ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ခရိုင် ၄ လုံးမှာ တစ်ရက်ကို ၈ နာရီ မီးဖြတ်မယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

ခရိုင် ၄ ခုလုံးကို ဒီနေ့နိုဝင်ဘာလ ၅ ရက်နေ့ကစလို့ တစ်ရက် ၈ နာရီ မီးဖြတ်မှာဖြစ်ပြီး အရင်ကတော့ ခရိုင် ၃ ခုကိုသာ မီးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကျနော်တို့မှာ အဲ့လိုမီးဖြတ်ခံနေရတာ ကြာပါပြီ၊ အခုမှ အနောက်ပိုင်းက ပါလာတာပါ။ အရင်ကတည်းက တစ်နေ့ကို ၄နာရီလာ ၄ နာရီပျက်ပဲ၊  အနောက်ပိုင်းခရိုင်က အခုညဘက်တွေပါ ပျက်မယ့်သဘောတော့ ဖြစ်နေတယ်လို့ ရန်ကုန်မြို့ခံတစ်ယောက်က ပြောပါတယ်။

အခုလို မီးပျက်မှုတွေအပြင် စစ်ကောင်စီက မီတာခကိုလည်း အရင်ကထက် တိုးမြှင့်ကောက်ခံနေတာကြောင့် အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေ စီးပွားရေးထိခိုက်ကာ ကုန်ဈေးနှုန်းတွေလည်း အဆမတန် မြင့်တက်လာမှုကို ပြည်သူတွေ ရင်ဆိုင်နေရပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံးက စက်မှုဇုန်နေရာတွေကို တစ်ရက်မှာ ၄ နာရီသာ မီးပေးနိုင်တာကြောင့် စက်ရုံ၊ အလုပ်ရုံတချို့ ရပ်နားထားရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လမှာ မြင်းခြံက V-Power သဘာဝဓာတ်အားသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံနဲ့ Sembcorp သဘာဝဓာတ်အားသုံး လျှပ်စစ်ထုတ်လုပ်ရေး စက်ရုံ ၂ ရုံ ရက်အကန့်အသတ်မရှိ ရပ်နားလိုက်ပြီးနောက်ပိုင်းမှာ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ သုံးစွဲဝန်အားထက် လျှော့ချပြီး မီးပေးမှာဖြစ်ကြောင်း၊ စက်မှုဇုန်တွေမှာလည်း ညပိုင်းမှာ လျှပ်စစ်ဓာတ်အားကို လျှော့ချပေးမှာဖြစ်ကြောင်း စစ်ကောင်စီလက်‌အောက်ခံ လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းကနေ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးမှာ စစ်သားသစ် စုဆောင်းခံရသူ စစ်ကောင်စီတပ်သားသစ်တစ်ဦး စလင်း ပကဖ ထံ ခဲယမ်းများနှင့် အလင်းဝင်

မကွေးတိုင်း၊ စလင်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ကနေ စစ်မှုထမ်းဆင်း စစ်ကောင်စီတပ်သားသစ် ၁ ယောက် ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်း (စလင်း ပကဖ)က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၏ မီးလောင်ဗုံးများကြောင့် လင်မယားနှစ်ယောက် ရှေ့ဆင့်နောက်ဆင့် သေဆုံး၊ ဒဏ်ရာပြင်းထန်တဲ့ ၁၀ တန်းကျောင်းသားလည်း ထပ်မံသေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ကန်ကျေးရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုမှာ အရပ်သား ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာ အပြင်းအထန်နဲ့ ဆေးကုသနေရသူ ၃ ယောက်ရှိကြောင်း ယောအလင်းတန်းအဖွဲ့ဝင် ကိုဘကောင်းက မောင်းကို​ ပြောပါတယ်။
Read More

မင်းအောင်လှိုင်၏လူယုံ ကြံ့ခိုင်ရေးဥက္ကဋ္ဌ ဦးခင်ရီနှင့် စစ်အုပ်စု အလိုကျ ရုပ်ရှင်လောကသားများ တွေ့ဆုံ

အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ လူယုံလို့ အများက သိထားတဲ့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီဟာ ရန်ကုန်တိုင်းပါတီ ဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးနဲ့အတူ ဇူလိုင်လ ၃၁ ရက်မှာ စစ်ကောင်စီအားပေး ရုပ်ရှင်လောကသားတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

သထုံခရိုင်အတွင်း စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၃ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်တွေမှာ တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၃ ယောက် သေပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ပါတယ်။
Read More

လှိုင်းဘွဲ့မြို့နယ်ရှိ စစ်ကောင်စီတပ်၏ ပူလူတူစခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်၊ စစ်သားများ ထိုင်းနိုင်ငံဘက် ထွက်ပြေး

ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံမြို့နယ်ခွဲက စစ်ကောင်စီတပ်ရဲ့ ပူလူတူစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ တော်လှန်ရေး ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ရှေ့တန်းရောက် စစ်ကူတွေ ထွက်ပြေးလို့ နောက်တန်းကျန် အရာရှိတချို့နဲ့ မိသားစုဝင်တွေကို စစ်ကောင်စီ စစ်ဆေးနေ

အာရက္ခတပ်တော် AA ရဲ့ ထိုးစစ်တွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် အမ်းမြို့တိုက်ပွဲအတွက် စစ်ကောင်စီက စစ်ကူလွှတ်လိုက်တဲ့ ပုသိမ်အခြေစိုက် ခလရ ၁၁ နဲ့ ဓနုဖြူအခြေစိုက် ခမရ ၁၀၈ က အရာရှိစစ်သည်တချို့ ရှေ့တန်းစစ်မျက်နှာကနေ ထွက်ပြေးလို့ နောက်တန်းမှာကျန်ခဲ့တဲ့ အရာရှိတချို့နဲ့ မိသားစုဝင်တွေကို ခေါ်ယူစစ်ဆေးနေတယ်လိ့ သိရပါတယ်။