ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၂၂၂) တပ်ရင်းက ရဲဘော်တွေ ပြည်သူထုအပေါ် ကျင့်ဝတ်ဖောက်ဖျက်ရင် လာရောက်တိုင်ကြားနိုင်ကြောင်းကို ထုတ်ပြန်ကြေညာပါတယ်။

အမှတ် (၁၂၂၂) တပ်ရင်းမှာ နေ့စဉ်နဲ့ အမျှ ရဲဘော်အင်အားတိုးလာလျက်ရှိနေတဲ့အတွက် COC သက်ရောက်မှုနဲ့ စည်းကမ်းပိုင်းမှာ အားနည်းချက်တွေ ရှိလာမှာကို စိုးရိမ်တာကြောင့် အခုလို ထုတ်ပြန်ရတာဖြစ်တယ်လို ဆိုထားပါတယ်။

“ပြည်သူများအနေဖြင့် အမှတ် (၁၂၂၂) တပ်ရင်းက ရဲဘော်တွေ လူထုအပေါ်တွင် ကိုယ်နှုတ်အမူအရာဖြင့်ဖြစ်စေ၊ ရိုင်းပြစွာစော်ကားမှုများရှိလာပါက တပ်ရင်း Page နှင့် တပ်ရင်းခေါင်းဆောင်တွေထံ လာရောက်တိုင်ကြားနိုင်ပါသည်။” လို ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အလားတူ ပြည်သူတွေသာမကပဲ မဟာမိတ်တပ်တွေအပေါ်မှာလည်း ရိုင်းပြစွာ ကျူးလွန်ခဲ့ရင် လာရောက်တိုင်းကြားနိုင်တယ်လို ဆိုထားပါတယ်။

ထုတ်ပြန်ချက် အပြည့်အစုံ

ဒါ့အပြင် တပ်ရင်းက ရဲဘော်တွေ ဆိုတဲ့အပိုင်းမှာ ခေါင်းဆောင်ကစပြီး ချွင်းချက်မရှိ အကျုံးဝင် တိုင်ကြားနိုင်တယ်လို သိရပါတယ်။

ဒါကြောင့် အမှတ် (၁၂၂၂) က ရဲဘော်တွေ ကျင့်ဝတ်ဖောက်ဖျက်တာကို တွေ့ရှိရင် ပြစ်မှု၊ ပြစ်ဒဏ် အပေါ်မူတည်ပြီး ထိရောက်စွာ အရေးယူမယ်လို ကတိပြုကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၂၂၂) တပ်ရင်းကို ဝမ်းတူး ထရိုင် (1-2-Tri)လို အတိုကောက်ခေါ်ကာ မိုးကုပ်ဗျူဟာတပ်ရင်းမှာ ပါဝင်ပြီး ရှမ်းမန်းစစ်ဆင်ရေး၊ မိုးကုတ်မြိုသိမ်းတိုက်ပွဲတွေမှာလည်း EROs / PDF/ တော်လှန်ရေးမဟာမိတ်တိုနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ တပ်ရင်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

နောင်ချိုမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ရွာငံ-အောင်ပန်း လမ်းပိုင်းမှာ စစ်ကောင်စီ ဗိုလ်ကြီး ၁ ဦးကို အသေပစ်ခတ်ဖမ်းမိ၊ ပစ္စတို ၁ လက်နှင့် စာရွက်စာတမ်းများ သိမ်းဆည်းရရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ရွာငံ-အောင်ပန်း မိုင်းလမ်းမှာ ဓနုပြည်နယ်အမျိုးသားကာကွယ်‌ရေးတပ်တော် (DSNDA) က စစ်ဆေးရေးလုပ်ဆောင်နေချိန် စစ်ကောင်စီ ဗိုလ်ကြီး ၁ ယောက်ကို အသေပစ်ခတ်ဖမ်းဆီးရမိပြီး ပစ္စတို ၁ လက်နဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ DSNDA က ထုတ်ပြန်ပါတယ်။
Read More

မာနယ်ပလောစစ်ဆင်ရေးအတွင်း ပါဝင်ခဲ့သည့် KNDO၊ ABSDF ရဲဘော်များနှင့် Federal Wings ရဲဘော်များကို KNLA မှ ဂုဏ်ပြုလွှာချီးမြှင့်

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ဗဟိုဌာနချုပ်မှာ ဇူလိုင်လ (၁၆) ရက်က ပြုလုပ်ခဲ့တဲ့ (၇၈) နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ - KNDO နေ့အခမ်းအနားမှာ မာနယ်ပလောဒေသ ပြန်လည်ရရှိရေး ပါဝင်တိုက်ပွဲဝင်ခဲ့သူတွေကို ဂုဏ်ပြုလွှာတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူမှ ပခန်းသို့ စစ်ကူသွားသည့် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်ကြပ်ကြီးတွေအပါ ၁၄ ဦး ထက်မနည်းသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခုက္ကူမြို့ကနေ ပခန်းမြို့ကို စစ်ကူသွားတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အနည်းဆုံး ၁၄ ယောက် သေဆုံးသွားတယ်လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက မောင်းကို ပြောပါတယ်။ 
Read More

ဘုရားသုံးဆူတွင် နယ်မြေရှင်းလင်းနေသည့် PDF များကို စစ်တပ်နှင့် ပျူစောထီးများ ကြားဖြတ်တိုက်ခိုက်၊ တိုက်ပွဲအတွင်း စစ်တပ်က ၂ ဦးသေပြီး တော်လှန်ရေးရဲဘော် ၁ ဦးနှင့် အရပ်သား ၂ ဦး သေဆုံး

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ စိန်ဘုံကျေးရွာအနီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့ တော်လှန်ရေးတပ်တွေကို အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း စစ်ကြောင်း ၃ (Kanbauk Defense Force) က ထုတ်ပြန်ထားပါတယ်။
Read More

ကမ္မဒေသရှိ စစ်ဘေးရှောင်ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ် ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက်၊ စစ်ရှောင်၂ ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာပြင်းထန်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မဒေသမှာ လေကြောင်းတိုက်ခိုက်မှုတွေ ရက်ဆက်လုပ်ဆောင်နေတဲ့ စစ်ကောင်စီက စစ်ဘေးရှောင်တွေရှိနေတဲ့ ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ရာ စစ်ဘေး​ရှောင် ၂ ယောက် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကမ္မဒေသ တော်လှန်ရေးအင်အားစုက ထုတ်ပြန်ပါတယ်။