မြန်မာနိုင်ငံတွင် လွတ်လပ်မှု၊ တရားမျှတမှုနှင့် ငြိမ်းချမ်းမှု ရရှိရေး “ALL IN ONE PIECE MOVEMENT” ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု စတင်
မြန်မာနိုင်ငံသားတွေအတွက် လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှု ပြန်လည်ရရှိစေဖို့ နိုင်ငံတကာလှုပ်ရှားမှုတွေကို သွေးသစ်လောင်းဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်း (Kim Aris) ဦးဆောင်တဲ့ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု All-in-One Piece ကိုစတင်ဖော်ဆောင်နေပြီလို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိအခြေအနေဟာ မြန်မာနိုင်ငံတွင်းက သန်းပေါင်းများစွာသော ပြည်သူတွေ ဆက်လက်ရင်ဆိုင်ခံစားနေရတဲ့ အကြမ်းဖက်ခံရမှု၊ အိုးမဲ့အိမ်မဲ့ဖြစ်မှုနဲ့ ဖိနှိပ်ခံရမှု စတဲ့ ဒုက္ခတွေကို ထင်ဟပ်စေပါတယ်။