လုပ်ငန်းရှင်တွေဟာ လစာမပေးတာ နှစ်လရှိနေလို့ ဩဂုတ် ၁၆ ရက် ညပိုင်းမှာ အလုပ်သမားတွေ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး စုစုပေါင်း ဘတ် ၁၀ သန်းနီးပါးပေးရဖို့ရှိနေတာလို့ အလုပ်သမားအရေးဆောင်ရွက်သူတွေရဲ့ ပြောကြားမှုကို ကိုးကားပြီး ရေးသားထားပါတယ်။
ဆန္ဒပြတဲ့ မြန်မာအလုပ်သမားတွေဟာ စက်မှုဇုန်မှာရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်နေရာကို ဝန်းရံပိတ်ဆို့ပြီး တရုတ်ရင်းနှီးမြှုပ်နှံသူတွေ၊ ကြီးကြပ်ရေးအရာရှိတွေကို ဝင်ထွက်ခွင့်မပေးဘဲ တားမြစ်ထားခဲ့ပါတယ်။
လုပ်ခလစာတွေကို အပြည့်အ၀ဖြေရှင်းမပေးမချင်း လုပ်ငန်းလုပ်ဆောင်မှုတွေကို ရပ်နားကာ ဆန္ဒပြမှုတွေ အရှိန်မြှင့်သွားမယ်လို့လည်း သိရပါတယ်။
တရုတ်လုပ်ငန်းရှင်တွေဘက်က အလုပ်သမားတွေကို ကနဦး ကမ်းလှမ်းမှုတွေပြုလုပ်ထားပေမယ့် နည်းပါးလွန်းတဲ့ ပမာဏကြောင့် မြန်မာလုပ်သားတွေဘက်က လက်မခံထားဘူးလို့လည်း သိရပါတယ်။
အလုပ်သမားတွေဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ရဲ့ ဝင်ပေါက်ထွက်ပေါက်တွေကို ပိတ်ဆို့ထားတာကြောင့် တရုတ်လုပ်ငန်းရှင်တွေနဲ့ အလုပ်ကြီးကြပ်ရေးသမားတွေ အထဲမှာ ပိတ်မိနေတယ်လို့လည်း သိရပါတယ်။

 

0 Shares:
You May Also Like
Read More

မြန်မာ့အရေးအတွက် အင်ဒိုနီးရှားမှာ ဆွေးနွေးမယ်

အဖြေပေါ်ဖို့ခက်နေတဲ့ မြန်မာ့အရေးအတွက် မြန်မာအတိုက်အခံ အင်အားစုတွေ၊ နိုင်ငံတကာသံတမန်တွေ အင်ဒိုနီးရှားမှာဆွေးနွေးမှုတွေလုပ်ဆောင်သွားမယ်လို့ နိုင်ငံတကာ သတင်းတချို့မှာ ဖော်ပြရေးသားလာပါတယ်။
Read More

နယ်စပ်က ကျားဖြန့်လုပ်ငန်းတိုက်ဖျက်ရေး တရုတ်နဲ့ထိုင်းပူးပေါင်းလုပ်ဆောင်မှုကို NUG က ကြိုဆိုတယ်လို့ ထုတ်ပြန်

မြန်မာပြည်နယ်စပ်က ကျားဖြန့်လုပ်ငန်းတွေကို တရုတ်နဲ့ ထိုင်းက ပူးပေါင်းအရှိန်မြှင့်တိုက်ဖျက်ရေးတွေ လုပ်ဆောင်နေတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြိုဆိုတယ်လို့ ပြောကြားလိုက်ပါတယ်။
Read More

ဘင်္ဂလားဒေ့ရှ်မှာ ARSA ခေါင်းဆောင်အပါ ၁၁ ဦးကို အာဏာပိုင်များ ဖမ်းဆီးရမိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အာရကန် ရိုဟင်ဂျာ ကယ်ဆယ်ရေးတပ် (ARSA) ခေါင်းဆောင် အာတာအူလ္လာဟ်အပါအဝင် ၁၁ ယောက်ကို ဘင်္ဂလားဒေ့ရှ် အထူးတပ်ဖွဲ့က မတ်လ ၁၇ ရက်မှာ ဖမ်းမိခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။ 
Read More

မြန်မာအပါအဝင် အာရှဘက်က ရွှေ့ပြောင်းလုပ်သားတွေ လိုချင်ကြောင်း ရုရှား ပြော

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ရှမ်းမြောက်နဲ့ ဆက်စပ်ဒေသတွေက တရုတ်စီမံကိန်း ၁၃ ခုကို တော်လှန်ရေးတပ်ဖွဲ့တွေ အပြည့်အဝထိန်းချုပ်ထား..

ရှမ်းပြည်နယ် မြောက်ပိုင်းအပါအဝင် ဆက်စပ်နေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာရှိတဲ့ တရုတ်စီမံကိန်း ၁၃ ခုကို တိုင်းရင်းသား လက်နက်ကိုင် (EAOs) တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDFs) တွေက အပြည့်အဝထိန်းချုပ်ထားကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

တရားရုံး ရက်ချိန်းမတိုင်မီ သက်ဆင် ထိုင်းပြန်ရောက်လာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ ၎င်းရဲ့ အငြင်းပွားဖွယ် ဆေးရုံတက်မှုအတွက် တရားရုံးဆုံးဖြတ်ချက်ချမယ့် ရက်ချိန်းမတိုင်မတိုင်မီ စက်တင်ဘာလ ၈ ရက် မွန်းလွဲပိုင်းမှာ စင်္ကာပူကနေ ဘန်ကောက်ကို ပြန်ရောက်လာပါတယ်။