စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မြပုလဲအထိုင်ဂိတ်မှာ လမ်းကင်းယူဖို့ ရှင်းလင်းရေးလုပ်​ေနေတဲ့ အကြမ်းဖက်စစ်သားတွေကို  နိုဝင်ဘာ ၃ ရက်က M18 မိုင်း ၃ လုံး ၂ ပွိုင့်နဲ့ ဖောက်ခွဲတိုက် ခိုက်ခဲ့တယ်လို့ Brave Heart Army – BHA အဖွဲ့ထံက သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်က ဗိုလ် ၁ ယောက်အပါအဝင် ၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားပြီး ၆၀ မမ လက်နက်ကြီး ၂ လုံးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာရ စစ်သားတွေကို မုံရွာ နမခသို့ ပို့ဆောင်ပြီး ဆေးကုသလျက်ရှိတယ်လို့လည်း သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို BRAVE HEART ARMY (BHA) MYAUNG REVOLUTION ARMY (MRA)CHINDWIN FIGHTER GROUP (CFG) ရဲဘော်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့အခြေစိုက် ခမရ ၅၀၁ နဲ့ ခမရ ၅၀၂ ကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၅၀၁ နဲ့ ခမရ ၅၀၂ ကို ဒီနေ့ မတ်လ ၃ ရက်မှာ အကြမ်းဖက်စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

MNDAA ၏ စစ်သုံ့ပန်းဘဝမှ လွတ်မြောက်ပြီး စစ်ကိုင်းတိုင်းမှူးဖြစ်လာသူ ဗိုလ်မှူးချုပ် မျိုးမင်းထွေးစီးနင်းလာသည့် ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဆီ ထွက်လာတဲ့ တိုင်းမှူး မျိုးမင်းထွေး စီးနင်းလိုက်ပါလာတဲ့ အိမ်စီးကား ၅ စီးယာဉ်တန်းကို ပဒေသာမိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ 𝐑𝐨𝐲𝐚𝐥 𝐓𝐢𝐠𝐞𝐫 𝐅𝐨𝐫𝐜𝐞 ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပုလဲမြို့မရဲစခန်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီလက်အောက်ခံ ၇ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့မရဲစခန်းကို အောက်တိုဘာ ၂၄ ရက် မနက် ၅ နာရီခွဲအချိန်ခန့်က လက်နက်ကြီး ၅ ဆိုင်းနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၁ ကျားသစ်နက်တပ်မတော်ထံက သိရပါတယ်။
Read More

မန္တလေးမြို့မှာ ငလျင်ဒဏ်ခံထားရသည့် အဆောက်အအုံဖြိုချရာ လမ်းမပေါ် ပြိုကျမှုဖြစ်ပွား (ရုပ်/သံ)

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ ငလျင်ဒဏ်ခံထားရတဲ့ အဆောက်အအုံဖြိုချရာ လမ်းမ ပေါ်ပြိုကျခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

တပ်မရေနံမှော်ဘက် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ စဉ့်ကူးရဲစခန်းကနေ တပ်မရေနံမှော်ဘက်သို့  စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ယောက်သေခဲ့တယ်လို့  Bagan Bo Cho PDF ထံက သိရပါတယ်။
Read More

BPLA မှ အညာဒေသတိုက်ပွဲတွေအတွက် တပ်သားသစ်များ ခေါ်ယူ (ရုပ်/သံ)

''ကိုယ့်ဘက်က စစ်ဦးသာနေချိန်မှာ ရန်သူကို အနားမပေးပါနဲ့။ စစ်အုပ်စုကို တကယ်အမြစ်ဖြတ်မယ်ဆိုရင် ကိုယ်ကိုယ်တိုင်လည်း မနားပါနဲ့''လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) မှ အသိပေးထုတ်ပြန်ထားပါတယ်။