မြန်မာအလုပ်သမား ၁၄၀၀ ကျော်ကို ဂျပန်နိုင်ငံက ခေါ်ယူသွားဖို့ရှိတယ်လို့ တိုကျိုမြို့မှာရှိတဲ့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။

ဂျပန် ကုမ္ပဏီ ၄၃၁ ခုက မြန်မာအလုပ်သမား ၁၄၀၀ ဝန်းကျင်အတွက် အလုပ်အကိုင်တွေ ကမ်းလှမ်း ခေါ်ယူလာခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်အာဏာသိိမ်းပြီးနောက်ပိုင်း ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံက ထောင်နဲ့ချီတဲ့ လုပ်သားတွေကို ဒုတိယအကြိမ်မြောက် ခေါ်ယူတာလည်း ဖြစ်ပါတယ်။

အလုပ်သမား ၁၄၀၀ ဝန်းကျင်ထဲမှာ အမျိုးသမီးလုပ်သား ၁,၀၀၀ ကျော်နဲ့ အမျိုးသား ၃၀၀ ကျော် ခေါ်ယူသွားမယ်လို့ ဖော်ပြထားပါတယ်။

အဓိကအားဖြင့် သက်ကြီးစောင့်ရှောက်ရေး၊ စားသောက်ကုန်ထုတ်လုပ်ရေး နဲ့ ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းတွေအတွက် ရည်ရွယ်ခေါ်ယူတာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အသံတိတ်သပိတ်တွင် ပြည်မြို့ခံများ ဓာတ်ပုံကမ်းပိန်းဖြင့် ပူးပေါင်းပါဝင် (ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ ပြည်မြို့နယ်မှာ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း အသံတိတ်သပိတ်နဲ့အတူ မြို့ခံတွေက ဓာတ်ပုံကမ်ပိန်းအနေနဲ့လည်း ပါဝင်ခဲ့ကြပါတယ်။ ဒီဇင်ဘာ ၁၀ ရက် ဒီနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အသံတိတ်သပိတ် လုပ်ဆောင်နေကြတာဖြစ်ပြီး ဒီလိုသပိတ်မှာ ပူးပေါင်းပါဝင်တဲ့ ဈေးဆိုင်တွေကို ထိရောက်စွာ အရေးယူမယ့်အကြောင်း မြို့အာဏာပိုင်တွေက စာတွေပို့ထားတယ်လို့ သိရပါတယ်။
Read More

မွန်ပြည်လွတ်မြောက်ရေးတပ်တော် အပတ်စဥ် (၆) အခြေခံစစ် ပညာသင်တန်းဆင်းပွဲ

မွန်ပြည်လွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် (၆) အခြေခံ စစ်ပညာသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၅ ရက် မနေ့က KNU တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ Mon Liberation Army - MLA က ထုတ်ပြန်ထားပါတယ်။
Read More

ပေါက်နဲ့ မြိုင်အစပ်က ရွာသစ်စုရွာကို စစ်တပ်က ပေါင် ၅၀၀ ဗုံးကြဲချလို့ အရပ်သား၂ ယောက်ထိပြီး ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေ ပျက်စီး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်မှာရှိတဲ့ ရွာသစ်စုကျေးရွာကို အကြမ်းဖက်စစ်တပ်က ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား၂ ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
Read More

မြန်မာ့အရေးမှာ ဒေသတွင်းနိုင်ငံတွေ ပိုမိုပါဝင်လာမှု ရှိနေကြောင်း NUG ယာယီသမ္မတ သတိပေး

မြန်မာ့အရေးမှာ  ဒေသတွင်းနိုင်ငံတွေရဲ့ ဝင်ရောက်ပါဝင်လာမှုဟာ ပိုပြီး ထဲထဲဝင်ဝင်ဖြစ်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

နွားထိုးကြီးမြို့မရဲစခန်းက ရဲတပ်ကြပ်တစ်ဦး အလင်းဝင်လာ

မန္တလေးတိုင်းရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ နွားထိုးကြီးမြို့မရဲစခန်းက ရဲတပ်ကြပ်တစ်ယောက် အလင်းဝင်ရောက်လာတယ်လို့ မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းဆီက သိရပါတယ်။
Read More

ကရင်နီပြည်နယ် ရှေ့တန်းတစ်နေရာတွင် ကလလတ မှ တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံး…

ကရင်နီပြည်နယ် ရှေ့တန်းတစ်နေရာမှာ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) က တော်လှန်ရဲဘော် ၂ ယောက်ဟာ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တယ်လို့ ကလလတ က မနေ့က ထုတ်ပြန်ပါတယ်။