မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သံလွင်တံတားက စစ်ဆေးရေးဂိတ်မှာ လက်နက်ခဲယမ်းသယ်ဆောင်လာသူ ၁ ယောက်ကို ပစ္စည်းတွေနဲ့အတူ စစ်ကောင်စီတပ် ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
နိုဝင်ဘာလ ၁ ရက် မနေ့က နေ့လည်ပိုင်းမှာ မော်လမြိုင်ကနေ သံလွင်တံတားကတဆင့် ထွက်ခွာလာတဲ့ အိမ်စီးကားကို အကြမ်းဖက်စစ်ကောင်စီတပ် စစ်ဆေးရာမှာ လက်နက်ခဲယမ်းတွေ ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“လာတာက ကား (Pajero) ကားနဲ့လာတာ။ စကစဘက်က သတင်းကြိုရထားတော့ အဲ့မှာ သူ့ကို အဖွဲ့စုံက ဝင်ဖမ်းတာပဲ။ ပုံမှန်ဆို လမ်းကြေးကောက်ပြီး သွားလာနေတဲ့ တံတားပဲ သတင်းကြိုရလို့ မိသွားတာပဲ” လို့ မော်လမြိုင်မြို့ခံ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေက အဲ့ဒီကားကို စစ်ဆေးချိန်မှာ AK – 47 (၇) လက်၊ MA-1 (၁) လက်၊ AK ကျည်ဘောက် (၇) ခု၊ MA-1 ဖိုက်ဘာ ကျည်ဘောက် (၃) ခု၊ ၅.၅၆ ကျည် (၈၈၀) တောင့်၊ ပွိုင့် – ၃၈ ကျည် (၂၄) တောင့်၊ ပွိုင့် ၉ – မမ ကျည် (၇၀) တောင့် တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ယာဉ်မောင်းမှာ အသက် (၃၅) နှစ်အရွယ်ဖြစ်ပြီး အမည်ကတော့ သူရဇော် (ခ) အောင်ကြီးဖြစ်ကာ ဧရာဝတီတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့တုန်းကလည်း ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည် X-Ray စစ်ဆေးရေးဂိတ်မှာ ခရီးသည်တင်ယာဥ်နဲ့ လိုက်ပါလာတဲ့ အမျိုးသား ၁ ယောက်ဆီကနေ ပစ္စတိုသေနတ် ၁၆ လက်နဲ့ဆက်စပ်ပစ္စည်းတွေကို စစ်ကောင်စီက ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
ဓာတ်ပုံ – စစ်ကောင်စီ‌လော်ဘီချန်နယ်
0 Shares:
You May Also Like
Read More

အင်းစိန် မြို့သစ် (ဂ) ရပ်ကွက်ရုံးကို မြို့ပြပြောက်ကျား၂ ဖွဲ့ လက်ပစ်ဗုံးများ ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲရောင်းစားနေတဲ့ အကြမ်းဖက်စစ်ကော်မရှင် လက်အောက်ခံ မြို့သစ်(ဂ)ရပ်ကွက်ရုံးကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army အဖွဲ့က မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျိုက်မရောတွင် KNU/KNLA (PC) အမှတ်တံဆိပ်ပါ ယူနီဖောင်းများနှင့် လက်နက်ပစ္စည်းများကို စစ်တပ် ဖမ်းမိဟု ဆို

မွန်ပြည်နယ်၊ ကျိုင်မရောမြို့နယ်က နန္ဒာလမ်းဆုံ စစ်ဆေးရေးဂိတ်မှာ KNU/KNLA (PC) အမှတ်တံဆိပ်ပါ ယူနီဖောင်းတွေအပြင် မူးယစ်ဆေးဝါးနဲ့ စစ်လက်နက်ပစ္စည်းတွေကို ဖမ်းဆီးရမိထားတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေက သတင်းဖော်ပြလာပါတယ်။
Read More

လောင်းလုံးမြို့ပေါ်က ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စရဖရုံးတို့ကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ထက်မနည်း သေပြီး အများအပြား ဒဏ်ရာရဟု ဆို

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်တွေရှိရာ တပ်စခန်း ၃ နေရာကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ 
Read More

တစ်နိုင်ငံလုံးလျှပ်စစ်မီး အပြည့်အ၀မပေးနိုင်တဲ့ နိုင်ငံမှာ လျှပ်စစ်ရထားပြေးဆွဲဖို့က ဦးစားပေးလို့ မင်းအောင်လှိုင်ဆိုပြန်

တစ်နိုင်ငံလုံးကို လျှပ်စစ်မီးအပြည့်အ၀ မပေးနိုင်သော်လည်း လျှပ်စစ်ရထားတွေ ပြေးဆွဲဖို့ ကအရေးကြီးဆုံးဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောပါတယ်။
Read More

နတ်တလင်းတွင် အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးသည့် ရာအိမ်မှူး ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေတဲ့ ရာအိမ်မှူး ၁ ယောက်ကို နေအိမ်အထိ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် အမှတ်-၁ တပ်ရင်း (၃၈၀၁) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကလေးတောင်ပိုင်းတွင် ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်၊ စစ်သား ၂၇ ဦး သေဆုံးပြီး လက်နက် ၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်သား ၂၇ ယောက် သေဆုံးပြီး လက်နက် ၈ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Chinland Information Center က သတင်းဖော်ပြထားပါတယ်။