စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ တက္ကသိုလ်ဝန်းထဲ ဝင်ရောက်တပ်စွဲထားတဲ့ စစ်တပ်ဂိတ်နဲ့ စစ်ကူလာတဲ့ စစ်အုပ်စုတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သားအယောက် ၂၀ ဝန်းကျင်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ SAGAING PDF ထံက သိရပါတယ်။

နိုဝင်ဘာ ၄ရက်၊ မနက်အစောပိုင်းက စစ်ကိုင်းမြို့နယ်၊ ပဲကတိုးကျေးရွာ ၊ စစ်ကိုင်းတက္ကသိုလ်ဝန်းထဲမှာရှိနေတဲ့ အကြမ်းဖက်စစ်ကောင်စီဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် တိုက်ပွဲနေရာကို စစ်ကူလာတဲ့ စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ က စစ်ကူယာဥ်တန်းကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဖြတ်တောက်မိုင်းဆွဲနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပစ်ခတ်မှုပြီးလို့ ပြန်ပြီးဆုတ်ခွါချိန်မှာလည်း တက္ကသိုလ်ဝန်းထဲက စစ်အုပ်စုတွေဆီ ထပ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့သေးကြောင်း SAGAING PDF က ပြောပါတယ်။

အထက်ပါတိုက်ခိုက်မှုတွေကို SAGAING PDF နဲ့အတူ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီဘက်က အများအပြား ထိခိုက်သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းမြို့နယ်အတွင်း ကျန်ရှိနေသေးတဲ့ စစ်ရေးပစ်မှတ်တွေကိုလည်း ဆက်ပြီး တိုက်ထုတ်သွားမယ်လို့ SAGAING PDF က ပြောထားပါတယ်။

0 Shares:
You May Also Like
Read More

(PDO/PDA) စစ်ဦးစီး‌ရေးချုပ်တာဝန်ခံ ရဲဘော် နဂါး ကျဆုံး

ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) ရဲ့ စစ်ဦးစီးရေးချုပ် တာဝန်ခံ ရဲဘော် နဂါးဟာ ဆိပ်ဖြူမြို့နယ်ဘက် စစ်ဆင်ရေးတစ်ခုမှာ ကျဆုံးသွားခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မြင်းခြံတွင် ၂ ရက်အတွင်း အယောက် ၃၀ နီးပါး ပေါ်တာဆွဲခံရဟု ဆို

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ၂ ရင်းအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခြင်းခံရသူ အယောက် ၃၀ နီးပါး ရှိနေပြီလို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီထံက သိရပါတယ်။
Read More

အာဏာသိမ်းပြီးကတည်းက စစ်တပ်ကနေ CDM လုပ်ပြီး တော်လှန်နေတဲ့ PDF-Zoland ဒုတပ်စိတ်မှူး ဆေးဝါးမလုံလောက်မှုကြောင့် ကွယ်လွန်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် အခြေစိုက် PDF Zolandအဖွဲ့ရဲ့ ဒုတပ်စိတ်မှူးဟာ ဆေးဝါးမလုံလောက်မှုကြောင့် နို၀င်ဘာ ၄ ရက် မနေ့က မနက်ပိုင်းမှာ  ကွယ်လွန်သွားတယ်လို့ PDF Zoland က ထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမှာ စစ်ကောင်စီက အရပ်သား ၃ယောက်ကို ဖမ်းဆီးသတ်ဖြတ် အမှုဆင်ကာ နေအိမ်တွေပါမီးရှို့ခဲ့

"မနေ့က မနက်၇နာရီလောက်မှာ မြင်းခြံနယ်၊ ဖုံရွာကိုဝင်ပြီး ဒေသခံပြည်သူတွေကိုဖမ်းပြီး ပစ်သတ်သွားပါတယ်။ သေတဲ့သူတွေထဲ ၂ယောက်က ညီအစ်ကိုအရင်းပါ။ ရွာထဲ PDF ရှိတယ်ဆိုပြီး ဒလန်သတင်းပေးတော့ ဝင်ရှာတာမတွေ့တာနဲ့ ရှိတဲ့သူကို ဖမ်းပြီး လုပ်သွားတာပဲ။ အိမ်တွေလည်းမီးရှို့ခံလိုက်ရတယ်" လို့ ဒေသခံ ၁ယောက်က မောင်းကိုပြောပါတယ်။
Read More

မင်းအောင်လှိုင်က သူနေ့စဥ် ဗုံးကြဲနေသည့် နိုင်ငံကို ဒုက္ခရောက်အောင် မလုပ်ကြရန် တော်လှန်ရေးတပ်များကို တိုက်တွန်း

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အောက်တိုဘာ ၁၅ ရက် ဒီနေ့ နေပြည်တော်မှာ ကျင်းပြုလုပ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနားမှာ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ နိုင်ငံကို ဒုက္ခရောက်အောင် မလုပ်ကြဖို့ ပြောဆိုလာပြန်ပါတယ်။
Read More

ချက်သမ္မတနိုင်ငံက Peace Foundation တစ်ခုရဲ့ ၁၀ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို NUG ကိုယ်စားလှယ် တက်ရောက်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်ဟာ စက်တင်ဘာလ ၂၁ ရက်က ချက်သမ္မတနိုင်ငံ ပရာဟာမြို့မှာ Heavenly Culture, World Peace, Restoration of Light (HWPL) -Czech Republic က ကြီးမှူးကျင်းပတဲ့ Peace Foundation ၁၀ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။